သူဇာပျို့
သူဇာပျို့ ၈၆။ ဗောဓိဉာဏ်ခိုင် ၊ ရောက်တိုင်မငြို၊ အဆုံးကိုမျှ၊ မဆိုတည့်ရက်၊ ဖြစ်ဆက်ဆက်ဝယ်၊ ပြိုးပြက်လည်မာ၊ မျက်နီလာသို့၊ လည်မှာစတေ၊ ဆွဲရစေဟု၊ သံခြေဓိဋ္ဌာန်၊ ကျွန်ုပ်ပန်လျက်၊ မြဲမှန်အချစ်၊ ဆင့်ဆင့်ရစ်သည်၊ နုမျစ်နွဲ့သွယ်၊ မင်းလှငယ်။ ။ ပျံ့ကြွယ်ထွေသာ၊ ငါးလကြာ၍၊ လွမ်းတာမမြင့်၊ ပါစေနှင့်ဟု၊ ထပ်ဆင့်လောင်းကာ၊ မိန့်ရာမှာရှင့်၊ ဖြူဝါနုရွ၊ မင်းရှင်လှသာ၊ ရူပမတည်၊ လွမ်းမည်မှတ်ပါ၊ မောင့်စိတ်မှာလည်း၊ ကလျာငါးအင်၊ မြေ့ရွှမ်းရွှင်သည်၊ မင်းရှင်ဖြူညက်၊ လွမ်းသည်ထက်ပင်၊ ဆတက်ထောင်ရာ၊ စစ်မြေတာဝယ်၊ အူချာပြတ်ကြွေ၊ သေလှုမြောမျှ၊ မချိလှအောင်၊ လွမ်းရမည်လျှင်၊ ဧကန်ပင်ကို၊ ကြာတင်မြင့်ဖြဲ၊ ဖင့်နွှဲစရာ၊ ဘယ်အာဏာဖြင့်၊ လွမ်းတာရှည်အောင်၊ ရည်ဆောင်ထဲသံ၊ ကြံရက်ပါ့မည်၊ ဝံ့ဆည်မရှောင်၊ လျင်လှအောင်ကို၊ အန်တောင်ကြီးထု၊ လုံ့လပြု၍၊ လွမ်းမှုမကြာ၊ ပြန်ပါမည်ပ၊ ကြာစွဆုံးမှာ၊ ငါးလသာဟု၊ ရေးရာညှာတာ၊ လျှောက်ရာမှာလည်း၊ ပြိုင်လှာရှုပ်ထွေး၊ စစ်မက်ရေးကို၊ မြှော်တွေးထွေလည်၊ စိုးရိမ်သည်ကြောင့်၊ ကြံစည်ခန့်ထောက်၊ မလျှောက်ဘူးရှင်၊ စစ်လေးအင်နှင့်၊ များဖြင်လုံးရင်း၊ ခြေခင်းလက်ရာ၊ မသာရောင်ကွန့်၊ ခရီးဓွန့်ကို၊ မခန့်နိုင်ပါ၊ ၍သာလျှောက်သည်၊ ဆောက်တည...