သူဇာပျို့
၈၃။ သံသရာဘဝ၊ ဆက်ဆက်ကပင်၊ ကျွန်မသခင်၊ အရှင်ဧကန်၊ ဖြစ်ဘူးမှန်၍၊ ကျူးလွန်ကျွန်မ၊ အဆဆပင်၊ ညွတ်ခလေလေ၊ ချစ်ရိုသေသည်၊ ထိပ်ဗွေထားတင်၊ ကိုယ်တော်ရှင်။ ။ သို့စင်ဝေးရှည်၊ ပစ်သွားမည်ကို၊ ကျူးသည်မိုမြင့်၊ ဆိုပါနှင့်တော့၊ ဘုန်းပွင့်ဝေဆာ၊ မယ့်ထိပ်ချာသည်၊ သိင်္ဂါရောင်ညီး၊ နန်းတော်ကြီးသို့၊ ပုံဖြီးရံရွှေ၊ ကြွဝင်လေသည်၊ တည့်နေယိမ်းစ၊ မွန်းလွဲကကို၊ နေကြရေတွက်၊ သုံးချက်ခေါ်ဆို၊ ပဟိုရ်ကျော်ရုံ၊ ဘုန်းလှုံသည့်ရှင်၊ ထိပ်တင်မင်းပျို၊ ကြာသည်ကိုမျှ၊ မောက်မိုတင်းကျမ်း၊ ကျွန်မဝမ်းမှာ၊ အလွမ်းပြည့်လှ၊ လျှံဘိတ်ကျ၍၊ ဆောင်မကျယ်ဝင်း၊ တင်းထိမ်တွင်းမှာ၊ ဘော်ကင်းရှိမ်းယို၊ ငိုရကိုပင်၊ ထိပ်တင်မသိ၊ ၍ရှိသည်ရှင်၊ သို့စင်ရေးရာ၊ ယခုမှာမူ၊ ရှည်တာကာလ၊ ငါးလမျှစင်၊ ချီကြွသွားလာ၊ ကြာမည်ဆိုတိုင်း၊ ထုံ့ပိုင်းဧကန်၊ မှန်ချေခဲ့က၊ ကျွန်တော်မသည်၊ သေရမည်လျှင်၊ အပြီးထင်ခဲ့၊ ထိပ်တင်ပွင့်လျာ၊ သနားပါလျှင်၊ ခန္ဓာမပျက်၊ ကျွန်မသက်ကို၊ စိတ်ထက်ယဉ်နု၊ လှူသည်ပြု၍၊ များထုဆည်းဆူ၊ လူလည်းကျိုးမဲ့၊ ကဲ့ရဲ့ဘဲနှင့်၊ ချီးမြင့်ကြည်ချစ်၊ စစ်လည်းချီဘဲ၊ အမြဲတကွ၊ ကျွန်မနှင့်ပေ၊ နေရအောင်ကို၊ ဘုန်းမိုမောက်ရွှန်း၊ မယ့်ထိပ်ပန်းနှယ်၊ ကျယ်ဝန်းလိမ္မာ၊ မြတ်ပညာနှင့်၊ ကြံပါတော့ရှင်၊ သို့မှပင်လျှင်၊ ထိပ်တင်မင်းလှ၊ ကျွန်တော်မကို၊ ဆယ်ဆထူးလည်၊ ချစ်ကြူးသည်ဟု၊ ပျံ့ကြည်သာဖြား၊ မိန့်စကားကို၊ မှတ်သားတာရှည်၊ ယုံတော့မည်သည်။ ။ ဆောက်တည်နေကျတကယ်ပ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment