သူဇာပျို့
သူဇာပျို့
၇၇။ ထိုခါသရော်၊ ပုဏ္ဏားချော်ကား၊ မလျော်ကျင့်ညစ်၊
မိမိပြစ်ကို၊ မစစ်တွက်ပြီ၊ လှိုင်ညီဘုန်းပန်း၊ လူးလာလန်းသည်၊ ရွှေနန်းထွတ်ချာ၊
စိုးမည်လျာကို၊ ပြင်းစွာမုန်းထား၊ ငြိုးထားလျက်၊ နှိပ်စက်မည်ခွင့်၊ ကြံနေလင့်၏၊
သို့နှင့်တန်စွာ၊ များမကြာပင်၊ ကျယ်စွာတိုင်းကား၊ ကြီးအင်အားနှင့်၊ ဆင်များစွာဘိ၊
တိုင်းမဲ့ရှိ၍၊ စတ္ထိပူရ၊ ခေါ်ကြမည်တွင်၊ တပါးပြည်ကို၊ စိုးသည်ကွပ်မှူး၊
မင်းတဦးလျှင်၊ မည်ထူးဇေယျ၊ ပြည်ပူရ၏၊ မြို့ပြစွန်နား၊ ကင်းလမ်းများကို၊
ထိပါးရန်ရှာ၊ ခိုက်တိုက်လာသော်၊ ဆိုင်ရာမြို့စား၊ စစ်ကဲများက၊
ကြောင်းလျားဖြစ်လျောက်၊ စေလှာလျှောက်၍၊ ရွှေမှောက်ဘုန်းတူ၊ ကြားတော်မူသော်၊
ဝှန်ဆူမျက်ငေါက်၊ မာန်တော်ပေါက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံကို၊
ရွှေဘုံနန်းခွင်၊ ခေါ်စေဝင်မှ၊ ဘုရင်ဓိပတိ၊ မိန့်တော်ရှိ၏၊ ဘကြီးရင်နှစ်၊ ရွှေဘုန်းသစ်သည်၊
ဥပရာဇ်မဟာ၊ နန်းပွင့်လျာ။ ။ ဝေးစွာလှဘိ၊ ခြားနားရှိလျက်၊ ဟတ္တိပူရ၊
မင်းမျာ့းရည်သည်၊ ရွှေပြည်တိုင်းကျော်၊ နိုင်ငံတော်ကို၊ ပြိုင်တော်ဘက်ရှာ၊
ဖျက်ဆီးလာ၍၊ မိစ္ဆာရန်မြှေး၊ သည်အရေးကို၊ မနှေးလျင်လှ၊ မောင်ချီမှမင်၊ နှစ်,
လမဖြင်၊ ကုံတွင်လွယ်မည်၊ သို့ဖြစ်သည်ကြောင့်၊ နန်းရည်ရာထား၊ ဘသည်းကြားကို။ ။ ချီသွားစိမ့်မည်ရည်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment