မင်းဝတာကို ငါချစ်တယ်
မင်းဝတာကို ငါချစ်တယ် ပေါင်ချိန်(၁၆၀) မဟုတ် မင်းဝတာကို ငါချစ်တယ် ကမ္ဘာတစ်ခြမ်းမဟုတ် အပြည့် ကောင်းကင်တစ်ဝက်မဟုတ် အပြည့် စကြာဝဠာတစ်စိတ်မဟုတ် အပြည့် လက်ဖက်ရည်ဆိုင် ထိုင်ခုံအားလုံး စားသုံးသူအားလုံး ချစ်သူ မုန်းသူအားလုံး မင်းလက်မှာ ပန်းစည်းစည်းကာပေါ့ပါး မင်းဝတာကို ငါချစ်တယ်…။ (သုခမိန်လှိုင်)