Posts

Showing posts from June, 2024

သူဇာပျို့

Image
သူဇာပျို့ ၉၄။   မြှော်ကြည့်ယောင်လျက် ၊ ဆင်ကသက်၍၊ ပြိုင်ဘက်လွတ်ရှား၊ ရွှေတံခါးဖြင့်၊ ကြွသွားနတ်တူ၊ တင်တော်မူ၍၊ ဖြီးထူစောင့်ကြပ်၊ သုံးထပ်တံခါး၊ လွန်ခဲ့ငြားမှ၊ ကိုးပါးမျက်ခတ်၊ ပြသာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊ သာပျော်တက်ပြီး၊ လျှံညီးရတနာ၊ စီမြွာကိုးပါး၊ ဆောင်တော်များကို၊ ထူးပြားရောင်ဝင်း၊ လက်တင်ဝင်းဝယ်၊ ခင်းသည်သင့်လျော်၊ နေရာတော်ထက်၊ စဉ်လျက်ထားမှ၊ မနာပ−က၊ စသည်တရွေ၊ ကွမ်းရေကိုင်မတ်၊ လျောက်ပတ်မူထား၊ လူမျိုးများကို၊ တောင်ပါးသာကျူး၊ ရှေ့ဆောင်ဦးဝယ်၊ပျံ့ပျူးဖျော်ဖြေ၊ နေကြစေမှ၊ ရဝေသာကျယ်၊ ဓဝယ်ဆောင်က၊ ဝင်လေကြွ၍၊ နန်းမစိုးစံ၊ မယ်တော့်ထံသို့၊ ကျိုးနွံရိုသေ၊ တိုင်ရောက်လေသော်၊ စေ့ရေခြင်းရာ၊ လျှောက်သည်မှာကား၊ အချာစိုးရ၊ ဘုန်းရောင်ပသည်၊ နန်းမဘုရား၊ ထွတ်ထိပ်ထား။ ။ ထင်ရှားကျော်သောင်း၊ မှုတော်ကောင်း၍၊ တိမ်းစောင်းမခွ၊ ဘုရာ့းကျွန်တော်၊ ကျူးကျော်ဝေးမြေ၊ သွားရလေလျှင်၊ အိမ်နေဘုရာ့း၊ ကျွန်တော်မမှာ၊ မိဘမောင်ဘား၊ ဆွေဝါးမဲ့ပါ၊ ကိုးကွယ်ရာသည်၊ အချာစိုးရ၊ အရှင်ပဟု၊ မည်မျှမည်မည်၊ မရှိသည်ကြောင့်၊ ဖျော်ဖြည်စေပါ၊ ကြင်နာလေးမြတ်၊ မပြတ်ခေါ်ဝေါ်၊ ထံတော်ချဉ်းကပ်၊ နီးစပ်နေထိုင်၊ လက်ကိုင်ပေးကမ်း၊ ဖုံလွမ်း မ စ၊ ပို့သစလေ့၊ ပြကတော

သူဇာပျို့

Image
သူဇာပျို့ ၉၃။   သတ္တရုဘင်္ဂ ၊ မင်္ဂလကို၊ မြန်မာ့အလို၊ ဆိုသော်ထူးမြတ်၊ ရန်ဖြတ်မင်္ဂလာ၊ ဆင်တော်ခွာ၍၊ ရှုသာစဉ်စီ၊ ဆောင်တော်နီက၊ ကျောက်စီပြိုးပြက်၊ ကွမ်းခွက်ရှေ့တည်၊ ဓွန့်ရှည်ရောင်ဖြိုး၊ လက်ဘက်အိုးနှင့်၊ တင့်နိုးယဉ်ဆုံး၊ လက်သုံးတော်ဓား၊ ရွက်ပြားရောင်တိတ်၊ ရွှေအိတ်ရောင်လတ်၊ ကျိုင်းချက်သိင်္ဂါ၊ ခြောက်စင်းကာလျက်၊ အရာယုတ်လွန်၊ ဝန်တွင်းဝန်က၊ စသည်သီးသီး၊ မှူးကြီးမတ်ပေါင်း၊ သိန်းသောင်းရံပြီး၊ စည်တော်တီလျက်၊ ကြွလေထွက်သော်၊ ဖြူညက်နုဝါ၊ မင်းသူဇာကား၊ သည်းချာစုရုံး၊ နှလုံးကြွင်းမဲ့၊ ထွက်လေကဲ့သို့၊ ချဲ့ချဲ့ပူဆာ၊ မချိရှာပြီး၊ ရှိကြာရွှေလက်၊ ဆယ်ချောင်းရှက်လျက်၊ မကွက်မျက်ခြည်၊ မျှော်လိုက်သည်နှင့်၊ မျက်ရည်စီးသွယ်၊ ဝင်းတော်ကွယ်က၊ ကြာ့နှယ်ယိမ်းနွဲ့၊ မိန်းမောခဲ့သော်၊ ကိုယ်လုပ်တော်တို့၊ ခေါ်ဝေါ်ယုယ၊ ချီပိုက်မ၍၊ ယူထဆောင်လျက်၊ ဆောင်မထက်ဝယ်၊ ကိုးမျက်စီပေါ်၊ သလွန်တော်ထက်၊ ဖြေဖျော်သာဖြား၊ တင်ကြာထား၍၊ ဆေးဝါးယှဉ်ကာ၊ မနည်းကြာမှ၊ သာက်သာသသ၊သတိရ၏၊ ဒီပလုံးယူ၊ စိုးမည့်သူလည်း၊ သည်းအူကြွင်းမဲ့၊ ရှိရစ်ကဲ့သို့၊ တငဲ့ငဲ့ပင်၊ ကြွလေကျင်၍၊ မျက်ရှင်ရောင်သွန်း၊ ရွှေနန်းတော်ရှေ့၊ ချမ်းမြေ့သာယာ၊ ဆင်ယှဉ်မှာနှိုက်၊ ရံကာစီစဉ်၊ ဆင်တော်ယှဉ်

