သူဇာပျို့
၉၄။ မြှော်ကြည့်ယောင်လျက်၊ ဆင်ကသက်၍၊ ပြိုင်ဘက်လွတ်ရှား၊
ရွှေတံခါးဖြင့်၊ ကြွသွားနတ်တူ၊ တင်တော်မူ၍၊ ဖြီးထူစောင့်ကြပ်၊ သုံးထပ်တံခါး၊
လွန်ခဲ့ငြားမှ၊ ကိုးပါးမျက်ခတ်၊ ပြသာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊
သာပျော်တက်ပြီး၊ လျှံညီးရတနာ၊ စီမြွာကိုးပါး၊ ဆောင်တော်များကို၊ ထူးပြားရောင်ဝင်း၊
လက်တင်ဝင်းဝယ်၊ ခင်းသည်သင့်လျော်၊ နေရာတော်ထက်၊ စဉ်လျက်ထားမှ၊ မနာပ−က၊ စသည်တရွေ၊
ကွမ်းရေကိုင်မတ်၊ လျောက်ပတ်မူထား၊ လူမျိုးများကို၊ တောင်ပါးသာကျူး၊
ရှေ့ဆောင်ဦးဝယ်၊ပျံ့ပျူးဖျော်ဖြေ၊ နေကြစေမှ၊ ရဝေသာကျယ်၊ ဓဝယ်ဆောင်က၊ ဝင်လေကြွ၍၊
နန်းမစိုးစံ၊ မယ်တော့်ထံသို့၊ ကျိုးနွံရိုသေ၊ တိုင်ရောက်လေသော်၊ စေ့ရေခြင်းရာ၊
လျှောက်သည်မှာကား၊ အချာစိုးရ၊ ဘုန်းရောင်ပသည်၊ နန်းမဘုရား၊ ထွတ်ထိပ်ထား။ ။
ထင်ရှားကျော်သောင်း၊ မှုတော်ကောင်း၍၊ တိမ်းစောင်းမခွ၊ ဘုရာ့းကျွန်တော်၊
ကျူးကျော်ဝေးမြေ၊ သွားရလေလျှင်၊ အိမ်နေဘုရာ့း၊ ကျွန်တော်မမှာ၊ မိဘမောင်ဘား၊
ဆွေဝါးမဲ့ပါ၊ ကိုးကွယ်ရာသည်၊ အချာစိုးရ၊ အရှင်ပဟု၊ မည်မျှမည်မည်၊ မရှိသည်ကြောင့်၊
ဖျော်ဖြည်စေပါ၊ ကြင်နာလေးမြတ်၊ မပြတ်ခေါ်ဝေါ်၊ ထံတော်ချဉ်းကပ်၊ နီးစပ်နေထိုင်၊
လက်ကိုင်ပေးကမ်း၊ ဖုံလွမ်း မ စ၊ ပို့သစလေ့၊ ပြကတော့တွင်၊ ထူး၍ထပ်လှောက်၊
ချီးမြှောက်မြှင့်ပါ၊ မျက်နှာညှိုးငယ်၊ နွမ်းနယ်နိမ့်ကျ၊ မရှိရအောင်၊ မ−−ပါဘုရား၊
နှစ်ပါးထွတ်တင်၊ အရှင်တို့သာ၊ ကိုးရာဖြစ်လျက်၊ ငဲ့ကွက်ပေါ့ဆ၊ ရှိချေကမူ၊
ပြင်ပမည်သူ၊ ကြည်ဖြူစိတ်ထား၊ မခစားပြီ၊ ရှောင်ရှားသွေဖည်၊ နေတော့မည်သည်။ ။ မြဲတည်နေကျအမှန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment