Posts

Showing posts from July, 2024

သူဇာပျို့

Image
သူဇာပျို့ ၉၉။   စကြဝတေး ၊ ရှေးမင်းတို့ဝယ်၊ ဂုဏ်ကြွယ်ခိုင်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာသို့၊ သည်းချာစုရုံး၊ ဘနှလုံးကို၊ ယူကျုံးသော့ထွေ၊ ချမ်းသာစေလျက်၊ ညွန့်ဝေသီရိ၊ ဘုန်းစရှိသည့်၊ ဘကြီးရင်နှစ်၊ ဥပရာဇ်။ ၊ ကြင်ချစ်မပြား၊ မောင့်မြောက်သားနှင့်၊ သည်းကြားရတနာ၊ ပုဏ္ဏမာကို၊ အရာကိစ္စ၊ ရှိသမျှပင်၊ ကြောင့်ကြသမ်းညှိုး၊ မောင်မစိုးနှင့်၊ သူ့မိုးသူ့မြေ၊ သူ့တိုင်းခြေသို့၊ ရောက်လေသောခါ၊ ဖျားနာမထောင်၊ ချမ်းသာကြောင်းကို၊ နန်းလောင်းမောင်ပု၊ သတိပြုလော့၊ များထုအရာ၊ စစ်ရေးမှာကား၊ ကြေညာပေါက်ပြ၊ မောင်ချီကလျှင်၊ ထွန်းပမိုးသောက်၊ နေရောင်ကျောက်သော်၊ နှင်းပေါက်လွင့်လေ၊ ခြောက်သွေ့ပြေသို့၊ ဝိုက်ခွေထောက်ထောက်၊ ရန်မျိုးပျောက်၍၊ လွင့်ချောက်ပြစ်ပြစ်၊ စင်မည်ဖြစ်ကို၊ စင်စစ်နေကျ၊ ငါသိလှပြီ၊ သည်ကချီလျှင်၊ စစ်လမ်းတွင်မူ၊ ငြိုငြင်ရှားပါး၊ ဆင်းရဲသားတို့၊ ခမ်းနားဥစ္စာ၊ သုံးဆောင်ရာကို၊ ဘွေရှာနှိပ်စက်၊ ဟင်းရွက်တချပ်၊ စောင့်ကြပ်ကာဆီး၊ သစ်သီးတလုံး၊ ဆောင်သုံးစွဲရ၊ ဝါး တစမျှ၊ စိတ်က မကြည်၊ မပေးသည်ကို၊ ခေါင်းတည်ကြီးမ၊ တပ်မှူးစသည်၊ များလှတသွန်၊ မောင့်ကျွန်တော်မျိုး၊ လူဆိုးလူကောင်း၊ သိန်း, သောင်းဝမ်းလျား၊ ရဲမက်များသို့၊ လျှပ်စား−သောက်စား၊ ပို

သူဇာပျို့

Image
သူဇာပျို့ ၉၈။   ယင်းသို့းသာပျော် ၊ မယ်တော်ဘုန်းထူ၊ မိန့်တော်မူသော်၊ ဇမ္ဗူစွဲရည်၊ လျှောက်ပြန်မည်ကား၊ ဖြီးစည်ဂုဏ်အင်၊ ကျေးဇူးတင်သည်၊ ဆွတ်ကြည်မြတ်လေး၊ မိဘုန်းမွှေး၊ စစ်ရေးမက်ရာ၊ စစ်မှုမှာကို၊ ထွတ်ချာရွှေစိတ်၊ ဆံဆယ်စိတ်မျှ၊ လန့်ထိပ်ရွံ့ရှာ၊ မစိုးပါနှင့်၊ သီတာပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ကြငှန်းထီးဆောင်း၊ မင်းအပေါင်းတို့၊ ဦးခေါင်းစူဠာ၊ မြတ်အင်္ဂါကို၊ မကြာမယူ၊ နေ့ချင်းယူ၍၊ လွယ်ကူသာပျော်၊ ဆက်မိန့်သော်လည်း၊ ဘုန်းတော်ရိပ်သာ၊ ထိပ်ထပ်ကာလျက်၊ မကြာရက်ရက်၊ ကျွန်တော်ဆက်မည်၊ နှောင့်ရှက်စွန်းငြိ၊ စိုးတစိမျှ၊ မရှိစေဘူး၊ အံ့ရာကျူးစိမ့်၊ ကိုယ်ထူးရှိလှာ၊ ကိုးရာမရ၊ ကျွန်တော်မနှင့်၊ နေကြမျက်ဖျော်၊ ရှုတိုင်းပျော်သည်၊ ကျွန်တော်ရတနာ၊ ငယ်ကိုသာလျှင်၊ ထွတ်ချာဘုန်းမော်၊ မိန့်တော်မြတ်တိုင်း၊ ထုံးဝိုင်းမသွေ၊ မြဲနေသေချာ၊ သနားပါဟု၊ ထပ်ကာဆင့်လှောက်၊ ကျိုးနွံလျှောက်မှ၊ ရွှေမှောက်ဒိဗ္ဗ၊ ရာဇိန္ဒနှင့်၊ ဦးချကော်ရော်၊ ညွတ်ပူဇော်သည်၊ သာပျော်စိတ်ကြည်၊ သွားခွင့်ရည်သော်၊ ဘုန်းစည်တောက်ပ၊ မွေးဘရန်နင်း၊ မိန့်သံညင်းသည်။ ။   ကြိုင်သင်းမဉ္ဇူအဟန်တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၉၇။   ရတနာစု ၊ မြေးမောင်ပုကို၊ ပျိုလုမတတ်၊ အသက်ပြတ်မျှ၊ အထွတ်လူတွင်၊ မောင့်ဘခင်နှင့်၊ မ−ရှင်ကစ၊ တကွရိပ်မြုံ၊ ရွှေဘုံနန်းလုံး၊ စုရုံးညီညာ၊ မေတ္တာကြီးအင်၊ ချစ်စဉ်ပင်ကို၊ ကြင်ကြင်နာနာ၊ အရာမည်မျှ၊ မလစ်ရအောင်၊ မ စ သိမ်းချုပ်၊ ပိုက်ထုတ်အုပ်ပါ၊ မှာရာမှာလည်း၊ ဘွေရှာကြောင့်ကြ၊ ဖြစ်လွန်းလှ၏၊ တွေးဆသင်္ကာ၊ သည့်နှယ်မှာကို၊ ဆ့လွှာမြူမျှ၊ မကြောင့်ကြနှင့်၊ တကွတူရှိ၊ မောင်ဟိသည်ထက်၊ ဖျော်ဖြည်သာဖြူး၊ သစ်သစ်ထူး၍၊ အကျူးလွန်စွာ၊ ချစ်မည်သာလျှင်၊ နန်းလျာရည်သွား၊ မိထိပ်ထားသည်၊ ရင်သားသည်းချာ၊ မောင်မှတ်ပါတော့၊ စစ်ရာမက်ရေး၊ ရှုပ်ထွေးလုံခြုံ၊ မှုမျိုးကုံသည်၊ ရွှေဘုံသိင်္ဂီ၊ စံနန်းမက၊ အမှအရှင်၊ မြှော်လျက်ပင်လျှင်၊ မဝင်စားသောက်၊ အိပ်နေဘောက်မျှ၊ ညှိုးခေါက်မူသည်၊ ရွှမ်းမျက်ရည်နှင့်၊ မတည်ရှိုက်လွမ်း၊ လှိုက်သည့်ဝမ်းကို၊ သာချမ်းရေ့နှယ်၊ ငြိမ်းသက်လွယ်အောင်၊ မှတ်ရွယ်နေကြ၊ လုံ့လပြုပါ၊ မိသည်းချာသည်၊ ရေးရာကုန်စင်၊ ပြီးအောင်မြင်၍၊ ပြန်လျင်သဖြင့်၊ ခါမြင့်ရှည်ကျော်၊ ဘုန်းတော်ကြီးအင်၊ ဘနတ်ရှင်ကို၊ တိုင်းခွင်ကြေညာ၊ လူချမ်းသာနှင့်၊ ညွန့်ဖြာသားချစ်၊ မြေး, မြစ်နောက်နောင်၊ ဆက်ထွန်းအောင်ကို၊ ဆောင်နိုင်ပါစေ၊ လျှံဝေတောက်ပြုန်း၊

သူဇာပျို့

Image
သူဇာပျို့ ၉၆။   ယင်းသို့လျှောက်သော် ၊ မယ်တော်ဘုရား၊ မိန့်ပေငြား၍၊ ကြိုင်ရှားပျံ့ကြွယ်၊ နတ်ပန်းနှယ်လျှင်၊ ထိပ်ဝယ်ဆင်တင့်၊ ရှုမျက်ပွင့်သည်၊ မရှင့်သည်းချာ၊ နန်းပွင့်လျာ။ ။ ဘွေရှာတွေးဆ၊ ဘယ်ကိစ္စကြောင့်၊ ကြောင့်ကြလှည့်တာ၊ မဆိုရာကို၊ ဆိုရှာသနည်း၊ မောင့်ခမည်းနှင့်၊ ကျော်သည်းမြေပေါ်၊ မောင့်မယ်တော်မှာ၊ ရှုပျော်မေတ္တာ၊ ပုံစရာသည်၊ သည်းချာသက်လှယ်၊ မောင်နှင့်မယ်သာ၊ ဖြစ်ပါသည်ကို၊ ရွယ်ပျိုနုထွား၊ မိသည်းကြားမှာ၊ တခြားတူရှဲ့၊ ရှိပြန်ကြံသို့၊ ထောက်ငဲ့ထွေဆန်း၊ စိုးရိမ်လွန်းစွ၊ ထိပ်ပန်းမောင်ချည်း၊ တယောက်တည်းလျှင်၊ ဘော်နည်းနေကျ၊ ချစ်−မဝ၍၊ ဘယ်ကဘော်လှာ၊ ရပါမည်နည်း၊ ပေါင်းစည်းညီညာ၊ အောက်မေ့ရာတွင်၊ လှူဒါပုည၊ ကံဟောင်းမ၍၊ မယ်လှသည်းချာ၊ ဝေးရပ်ရွာက၊ ပေါ်လှာပေသည်၊ ရွှေရည်ရွှေခဲ၊ ပုလဲဖြူညက်၊ တို့အသက်ဟု၊ စုံမက်အင်ပြည့်၊ မှတ်ပါ၏ရှင့်၊ သို့သည်သမီး၊ မငြီးရှုပြော၊ စိတ်ဇော ပီတိ၊ မျက်စိ တန်ဆာ၊ အရသာကို၊ မစ္ဆာမှားယူ၊ ဘယ်သသူလျှင်၊ ကျင့်မူရုန့်ရိုင်း၊ မကိုင်းမညွတ်၊ ကိုယ်လွတ်ရှောင်ခွာ၊ ကွယ်ရာမျက်မှောက်၊ မောက်စောက် ဟုံးစုံး၊ နှလုံးဝမ်းမှာ၊ မသာယာအောင်၊ ရန်ရှာလွှားပ၊ ဝံ့ရမည်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်ပုံစုရာ၊ မိသည်းချာသည်။ ။   ဘ