သူဇာပျို့

Image
သူဇာပျို့ ၉၂။   သို့မှကျူးလွန် ၊ လေးလှဝန်ကို၊ မသန်အားနွဲ့၊ ထမ်းသကဲ့သို့၊ တူရှဲ့နှိုင်းဆို၊ ကိုယ်ကိုချီမ၊ အနိုင်ကြွ၍၊ မလှမျက်နှာ၊ ထခဲ့လာသော်၊ သူဇာခေါ်တွင်၊ မင်းရှင်ကစ၊ မောင်းမကိုယ်လုပ်၊ ရံအုပ်ပျိုတော်၊ ရေသော်ပည်းဖြင်၊ နတ်သွင်မယွင်း၊ ဆင်းရရင်းတို့၊ ပြတင်းကြီးပြင်၊ မာရဘင်ကျူး၊ လျောင်းတော်ဦးတိုင်၊ ရိုင်ရိုင်သဲမျှ။ လိုက်ပို့ကြ၏၊ ဒီပသောင်းပြင်၊ စိုးမည့်ရှင်လည်း၊ ပန်းသွင်ညှိုးငယ်၊ သနားဘွယ်လျှင်၊ နွမ်းနယ်လှစွာ၊ မယ့်မျက်နှာကို၊ ပြန်ကာလည်လှည့်၊ တကြည့်ကြည့်နှင့်၊ ဖျော်ဖြည့်သံချို၊ ထွေထွေဆိုသော်၊ ရွယ်ပျိုနုထွား၊ မင်းနှစ်ပါးကို၊ များသည်ခယ၊ မြင်သမျှတို့၊ ခေါ်ကြစိုက်စက်၊ စုံမက်ဆပွား၊ လွန်သနား၍၊ ရှုစားသာကြည်၊ မျက်ရည်မကျ၊ မရှိကြဘူး၊ လျောင်းဦးလက်ယာ၊ ဆင်ယှဉ်မှာနှိုက်၊ လက္ခဏာမြတ်စု၊ သတ္တရုဘင်္ဂ၊ မင်္ဂလဟု၊ မာဂဓဘာသာ၊ မည်သာခေါ်တွင်၊ စီးတော်ဆင်ကို၊ စုံအင်တန်ဆာ၊ ရတနာပြိုးပြက်၊ ကိုယ်လုံးခက်၍၊ ကိုးမျက်လျှံပတ်၊ စီချယ်လတ်သည်၊ စိတ္တတ္ထရဏ၊ မည်ရခေါ်ညီ၊ သဉ္ဇာလီကို၊ သိင်္ဂီဝင်းဝှန်၊ ဗုဇွန်ဆီကြိုး၊ လျှံပြိုးရောင်ထင်၊ ကြပ်တိုင်တင်လျက်၊ ညင်သည်ယဉ်ယဉ်၊ ယှဉ်နှင့်ရာသို့၊ ပွင့်လျာဘုန်းတူ၊ တက်တော်မူသည်။ ။   ဆာပူညွတ်တိမ်းပါး၏တည်