သူဇာပျို့
၁၂၅။ သုဒ္ဓါစာရ၊ တွင်မည်ရသည်၊ သီလချမ်းမြေ့၊ ရှင်ရသေ့လည်း၊ ဆီး၍လွယ်ကူ၊ မေးတော်မူ၏၊ မူရူဆင်းဝါ၊ ထူးမြတ်စွာသည်၊ မျက်နှာနွမ်းလျ၊ တကာမ။ ။ တောင့်တပူဆာ၊ ဘယ်ရေးရာကြောင့်၊ များစွာတန်တန်၊ ဘေးရန်ထူထပ်၊ သည်တောရပ်သို့၊ မအပ်မရာ၊ ရောက်လှာသနည်း၊ တင့်ရည်းရောင်လှ၊ တကာမသည်၊ ဒေဝထိပ်နင်း၊ ဘယ်နတ်မင်း၏၊ ရင်တွင်းသည်းချာ၊ ဖြစ်ရှာသနည်း၊ သိမ်းဆည်းခြားမိုး၊ ခြောက်ဘုံစိုးသည်၊ တန်းခိုးထန်ပြင်း၊ မာရ်နတ်မင်း၏၊ ရင်တွင်းသည်းကြား၊ ပေတို့လားဟု၊ ကြောင်းလျားသိလို၊ မေးမြူဆိုသော်၊ ငယ်ပျိုဆင်းဝါ၊ လျှောက်သည်မှာကား၊ ကျင့်အာစာရ၊ သိမ်မွေ့လှသည်၊ သီလသန့်စင်၊ ခင်ကြီးရှင်။ ။ ကြောင်းအင်မူလ၊ ကျွန်တော်မသည်၊ တေဇထန်ပြင်း၊ မာရ်နတ်မင်းဩ၊ ရင်တွင်းသမီး၊ အနီးမျိုးဆွေ၊ မဟုတ်ပေဘူး၊ ရွှေမြေဇာတိ၊ ပြောင်ထွန်းညိသည်၊ ဂိရိဟေမာ၊ တောင်ထိပ်ချာဝယ်၊ အာဏာမီးရှိန်၊ ညီးညီးထိန်သည်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်၏၊ ခုနှစ်ယောက်စင်၊ သမီးတွင်နှိုက်၊ နှောင်းမြင်ငယ်ပျို၊ သူဇာဆိုသည်၊ မယ့်ကိုဖက်က၊ သိပါကြ၏၊ သာလှထူးထွေ၊ ထိုရေကန်တွင်၊ ပျော်ကြရွှင်သော်၊ တောခွင်လှည့်လည်၊ မူဆိုးသည်လျှင်၊ ဘုန်းစည်မနီး၊ ခင်ကြီးစကား၊ ကြားလျှင်လျင်ပြင်း၊ နတ်ကြော့ကွင်းနှင့်၊ ကြော့လျှင်းမိထေ၊ လူ့မြေရှေ့းရှု၊ ဆောင်ယူလေသည်။ ။ ဟိုလူကျွန်မ − ပင်ကိုတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment