ကျွန်တော်နှင့် ဘဲလ်သံ


ကျွန်တော်နှင့် ဘဲလ်သံ

              ဦးနှောက်ကို ညှစ်ထုတ်လိုက်သည့်အခါအက္ခရာစာသားတို့ထွက်ကျလာ သည်။ နှလုံးသွေး ကိုဖောက်ထုတ်ပြီး ထိုစာသားတို့နှင့် သမအောင် မွှေလိုက်သည့်အခါမှာတော့ ၀တ္ထုတိုတချို့နှင့် အက်ဆေး တချို့ ရလာသည်။ ရင်ဘတ်ချင်းတူသည့် အယ်ဒီတာမင်းနှင့် တွေ့သည့်အခါ မဂ္ဂဇင်းသံဇကာထက်တွင် ၀တ္ထုတိုနှင့် အက်ဆေးတချို့
တင်ကျန်ရစ်သည်။ နှလုံးသားချင်းတိုက်ဆိုင်သွားသည့် စာဖတ်သူနှင့် ကြုံရသောအခါ
'' ဆရာ့ ဘဲလ်သံ မိုက်တယ်''
နှလုံးသားဂျမ့်ဖြစ်သွားသည့် ပရိတ်သတ်နှင့် ဆုံရသောအခါ
''ထိုသူ့ ဆဲသံ ရိုက်မယ်''
ဘာပဲဖြစ်ဖြစ် အသိအမှတ်ပြုသည့်အတွက် ကျနော် ပျော်ပါသည်။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း