သူဇာပျို့

သူဇာပျို့

၇၄။ ထိုသည့်အခါ၊ မဟာဥပရာဇ်၊ ဘုန်းသစ်လျှံပတ်၊ ရဲတုလွတ်ကား၊ ပြဿာဒ်ရောင်ညီး၊ ဝေါတော်စီး၍၊ ဘုန်းမီးတောက်ဖြိုး၊ ဘမင်းစိုးသို့၊ ရှိခိုးဝင်၍၊ ချမ်းမြေ့သာယာ၊ ထွက်ခဲ့လာသော်၊ ဥစ္စာမြေမိုး၊ ကြီးရိုးလူဆို၊ ငြင်ငြိုရှိရှား၊ မူသည်များတို့၊ ဝန်းလျားတိုင်ပင်၊ သည်တွင်သက်စွန့်၊ လက်ညွန့်ရှိမည်၊ လျှောက်တော့်မည်ဟု၊ ကြံစည်ပြီးမှ၊ လက်မထက်နား၊ ထင်ရှားပြနေ၊ စာခွေထိပ်ပြင်၊ ပန်းနှယ်ဆင်လျက်၊ မြေတွင်ဝပ်လျား၊ လျှောက်ဝံ့ငြား၏၊ ဘုရားဘုန်းရောင်၊ ထိန်ထိန်ပြောင်သည်၊ အခေါင်ထိပ်ချိုး၊ တို့ထိပ်မိုး။ ။ ပုဆိုးဖြူလှပ်၊ စက်နားတပ်နှင့်၊ ရွှေကျပ်ပြောင်ပြောင်၊ မြင်းမိုရ်တောင်သည်၊ ဆန်းခေါင် တိုင်ဘိ၊ ပုရောဟိတ်လျှင်၊ အကျိလောက်လား၊ လက်ဆောင်စား၍၊ တရားဖြောင့်သော်၊ ကျွန်တော်တို့သာ၊ နိုင်ကောင်းပါလျက်၊ မသာအရေး၊ အရှုံးပေးခဲ့၊ ဘုန်းမွေးပျံ့ရှား၊ ဘုရားကယ်မ၊ ရှုပါမှသာ၊ ဘုရားကျွန်တော်၊ ရေသော်အများ၊ ဆင်းရဲသားတို့၊ ကြိုးစားသာပျော်၊ အမှုတော်ကို၊ နှစ်ကျော်ကျူးရှည်၊ ထမ်းနိုင်မည်ဟု၊ ရှိရည်ထိပ်ပေါ်၊ တင်လျှောက်သော်တည့်၊ လေးတော်သစ္စာ၊ ပွင့်မည်လျာကား၊ ကိုးရာမဲ့ငြား၊ ဆင်းရဲသားကို၊ သနားကြည်ဖြူ၊ ချစ်တော်မူ၍၊ လွယ်ကူသာပျော်၊ ရှေ့ရုံးတော်သို့၊ ခေါ်ခဲ့လိုက်စေ၊ မိန့်ရှိပေသည်။ ။ သံခြေပျံ့မွှေးကြည်၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း