Posts

Showing posts from February, 2024

သူဇာပျို့

Image
သူဇာပျို့ ၇၇။   ထိုခါသရော် ၊ ပုဏ္ဏားချော်ကား၊ မလျော်ကျင့်ညစ်၊ မိမိပြစ်ကို၊ မစစ်တွက်ပြီ၊ လှိုင်ညီဘုန်းပန်း၊ လူးလာလန်းသည်၊ ရွှေနန်းထွတ်ချာ၊ စိုးမည်လျာကို၊ ပြင်းစွာမုန်းထား၊ ငြိုးထားလျက်၊ နှိပ်စက်မည်ခွင့်၊ ကြံနေလင့်၏၊ သို့နှင့်တန်စွာ၊ များမကြာပင်၊ ကျယ်စွာတိုင်းကား၊ ကြီးအင်အားနှင့်၊ ဆင်များစွာဘိ၊ တိုင်းမဲ့ရှိ၍၊ စတ္ထိပူရ၊ ခေါ်ကြမည်တွင်၊ တပါးပြည်ကို၊ စိုးသည်ကွပ်မှူး၊ မင်းတဦးလျှင်၊ မည်ထူးဇေယျ၊ ပြည်ပူရ၏၊ မြို့ပြစွန်နား၊ ကင်းလမ်းများကို၊ ထိပါးရန်ရှာ၊ ခိုက်တိုက်လာသော်၊ ဆိုင်ရာမြို့စား၊ စစ်ကဲများက၊ ကြောင်းလျားဖြစ်လျောက်၊ စေလှာလျှောက်၍၊ ရွှေမှောက်ဘုန်းတူ၊ ကြားတော်မူသော်၊ ဝှန်ဆူမျက်ငေါက်၊ မာန်တော်ပေါက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံကို၊ ရွှေဘုံနန်းခွင်၊ ခေါ်စေဝင်မှ၊ ဘုရင်ဓိပတိ၊ မိန့်တော်ရှိ၏၊ ဘကြီးရင်နှစ်၊ ရွှေဘုန်းသစ်သည်၊ ဥပရာဇ်မဟာ၊ နန်းပွင့်လျာ။ ။ ဝေးစွာလှဘိ၊ ခြားနားရှိလျက်၊ ဟတ္တိပူရ၊ မင်းမျာ့းရည်သည်၊ ရွှေပြည်တိုင်းကျော်၊ နိုင်ငံတော်ကို၊ ပြိုင်တော်ဘက်ရှာ၊ ဖျက်ဆီးလာ၍၊ မိစ္ဆာရန်မြှေး၊ သည်အရေးကို၊ မနှေးလျင်လှ၊ မောင်ချီမှမင်၊ နှစ်, လမဖြင်၊ ကုံတွင်လွယ်မည်၊ သို့ဖြစ်သည်ကြောင့်၊ နန်းရည်ရာထား၊ ဘသည်...

သူဇာပျို့

Image
သူဇာပျို့ ၇၆။   ယခုအခါ ၊ သောင်းဒီပါထက်၊ ငါ့နှင့်တူမျှ၊ စကြာ့သနင်း၊ မင်းတို့နှိုက်ဝယ်၊ ဂုဏ်ကြွယ်စည်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာကို၊ ရေးရာမြော်မြင်၊ သားကြံဘော်နှင့်၊ ငြားတော်လှခြင်း၊ သို့သည်မင်းလျှင်၊ မယွင်းပုံပြင်၊ ဘယ်မှာထင်လိမ့်၊ မင်းတွင်မင်းထွတ်၊ ငါ့သားမြတ်ဟု၊ နှုတ်လွတ်သံကြော်၊ ကြိမ်းပြီးသော်တည့်၊ ဘုန်းတော်တက်သစ်၊ ဘုရင်နှစ်သည်၊ တလှစ်တိုင်းခြေ၊ နေသည်များလှ၊ လူ့ကကိစ္စကြောင့်၊ အဘကြံစည်၊ ပူရပြည်ကို၊ မြိုက်ရည်ထိပ်မှာ၊ သွန်းဘိလှာသို့၊ ချမ်းသာငြိမ်းဆေး၊ ဘကိုပေး၏၊ မြှော်တွေးစေရှာ၊ သည်ကိုစာသော်၊ မကြာလျင်ပြင်း၊ ထီးဖြူနှင်း၍၊ မင်းမင်းထိပ်ဆင့်၊ တင်ပေသင့်ဟု, မမြင့်ယင်းနေ့၊ မှစ၍လျှင်၊ နောက်ရှေ့ရုံးပြင်၊ စီရင်ကြတွေ၊ စိတ်မပြေ၍၊ ရွှေနားတော်ကြား၊ သည်တရားကို၊ သည်းကြားမောင်မှာ၊ စီရင်ပါဟု၊ ထွေသာပျံ့ဆို၊ မိန့်လိုက်ဆို၍၊ နဂိုရ်စိုးချာ၊ မင်တို့သာလျှင်၊ ဝတ်ရာစဉ်ရိုး၊ ရာမြင့်မိုး၏၊ ပုဆိုးလျှပ်သွင်၊ ဒုရင်လျှပ်ဝါ၊ ကျောက်စုံပါကို၊ မေတ္တာချမ်းမြ၊ ဆက်စေရ၏၊ မွှေးပျလှိုင်ကျော်၊ သည်မိန့်တော်ကို၊ ထင်ပေါ်ကြားက၊ ပုဏ္ဏားအိန်မှာ၊ ပဏ္ဏာထွေပြား၊ ရောက်မည်ထား၍၊ လာ, သွားသူမျှ၊ မချဉ်းကြသည်။ ။   ဝေးလှလွှတ်ရှောင်ဖည်၏တည်း ။ ...

သူဇာပျို့

Image
သူဇာပျို့ ၇၅။   သို့နှင့်သာပျော် ၊ အိမ်တော်ရဝေ၊ ကြွရောက်လေသော်၊ ငံ့နေမနား၊ မူသည်များကို၊ လျင်လျားခေါ်မြောက်၊ အညီရောက်မှ၊ နှည်နှောက်စင်မော၊ စစ်ဆေးကြော၍၊ သဘောဖြောင့်မတ်၊ မျဉ်းခတ်သော့သွင်၊ ရွှေချိန်ခွင်သို့၊ စီရင်ကောက်ဘူ၊ ဖြတ်တော်မူသော်၊ ပြည်သူကလူက၊ အူအူစ၍၊ ရုက္ခဘုမ္မာ၊ အာကာငါးထပ်၊ ထက်ရပ်ထုတ်ချောက်၊ ဗြဟ္မာရောက်မှု၊ ချီမြှောက်ကျံကျံ၊ အသံသောင်းသောင်း၊ ထိန့်ထိန့်ခြောင်း၏၊ မြတ်လောင်းဧကရာဇ်၊ ထိုအဖြစ်ကို၊ စိစစ်မနှေး၊ လန့်ကြားမေးသော်၊ မိုက်မြှေးရှက်ခြည်၊ ပုဏ္ဏားသည်လျှင်၊ ဖြီးစည်အများ၊ တန်ဆိုးစား၍၊ တရားမှောက်လှန်၊ ပြောင်းပြန်လိမ်ကွေ့၊ စီရင်၍လျှင်၊ အိမ်ရှေ့ဘုရား၊ မူသည်များကို၊ သနားကြည်ဖြူ၊ ခေါ်တော်မူ၍၊ ချိန်တူဖြောင့်မှန်၊ စီရင်ဟန်ကို၊ အလွန်ကြည်ညွတ်၊ လူနှင့်နတ်တို့ လေးမြတ်ကောင်ခြီး၊ သီးသီးပတ်လည်၊ ဆိုကြသည်ဟု၊ မတ်ရည်ရှိများ၊ လျှောက်သည်ကြားသော်၊ မင်းဖျားရာဇာ၊ လူ့ထွတ်ချာကား၊ ဝမ်းသာစုံမက်၊ လွန်နှစ်သက်၍၊ ရွှေလက်ဆန့်ပြီး၊ လက်ဖျစ်တီးလျက်၊ ကောင်းခြီးရွှေခွန်း၊ ကြိုင်ပျံ့မွှန်းသည်။ ။   ဥဒါန်း ဤသို့မည်၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၇၄။   ထိုသည့်အခါ ၊ မဟာဥပရာဇ်၊ ဘုန်းသစ်လျှံပတ်၊ ရဲတုလွတ်ကား၊ ပြဿာဒ်ရောင်ညီး၊ ဝေါတော်စီး၍၊ ဘုန်းမီးတောက်ဖြိုး၊ ဘမင်းစိုးသို့၊ ရှိခိုးဝင်၍၊ ချမ်းမြေ့သာယာ၊ ထွက်ခဲ့လာသော်၊ ဥစ္စာမြေမိုး၊ ကြီးရိုးလူဆို၊ ငြင်ငြိုရှိရှား၊ မူသည်များတို့၊ ဝန်းလျားတိုင်ပင်၊ သည်တွင်သက်စွန့်၊ လက်ညွန့်ရှိမည်၊ လျှောက်တော့်မည်ဟု၊ ကြံစည်ပြီးမှ၊ လက်မထက်နား၊ ထင်ရှားပြနေ၊ စာခွေထိပ်ပြင်၊ ပန်းနှယ်ဆင်လျက်၊ မြေတွင်ဝပ်လျား၊ လျှောက်ဝံ့ငြား၏၊ ဘုရားဘုန်းရောင်၊ ထိန်ထိန်ပြောင်သည်၊ အခေါင်ထိပ်ချိုး၊ တို့ထိပ်မိုး။ ။ ပုဆိုးဖြူလှပ်၊ စက်နားတပ်နှင့်၊ ရွှေကျပ်ပြောင်ပြောင်၊ မြင်းမိုရ်တောင်သည်၊ ဆန်းခေါင် တိုင်ဘိ၊ ပုရောဟိတ်လျှင်၊ အကျိလောက်လား၊ လက်ဆောင်စား၍၊ တရားဖြောင့်သော်၊ ကျွန်တော်တို့သာ၊ နိုင်ကောင်းပါလျက်၊ မသာအရေး၊ အရှုံးပေးခဲ့၊ ဘုန်းမွေးပျံ့ရှား၊ ဘုရားကယ်မ၊ ရှုပါမှသာ၊ ဘုရားကျွန်တော်၊ ရေသော်အများ၊ ဆင်းရဲသားတို့၊ ကြိုးစားသာပျော်၊ အမှုတော်ကို၊ နှစ်ကျော်ကျူးရှည်၊ ထမ်းနိုင်မည်ဟု၊ ရှိရည်ထိပ်ပေါ်၊ တင်လျှောက်သော်တည့်၊ လေးတော်သစ္စာ၊ ပွင့်မည်လျာကား၊ ကိုးရာမဲ့ငြား၊ ဆင်းရဲသားကို၊ သနားကြည်ဖြူ၊ ချစ်တော်မူ၍၊ လွယ်ကူသာပျော်၊ ရှေ့ရုံးတော်သို့၊...