ဆဌဂံ အိပ်မက်အကြောင်း
ဆဌဂံ အိပ်မက်အကြောင်း ဆဌဂံအိပ်မက်ဆိုသည်နှင့် ဝတ္ထု(၆)ပုဒ်၊ သို့မဟုတ် စာရေးဆရာ(၆)ဦး စသည်ဖြင့် ရိပ်မိသိရှိပြီး ဖြစ်ပေလိမ့်မည်။ မှန်ပါသည်။ စာရေးသူ(၆)ဦး၏ ဝတ္ထုတိုလေးများကို စုစည်းထားခြင်းသာ ဖြစ်သည်။ ပါဝင်သည့် စာရေးသူ(၆)ဦးမှာ ရွှေရည်စိုး၊ ဌေးပုလဲ၊ တင်တော်၊ ဗိုလ်(မြန်မာစာ)၊ ရှဥ့်ညိုလေးနှင့် သိုက်စိုးထွန်း(နတ်ရွာ)တို့ ဖြစ်သည်။ တစ်ဦးလျှင် သုံးပုဒ်နှုန်းဖြင့် ဝတ္ထုတို(၁၈)ပုဒ်ပါပါသည်။ ဝတ္ထုတိုအားလုံးနီးပါးမှာ မဂ္ဂဇင်းစာမျက်နှာများ၊ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြပြီးသည့် စာမူများ ဖြစ်သည်။ ထို့ကြောင့် တချို့ဝတ္ထုတိုများကို စာဖတ်သူတို့ ဖတ်ပြီးသား ဖြစ်နေနိုင်သည်။ ပါဝင်သည့် ဝတ္ထုတိုများမှာ…