သူဇာပျို့
၇၆။ ယခုအခါ၊ သောင်းဒီပါထက်၊ ငါ့နှင့်တူမျှ၊ စကြာ့သနင်း၊ မင်းတို့နှိုက်ဝယ်၊ ဂုဏ်ကြွယ်စည်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာကို၊ ရေးရာမြော်မြင်၊ သားကြံဘော်နှင့်၊ ငြားတော်လှခြင်း၊ သို့သည်မင်းလျှင်၊ မယွင်းပုံပြင်၊ ဘယ်မှာထင်လိမ့်၊ မင်းတွင်မင်းထွတ်၊ ငါ့သားမြတ်ဟု၊ နှုတ်လွတ်သံကြော်၊ ကြိမ်းပြီးသော်တည့်၊ ဘုန်းတော်တက်သစ်၊ ဘုရင်နှစ်သည်၊ တလှစ်တိုင်းခြေ၊ နေသည်များလှ၊ လူ့ကကိစ္စကြောင့်၊ အဘကြံစည်၊ ပူရပြည်ကို၊ မြိုက်ရည်ထိပ်မှာ၊ သွန်းဘိလှာသို့၊ ချမ်းသာငြိမ်းဆေး၊ ဘကိုပေး၏၊ မြှော်တွေးစေရှာ၊ သည်ကိုစာသော်၊ မကြာလျင်ပြင်း၊ ထီးဖြူနှင်း၍၊ မင်းမင်းထိပ်ဆင့်၊ တင်ပေသင့်ဟု, မမြင့်ယင်းနေ့၊ မှစ၍လျှင်၊ နောက်ရှေ့ရုံးပြင်၊ စီရင်ကြတွေ၊ စိတ်မပြေ၍၊ ရွှေနားတော်ကြား၊ သည်တရားကို၊ သည်းကြားမောင်မှာ၊ စီရင်ပါဟု၊ ထွေသာပျံ့ဆို၊ မိန့်လိုက်ဆို၍၊ နဂိုရ်စိုးချာ၊ မင်တို့သာလျှင်၊ ဝတ်ရာစဉ်ရိုး၊ ရာမြင့်မိုး၏၊ ပုဆိုးလျှပ်သွင်၊ ဒုရင်လျှပ်ဝါ၊ ကျောက်စုံပါကို၊ မေတ္တာချမ်းမြ၊ ဆက်စေရ၏၊ မွှေးပျလှိုင်ကျော်၊ သည်မိန့်တော်ကို၊ ထင်ပေါ်ကြားက၊ ပုဏ္ဏားအိန်မှာ၊ ပဏ္ဏာထွေပြား၊ ရောက်မည်ထား၍၊ လာ, သွားသူမျှ၊ မချဉ်းကြသည်။ ။ ဝေးလှလွှတ်ရှောင်ဖည်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment