သူဇာပျို့
၁၂၆။ သို့လျှင်ဇေယျ၊ ပြည်ပူရကို၊ စိုးရထွတ်ထား၊ မင်း −
စစ်သားနှင့်၊ ထိမ်းမြားရာတွင်၊ သားလည်းမြင်၍၊ ကြာတင်မှသာ၊ ယုတ်မာပုဏ္ဏား၊
တရားမသင့်၊ ဆင်သဖြင့်လျှင်၊ ရာမင်းထွတ်ထား၊ ဘ − မင်းဖျားက၊ တရားစီရင်၊ မယ့်သခင်ကို၊
သာရွှင်ဝမ်းသာ၊ အပ်လှည့်ရာတွင်၊ ထိုမှာပုဏ္ဏား၊ ငြိုထားဘိ၍၊ အိမ်ရှေ့ဘုရား၊
စစ်သွားသည်နောက်၊ ရွှေမှောက်အိပ်မက်၊ ပွားတက်စည်ကြောင်း၊ ကောင်းပေတောင်းကို၊
မကောင်းဆို၍၊ လူကိုမချစ်၊ ယဇ်ပူဇော်ရာ၊ ပါစေတော့မည်၊ ယူလှာသည်ကြောင့်၊
လွှဲဖည်ရှောင်ခွာ၊ ရှစ်သောင်းချာကို၊ ပန်ထွာခဲ့၍၊ အိမ်ရှေ့သခင်၊ ထိပ်တင်ရှိရာ၊
လိုက်ချေပါသည်၊ မျက်စိလည်၍၊ နေခြည်ပျောက်စ၊ မနေ့ကပင်၊ ကြမ္မအလျောက်၊
သည်သို့ရောက်၏၊ မိုးသောက်လင်းဝါ၊ ယခုမှာကား၊ ထိပ်ချာနေမှန်း၊ စစ်ရခန်းကို၊
ပြညွှန်းမည့်သူ၊ ဘယ်သူဘယ်ဝါ၊ မရှိပါခဲ့၊ ဟေမာဂိရိ၊ တောင်ဇာတိသို့၊ ပျင်းရိနိုင်မျှ၊
သွားရတော့မည်၊ မိပြည် − ဘရွာ၊ လွယ်ကာမငြို၊ ရောက်မည်ကိုဟု၊ ကြည်ညိုဝမ်းက၊
ဆိတ်စာမျှပင်၊ အားရပါဘူး၊ စူးစူးဖြောင့်သား၊ သည်စကားသည်၊ မမှားဧကန်၊
မှန်ပါတော့သည်၊ သွေဖည် မလွဲ၊ မှန်ဘဲ ကျွန်မ၊ ဆိုချေကမူ၊ ခဏမနေ၊ ခုပင်သေ၍၊ တွက်ရေ
မသာ၊ ကမ္ဘာဘာတိ၊ အဝီစိမှာ၊ မချိပြင်းပြ၊ ခံရစေသား၊ ပြက်စကားကို။ ။ လားလားကျွန်မ − မဆိုတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment