သူဇာပျို့
သူဇာပျို့ ၁၁၂။ လှမ်းယူပြီးလျှင် ၊ လည်မှာဆင်၍၊ မင်းရှင်သူဇာ၊ လျှောက်သည်မှာကား၊ ရတနာပလ္လင်၊ မြတ်ညာတင်သည်၊ လသွင်ရောင်ဖြိုး၊ ထွတ်ထိပ်မိုး။ ။ ကြောက်စိုးရွံ့ရှာ၊ ဘေးကိုညှာ၍၊ ပစ်ခွာခဲ့ရ၊ ကျွန်တော်မသည်၊ သည်မှထိုရော်၊ သွားလေသော်မူ၊ ကျွန်တော်သလေး၊ ကွေးလေးဆိတ်စာ၊ ရတနာကို၊ ထွတ်ချာမြတ်ဖျား၊ ထံတော်ပါးမှာ၊ ယူထားမကွာ၊ ကျွေးမွေးပါမှ၊ ဖျားနာကုမ၊ ဆေးကိစ္စနှင့်၊ ထိန်းယနို့ကျွေး၊ မဝေးစောင့်နေ၊ ဖျော်ဖြေသံချို၊ မငိုစေရ၊ လုံ့လမြဲစွာ၊ ကျိုးနွံပါမည်၊ သို့ဖြစ်သည်ကို၊ ရည်၍မကြာ၊ ခုပင်သာလျှင်၊ အချာထိပ်နင်း၊ ထံတော်ရင်းသို့၊ ယူသွင်းယုယ၊ မွေးပါမှသာ၊ ပျံကြွသွားရာ၊ လျင်နိုင်ပါမည်၊ ဖြစ်ပါသည်ဟု၊ ငိုမြည်လျက်သာ၊ လျှောက်ဆိုရှာသော်၊ အချာနန်းမ၊ ထွတ်ဘုန်းပလည်း၊ ဖျဖျခန့်ထား၊ လျင်လျားမနေ၊ ဆောင်ယူစေ၍၊ အုပ်ထွေဖြီးလှောက်၊ ယူခဲ့ရောက်သော်၊ လျှံတောက် ဆင်းဝါ၊ မင်းသူဇာကား၊ ရတနာစု၊ မင်းယဉ်နုကို၊ မျိုလှုဝိုက်ဘက်၊ ခေါ်စိုက်စက်နှင့်၊ စုံမက်ပြင်းစွာ၊ ပါးဘယ်ညာကို၊ ထပ်ကာယုယ၊ နမ်းပြီးမှလျှင်၊ နန်းမစိုးချာ၊ မိမြတ်စွာအား၊ ခြေမှာကိုင်းညွတ်၊ ဆံနှင့်ပွတ်၍၊ ဘုန်းထွတ်လူလူ၊ နန်းသူအားလုံး၊ ရှိကုံးဆင်ရွက်၊ စိုက်စက်ခေါ်ကာ၊ များစွာစီလျဉ်၊ ငိုကြွေးစဉ်ဝ...