ဘဝသင်ခန်းစာ(၆၃)

ဘဝသင်ခန်းစာ(၆၃)

                  တောအုပ်တစ်ခုတွင် နိုက်တင်ဂေးငှက် နှင့် ဥသြငှက်တို့သည် ဘယ်သူက သီချင်းအဆိုကောင်းသလဲဟု အများမြှောက်ပေးသဖြင့် သီချင်းဆိုပြိုင်ရန် ဖြစ်လာပါသည်။
သူတို့တေးဆိုပုံကို အကဲဖြတ်ရမည့်သူမှာ မြည်းတစ်ကောင် ဖြစ်သည် ။
နိုက်တင်ဂေးငှက်က တေးသီချင်းကို စဆိုပါသည် ။ သာယာညွှတ်နူးဖွယ်ကောင်းသည့် သူ့အသံလေးသည် တစ်တောလုံးကို ပဲ့တင်ထပ်သွားသဖြင့် အကဲဖြတ်ရမည့် မြည်းသည်ပင်လျှင် နားရွက်ရှည်ကြီးတွေကို လှုတ်ခတ်မိသည်အထိ ဖြစ်သွားသည် ။
မြည်းမျက်နှာပေါ်တွင် နက်နဲရှုပ်ထွေးသောအမူအရာနှင့် နဖူးရှုံ့ကာအာရုံစိုက်နားထောင်နေသည့်ဟန်က အထင်းသားပေါ်လာသည် ။
နိုက်တင်ဂေးငှက်လေး သီဆိုပြီးနောက် ဥသြငှက်ကလေး၏ အလှည့်ဖြစ်သည်။
" ဥသြ ...ဥသြ .."
ရိုးရိုးလေး သီဆိုလာသည့် ဥသြငှက်သံလေးကို ကြားလိုက်ရသည့်ခဏ မြည်းမျက်နှာပေါ်တွင် အလေးအနက်ထားသော အမူအရာများပြလာသည်ကိုတွေ.ရသည် ။ ရိုးလွယ်လွန်းသဖြင့် မြည်း အဖို.ကောင်းစွာ နားလည်ပြီး ချီးကျူးသည့် မျက်နှာပေးဖြင့် ခေါင်းကို တညိတ်ညိတ်လုပ်ပါတော့သည် ။
" ဥသြ... ဥသြ ... "
ဟူသော အသံကို မြည်း နားလည်နိုင်ပါသည် ။ မြည်းတစ်ကောင်အဖို. ထိုထက်ပို၍နားမလည် နိုင်ပါ ။ သူနားလည်သည်ကို ကြားရသဖြင့် မြည်းပျော်သွားသည်။
" ဟီးးးဟီး .....ဟီးးဟီးးး "
ဟု မြည်းက သြဘာပေးသည် ။
ပြိုင်ပွဲအဆုံးတွင် မြည်း က ဥသြငှက်၏ တေးဆိုမှုကို အနိုင်ပေးလိုက်သည်။ အဘယ့်ကြောင့်နည်း။ ရိုးစင်းရှင်းလင်းသောကြောင့်ဟု ခေါင်းစဉ်တပ်သူ များမည် ထင်ပါသည်။ တကယ်တော့...။

Credit to-Original

(PS:လက်တွေ့ဘဝပြိုင်ကွင်းထဲမှာလည်း ဤအတိုင်းပင်ဖြစ်သည်။ အကဲဖြတ်မည့်သူသည် သင့်ထက်တတ်သိနားလည်သူ ဖြစ်ဖို့လိုသည်။ သင့်လောက်တတ်သိသူမဟုတ်ခဲ့ပါလျှင်၊ တတ်သိပါသော်လည်း ကိုယ်ကျင့်တရားကို မြေခင်းထားသူ ဖြစ်နေပါလျှင် ထိုပြိုင်ပွဲထဲသို့ ဝင်ပြိုင်ခဲ့သည့်သင်သည် မိုက်မဲရူးသွပ်သူ အမှန်ဖြစ်နေပေလိမ့်မည်။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/htooaungwintt

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း