သူဇာပျို့
၉၅။ အယုတ် − အလတ်၊ အမြတ်မှန်ထား၊ စေပါးများကို၊
စော်ကားကြော့ကြမ်း၊ အဟမ်း မမ၊ လွှားပ ထောင်ထား၊ စကား မာမာ၊ မှန်ရာမသိ၊
ပြုံးရိပ်ရှိလည်း၊ ဝိဝိပျော့ညံ့၊ နောင်မဝံ့အောင်၊ အခေါင်ထိပ်နင်း၊
တင်းတင်းကြပ်ကြပ်၊ ပြားပြားဝပ်မျှ၊ ကွပ်ညှပ်မျက်ပါ၊ လိမ္မာနည်းလှ၊ ကျွန်တော်မမှာ၊
ပြည်ပသူကို၊ မဆိုနှင့်ဦး၊ အထူးရံခါ၊ ဆိတ်စာဒေါသ၊ ရိပ်မြွက်ဟ၍၊ ဘုရားကျွန်တော်၊
ဆိုမိသော်မျှ၊ ထွေငေါ်ဖော်ထုတ်၊ နှုတ်လည်းလော်လဲ၊ မတုံ့ဘဲနှင့်၊ ယိုရွှဲမျက်ရည်၊
ငိုတော့မည်ကို၊ ရှေ့တည်၍သာ၊ မျက်နှာပျက်လွယ်၊ ညှိုးငယ်ဆွတ်လွတ်၊ ဝမ်းနည်းတတ်ခဲ့၊
အထွတ်ထားတင်၊ အရှင်နှစ်ပါး၊ ထောက်သနား၍၊ ဖျော်ဖြားပျူဟာ၊ လိုလိုက်ပါမှ၊
မျက်နှာလန်း၍၊ သာချမ်းမြေ့လျက်၊ ပျော်မွေ့ပါမည်၊ ရွှေရည်ရတနာ၊ မြေးတော်မှာလည်း၊
ဆိတ်စာသလေး၊ ငယ်လှသေးခဲ့၊ နာဆေးဖျားတာ၊ အရာကိစ္စ၊ ရှိသမျှကို၊ နန်းမဘုရား၊
တို့ထိပ်ထားသည်၊ ဆေးဝါးကစ၊ မလစ်ရအောင်၊ ထောက်မကုသပ်၊ ကြပ်ကြပ်တည်းတည်း၊
သိမ်းဆည်းပိုက်ထုပ်၊ အုပ်တော်မူပါ၊ မေတ္တာတော်ညွန့်၊ သစ်သစ်သန့်လျက်၊
ပွားပြန့်ဆင့်လောင်း၊ ပါမည့်ကြောင်းကို၊ ဆယ်ချောင်းရှိကြာ။၊ တင်လျှောက်ပါသည်။ ။ ပန်ထွာညွတ်ခလျှောက်ပန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment