သူဇာပျို့

သူဇာပျို့ ၁၂၆။ သို့လျှင်ဇေယျ ၊ ပြည်ပူရကို၊ စိုးရထွတ်ထား၊ မင်း − စစ်သားနှင့်၊ ထိမ်းမြားရာတွင်၊ သားလည်းမြင်၍၊ ကြာတင်မှသာ၊ ယုတ်မာပုဏ္ဏား၊ တရားမသင့်၊ ဆင်သဖြင့်လျှင်၊ ရာမင်းထွတ်ထား၊ ဘ − မင်းဖျားက၊ တရားစီရင်၊ မယ့်သခင်ကို၊ သာရွှင်ဝမ်းသာ၊ အပ်လှည့်ရာတွင်၊ ထိုမှာပုဏ္ဏား၊ ငြိုထားဘိ၍၊ အိမ်ရှေ့ဘုရား၊ စစ်သွားသည်နောက်၊ ရွှေမှောက်အိပ်မက်၊ ပွားတက်စည်ကြောင်း၊ ကောင်းပေတောင်းကို၊ မကောင်းဆို၍၊ လူကိုမချစ်၊ ယဇ်ပူဇော်ရာ၊ ပါစေတော့မည်၊ ယူလှာသည်ကြောင့်၊ လွှဲဖည်ရှောင်ခွာ၊ ရှစ်သောင်းချာကို၊ ပန်ထွာခဲ့၍၊ အိမ်ရှေ့သခင်၊ ထိပ်တင်ရှိရာ၊ လိုက်ချေပါသည်၊ မျက်စိလည်၍၊ နေခြည်ပျောက်စ၊ မနေ့ကပင်၊ ကြမ္မအလျောက်၊ သည်သို့ရောက်၏၊ မိုးသောက်လင်းဝါ၊ ယခုမှာကား၊ ထိပ်ချာနေမှန်း၊ စစ်ရခန်းကို၊ ပြညွှန်းမည့်သူ၊ ဘယ်သူဘယ်ဝါ၊ မရှိပါခဲ့၊ ဟေမာဂိရိ၊ တောင်ဇာတိသို့၊ ပျင်းရိနိုင်မျှ၊ သွားရတော့မည်၊ မိပြည် − ဘရွာ၊ လွယ်ကာမငြို၊ ရောက်မည်ကိုဟု၊ ကြည်ညိုဝမ်းက၊ ဆိတ်စာမျှပင်၊ အားရပါဘူး၊ စူးစူးဖြောင့်သား၊ သည်စကားသည်၊ မမှားဧကန်၊ မှန်ပါတော့သည်၊ သွေဖည် မလွဲ၊ မှန်ဘဲ ကျွန်မ၊ ဆိုချေကမူ၊ ခဏမနေ၊ ခုပင်သေ၍၊ တွက်ရေ မသာ၊ ကမ္ဘာဘာတိ၊ အဝီစိမှာ၊ မချိပြင်းပြ၊ ခံရစေသား၊ ပြက်...