ဘဝသင်ခန်းစာ(၆၃)
ဘဝသင်ခန်းစာ(၆၃) တောအုပ်တစ်ခုတွင် နိုက်တင်ဂေးငှက် နှင့် ဥသြငှက်တို့သည် ဘယ်သူက သီချင်းအဆိုကောင်းသလဲဟု အများမြှောက်ပေးသဖြင့် သီချင်းဆိုပြိုင်ရန် ဖြစ်လာပါသည်။ သူတို့တေးဆိုပုံကို အကဲဖြတ်ရမည့်သူမှာ မြည်းတစ်ကောင် ဖြစ်သည် ။ နိုက်တင်ဂေးငှက်က တေးသီချင်းကို စဆိုပါသည် ။ သာယာညွှတ်နူးဖွယ်ကောင်းသည့် သူ့အသံလေးသည် တစ်တောလုံးကို ပဲ့တင်ထပ်သွားသဖြင့် အကဲဖြတ်ရမည့် မြည်းသည်ပင်လျှင် နားရွက်ရှည်ကြီးတွေကို လှုတ်ခတ်မိသည်အထိ ဖြစ်သွားသည် ။