သူဇာပျို့
၉၂။ သို့မှကျူးလွန်၊ လေးလှဝန်ကို၊ မသန်အားနွဲ့၊ ထမ်းသကဲ့သို့၊
တူရှဲ့နှိုင်းဆို၊ ကိုယ်ကိုချီမ၊ အနိုင်ကြွ၍၊ မလှမျက်နှာ၊ ထခဲ့လာသော်၊
သူဇာခေါ်တွင်၊ မင်းရှင်ကစ၊ မောင်းမကိုယ်လုပ်၊ ရံအုပ်ပျိုတော်၊ ရေသော်ပည်းဖြင်၊
နတ်သွင်မယွင်း၊ ဆင်းရရင်းတို့၊ ပြတင်းကြီးပြင်၊ မာရဘင်ကျူး၊ လျောင်းတော်ဦးတိုင်၊
ရိုင်ရိုင်သဲမျှ။ လိုက်ပို့ကြ၏၊ ဒီပသောင်းပြင်၊ စိုးမည့်ရှင်လည်း၊
ပန်းသွင်ညှိုးငယ်၊ သနားဘွယ်လျှင်၊ နွမ်းနယ်လှစွာ၊ မယ့်မျက်နှာကို၊ ပြန်ကာလည်လှည့်၊
တကြည့်ကြည့်နှင့်၊ ဖျော်ဖြည့်သံချို၊ ထွေထွေဆိုသော်၊ ရွယ်ပျိုနုထွား၊
မင်းနှစ်ပါးကို၊ များသည်ခယ၊ မြင်သမျှတို့၊ ခေါ်ကြစိုက်စက်၊ စုံမက်ဆပွား၊
လွန်သနား၍၊ ရှုစားသာကြည်၊ မျက်ရည်မကျ၊ မရှိကြဘူး၊ လျောင်းဦးလက်ယာ၊
ဆင်ယှဉ်မှာနှိုက်၊ လက္ခဏာမြတ်စု၊ သတ္တရုဘင်္ဂ၊ မင်္ဂလဟု၊ မာဂဓဘာသာ၊ မည်သာခေါ်တွင်၊
စီးတော်ဆင်ကို၊ စုံအင်တန်ဆာ၊ ရတနာပြိုးပြက်၊ ကိုယ်လုံးခက်၍၊ ကိုးမျက်လျှံပတ်၊
စီချယ်လတ်သည်၊ စိတ္တတ္ထရဏ၊ မည်ရခေါ်ညီ၊ သဉ္ဇာလီကို၊ သိင်္ဂီဝင်းဝှန်၊
ဗုဇွန်ဆီကြိုး၊ လျှံပြိုးရောင်ထင်၊ ကြပ်တိုင်တင်လျက်၊ ညင်သည်ယဉ်ယဉ်၊
ယှဉ်နှင့်ရာသို့၊ ပွင့်လျာဘုန်းတူ၊ တက်တော်မူသည်။ ။ ဆာပူညွတ်တိမ်းပါး၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment