Posts

Showing posts from May, 2024

သူဇာပျို့

Image
သူဇာပျို့ ၉၁။   ယင်းသို့ဆိုလျှင် ၊ ဟာ ရှင် ထိပ်ချာ၊ ညီလှပါသည်၊ မေတ္တာတူရှည်၊ မမျှသည်ကြောင့်၊ ပေါ်ဖြည်သာဖြား၊ စစ်ကိုလားသား၊ သွားစပိုင်အောင်၊ လုပ်ဆောင်ပြုသ၊ မိန့်သမျှကို၊ ယုယသံချို၊ ဆိုပါနှင့်တော့၊ ပျောင်းပျော့နွမ်းလျ၊ ကျွန်မတို့လျောက်၊ သားတယောက်နှင့်၊ ညှိုးခြောက်ဆူဝေ၊ သေသေရှင်ရှင်၊ ဖြစ်ချင်လိုရာ၊ ရှိပါစေရှင်၊ တကကယ်ပင်ဟု၊ မပြင်မပြု၊ သဘောမှုဖြင့်၊ ငယ်နုဆင်းရောင်၊ မျက်မှောင်ကုပ်ကုပ်၊ ဦးလှုပ်လက်ခါ၊ ချစ်မျက်ပါနှင့်၊ မျက်နှာလွှဲသွေ၊ ငဲ့စောင်းနေသော်၊ ဘုန်းဝေညွန့်ဖြာ၊ နန်းပွင့်လျာကား၊ ထပ်ကာပူသည်၊ ဖိမ့်ဖိမ့်ကြည်းမျှ၊ အူသည်းမချိ၊ ပြတ်လှုရှိလျက်၊ ဖြူအိဝင်းပ၊ မင်းရှင်လှငယ်၊ ချေပတုံ့ခေါက်၊ မလျှောက်နိုင်ပြီ၊ မှိုင်းရီပူပန်၊ ကျွန်ုပ်ကျွန်ကို၊ ပြန်၍တခါ၊ သနားပါတော့၊ ကြံရာခဲလွန်၊ သည့်တိုင်းမှန်လျှင်၊ သုဝဏ်ဒွါရ၊ သေရတော့မည်၊ ထင်ခဲ့သည်ဟု၊ ဖြေဆည်ယုယ၊ တ မ မ လျှင်၊ နှိမ့်ချဖန်များ၊ ယို့ယို့တွားမျှ၊ ထွတ်ထားမြှောက်တင်၊ ရှိပင်ခိုးမြူး၊ ပျံ့ပျူးဖျော်ပြောင်း၊ စိတ်ပြေကြောင်းကို၊ ဖြားယောင်းသည်နှင့်၊ နေမြင့်ချိန်လျော်၊ ခါကျူးကျော်သည်။ ။   စိတ်တော်ပန်ရိရှား၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား...

သူဇာပျို့

Image
သူဇာပျို့ ၉၀။   သို့မှမကြာ ၊ မင်းသူဇာကို၊ သွားပါတော့မည်၊ မင်းရွှေရည်ဟု၊ မိန့်သည်ရှိက၊ မင်းလှရှင်ကား၊ ဝမ်းတွင်လှိုက်ပူ၊ ပင်လယ်ဆူသို့၊ သည်းအူပြတ်မျှ၊ မချိလှ၍၊ မဟနိုင်ရှာ၊ ခြေတော်ကြာကို၊ ဦးသာချလျက်၊ ရှိုက်မက်ယိမ်းယဲ့၊ မိန်းမောခဲ့၏၊ ယဉ်နွဲ့ထိပ်တင်၊ အိမ်ရှေ့ရှင်လည်း၊ ဆောလျင်ရွှေလက်၊ မ, တည့်ဖက်၍၊ လှိုက်ပွက်ဆူဝေ၊ မိန်းမောလေ၏၊ ခြွေရွေဖျဖျ၊ လာကုန်ကြ၏၊ ဗြဟ္မဝါဒိယ၊ စသည့်အကျော်၊ သာမားတော်တို့၊ သာစုံပျော်မက်၊ ဆေးဝါးဆက်မှ၊ သတိရသော်၊ မင်းလှမဉ္ဇူ၊ ရွဖြူအူကား၊ နေတူရောင်သွယ်၊ ကွက်ကျယ်ကျူးကဲ၊ ဖြစ်ခက်ခဲသည်၊ ဝတ်လဲတော်လွန်၊ နှာမောင်းစွန်ကို၊ ပူပန်တုန်လှုပ်၊ မျက်နှာအုပ်၍၊ မချုပ်တည်းပါ၊ ပြင်းစွာရှိုက်မဲ့၊ ငိုပြန်ခဲ့သော်၊ ဘက်ရှဲ့လွတ်ကွာ၊ နန်းပွင့်လျာမှာ၊ ဗျာပါကြီးလှ၊ ဟိန်း ဟဲ ချ၍၊ လက်ကျမှိုင်ကာ၊ ကြာတောင်းကြာမှ၊ နှိုင်းရာမရှည့်၊ ယဉ်သည့်နဖူး၊ ပြင်အံ့ကြူးကို၊ ဖြည့်ဖြူးယုယ၊ နမ်းပြီးမှလျှင်၊ မင်းလှရှင်ငယ်၊ ပန်းနှယ်ညှိုးကျော်၊ နှလုံးတော်ကို၊ ဖြေဖျော်ချုပ်ထိမ်း၊ သိမ်းပါတော့ရှင်၊ ကြာတင်မြင့်ကျူး၊ နှစ်ကူးလေသည်၊ ရှိမည်မှတ်ပါ၊ သွားနှင့်လာသာ၊ ကြာပါလိမ့်မည်၊ မင်းရွှေရည်ဟု၊ နှုတ်ကြည်ပန်းသွင်၊ မိန့်ဖြေတင်သည်။ ။   ကြ...

သူဇာပျို့

Image
သူဇာပျို့ ၈၉။   လွမ်းတင်းသံချို ၊ ဆိုကြအပြီး၊ ယိုစီမျက်ရည်၊ မဆည်နိုင်ကြ၊ သွယ်စီးကျ၍၊ နှစ်ပါးရင်ခြား၊ ကပ်သည်ကြားမှာ၊ လေပါးမြစ်မ၊ ပေါင်းကြဆုံသည်၊ ဝဲနှယ်လည်၏၊ ဖြီးစည်ဆင့်လောင်း၊ နံ့ပေါင်းသင်္ချာ၊ ရေးရာမထင်၊ မျိုချင်မတတ်၊ သတ်ပြတ်လှုနီး၊ သုံးချက်တီးက၊ စ၍စုံပူး၊ ချစ်မျိုးကြူးမျှ၊ ညဦးသန်းခေါင်၊ သောက်လင်းဆောင်သည်၊ မျက်တောင်မရှက်၊ ပိုက်ဘက်လျက်လျှင်၊ ညဉ့်လုံးပင်ကို၊ ခုတွင်နေကြ၊ တခဏသို့၊ စိတ်ကပြတ်ပြတ်၊ ထင်ကြမှတ်၍၊ မလွှတ်ကြရက်၊ စုံမက်ဆွတ်ကြင်၊ နေကိုပင်တည့်၊ တားချင်မတတ်၊ ရစ်ပတ်မကွာ၊ နွှဲတိုင်းသာလျှင်၊ ရှိန်ဝါရောင်လွင့်၊ နေမိုးမြင့်၏၊ ချိန်ခါသင့်တော်၊ ထွက်နီးလျော်၏၊ အကျော်ဗေဒင်၊ မြော်မြင်တတ်သိ၊ ပညာဟိတို့၊ ဦးရှိလက်ထား၊ ဆင့်လျှောက်ငြားမှ၊ ထွတ်ထားနန်းလျာ၊ အနိုင်ခွာ၍၊ သိင်္ဂါရောင်ဘိတ်၊ ပရိတ်နာဆက်၊ ဆောင်သို့ထွက်၍၊ ကိုးမျက်ချယ်မြှောင်၊ တထောင်ပြက်လှပ်၊ ရောင်ဖြာလျှပ်သို့၊ ရင်သပ်အံ့ရာ၊ စစ်တန်ဆာတိ၊ အာကာသဓာတ်၊ ထွတ်ဆုံးနတ်သို့၊ သင့်မြတ်ကျူးကျော်၊ ထင်ပြီးသော်တည့်၊ သားတော်သည်းချာ၊ ရတနာကို၊ အသာလှမ်းယူ၊ ချီတော်မူ၍၊ မွှေးကြူပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ဘက်ယမ်း၊ ထပ်ကာနမ်းသည်။ ။   ချစ်ဝမ်းဆူးချောက်ချား၏တည်း ။ ...

သူဇာပျို့

Image
သူဇာပျို့ ၈၈။   သဗ္ဗညုဉာဏ် ၊ ပွင့်ဆုပန်သည်၊ ဘုန်းဝှန်တေဖြာ၊ ဥပရာကား၊ မည်သာရပြီး၊ မြင်းကြီးမြင်းကောင်း၊ တကြောင်းတလူး၊ သင်းမှူးသင်းကြီး၊ စာရေးကြီးက၊ စုသီးဖြာဆွယ်၊ စာရေးငယ်ကို၊ သင့်ရွယ်စောင့်တန်၊ နေထားရန်မှ၊ တွင်းဝန်နောက်ဝန်၊ ကျေပွန်ရည်ကျူး၊ ဝန်ဝင်းမှူးသို့၊ ကြိုင်မြူးမိန့်တော်၊ ထုတ်ပြီးသော်တည့်၊ ရွှေလှော်ဝင်းပြောင်၊ နောက်ဆက်ဆောင်သို့၊ ဘုန်းရောင်လျှံလူ၊ ဝင်တော်မူ၍၊ ဇမ္ဗူနန်ဆောင်၊ မြောက်ယောင်အကြီး၊ ခြားသီးရာထူး၊ အိမ်ဆောင်မှူက၊ စ၍ပတ်ချုပ်၊ ကိုယ်လုပ်ပျိုတော်၊ ဆိုင်လျှော်မှုထမ်း၊ အကြမ်းအလတ်၊ အမြတ်ခြားကြ၊ ရှိသမျှကို၊ မင်းလှစိတ်တော်၊ နှင့်သာလျော်အောင်၊ အာဘော်လိုက်သင့်၊ ရိုသေကျင့်ကြ၊ မသင့်ငါ့နား၊ ကြားရလျှင်မူ၊ ဆွေခင်မျိုးချစ်၊ အကုန်စစ်၍၊ ပြစ်ပြစ်လုံခြုံ၊ မီးပုံရှေ့ရည်၊ ဝင်ရမည်ဟု၊ မျက်ခြည်ဖော်ပြေး၊ အာဏာပေးမှ၊ မဝေးသုံးဘောင်၊ ဆောင်မတော်သို့၊ နှိုင်းလျော်နတ်သွင်၊ ကူးလေဝင်၍၊ မျက်ရှင်ရတနာ၊ ထိန်ထိန်ဖြာသည်၊ သီဟာသန၊ မည်ရတွင်ခေါ်၊ သလွန်တော်ထက်၊ နှစ်ဘော်မကွေ၊ ငှက်ရွှေလွန်းကြင်၊ လည်ချင်းတင်သို့၊ မရွှင်မပျ၊ ယနေ့ပလျှင်၊ ချုပ်ညညဉ့်လွန်၊ နက်ဖြန်ကစ၊ ရှုတမတည်၊ လွမ်းရမည်ကို၊ ဖြေဆည်မဲ့ငြား၊ ဘက်၍ထားသား၊ နှစ်ခြား...

သူဇာပျို့

Image
သူဇာပျို့ ၈၇။   သည့်နှယ်နှစ်ဦး ၊ စုံပူးပိုက်နွှဲ၊ တလဲလဲပင်၊ သန်လွဲသန်ကျော်၊ မိုးသောက်သော်လည်း၊ ကိုယ်တော်မခြား၊ သည်စကားသာ၊ တပါးမလာ၊ မျက်နှာသမ်းညို၊ ငိုယိုငိုယို၊ ဆိုကြအော်လဲ၊ နွဲကြကာကာ၊ ဖြစ်ခြင်းရာကို၊ များစွာမြင်သူ၊ သည်းအူပြတ်မျှ၊ ကြေကွဲက၏၊ မွေးဘရာဇာ၊ ပြည်ကြီးချာလည်း၊ များစွာပုံယင်၊ စစ်လေးအင်ကို၊ စီရင်သီးသီး၊ ခန့်ရပြီးသော်၊ စစ်ကြီးမချီ၊ ခင်မီကာလ၊ တနေ့ကပင်၊ တပ်မလက်ရင်း၊ ဆင် မြင်း ရထား၊ များပြားရဲမက်၊ လက်နက်ကိရိယာ၊ ဆန်ဆာထက်ကြပ်၊ မြင်းတပ်ရှေ့ဆုံး၊ တွက်ကျုံးစင်စစ်၊ ဆဲနှစ်ခေါဘိဏီ၊ စုံညီအင်ကွပ်၊ အကြပ်စာရေး၊ ရည်ရွေးနာခံ၊ မြဲမြံစွမ်းရဲ၊ စစ်ကဲတပ်မှူး၊ ဆက်ကူးရှက်စပ်၊ အတပ်တပ်သိ၊ အထပ်ထိန့်ဆူ၊ ပလူစိုရွ၊ ကျိုင်းကျသောဟန်၊ သုဝဏ်ဒွါရ၊ တံခါးပြင်က၊ စ၍စဉ်စီ၊ ပည်းသီအံ့လောက်၊ ထိုထိုရောက်၏၊ ရှေ့နောက်ထားနေ၊ တပ်ခင်းစေသည်။ ။   ဝေးမြေဓွန့် ရှည်လျား၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်