Posts

Showing posts from September, 2024

သူဇာပျို့

Image
သူဇာပျို့ ၁၀၈။   ထိုသို့သောခါ ၊ မင်းသူဇာကား၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်လွန်းလှ၍၊ မဟနိုင်ရာ၊ မျက်နှာဖြူခြောက်၊ တဆုပ်လောက်နှင့်၊ ရွှေမှောက်ထွတ်ချက်၊ ရှစ်သောင်းထက်၏၊ နှစ်ဘက်ခြေမှာ၊ ဖက်၍သာလျှင်၊ သည်းချာမဟိ၊ ဟိုက်လျှင်းဘိ၏၊ သို့ရှိခါသော်၊ ပျိုတော်တယောက်၊ ကြွင်းမဲ့လျှောက်က၊ နန်းမထိပ်ပေါ်၊ မျက်တော်ပြင်းလှ၊ ဟူးဟူးထ၍၊ ပါပကျင့်ညစ်၊ ပုဏ္ဏားယစ်သည်၊ ဧကရာဇ်အလျာ၊ ငါ့သည်းချာကို၊ ပြင်းစွာမုန်းထား၊ အငြိုးထား၍၊ လှည့်စားပြုပြင်၊ သို့စင်ကွေ့လည်း၊ ကြံစည်သည်ကို၊ မရှည်ကြာခင်၊ ပူပင်လတ်လတ်၊ သင့်ကိုသတ်ပါ၊ မြိုင်သာရိပ်လန်း၊ ဥယျာဉ်နန်းဝယ်၊ ဘုန်းရွှန်းလျှံဝေ၊ ကိုယ်တော်နေ၏၊ လျှောက်ချေအလျင်၊ ယခုပင်ဟု၊ မရွှင်ထဲပိုက်၊ စေလိုက်သော့အား၊ စေသူသွား၍၊ တံခါးသေချာ၊ ဥယျာဉ်မှာနှိုက်၊ လွှား, ကာ, ဒိုင်း, ဝင်း၊ လက်နက်ကျင်းလျက်၊ ထန်ပြင်းဆီးဆ၊ မဝင်ရဘဲ၊ ဖင့်နွှဲမကြာ၊ ပြန်ရောက်လှာသော်၊ အချာနန်းမ၊ အစိုးရသည်၊ ကြင်ဆသက်တူ၊ မိဘုန်းထူကား၊ မင်းသူဇာကို၊ ဘယ်၍ငိုမှ၊ ဆိုသည့်ပျံ့ကြွယ်၊ မင်းလှငယ်။ ။ အံ့ဘွယ်ပုံဖြီး၊ မြေကြီးမှောက်လှန်၊ ကမ္ဘာပြန်သို့၊ ဖြစ်ဟန်တူစွာ၊ သည်ရေးရာသည်၊ မျက်ပါငြိုးထား၊ သည်ပုဏ္ဏားနှင့်၊ မခြားတူပင်၊ သည်ရှင်ဘုရင်၊ တိုင်ပင်

သူဇာပျို့

Image
သူဇာပျို့ ၁၀၇။   သို့နှင့်မနေ ၊ ရှာဘွေကာကာ၊ မင်းသူဇာမှာ၊ ဖန်ပြာအိကျုံး၊ ရောင်မြှုံးပတ္တလား၊ ပန်းရောင်ဝါးနှင့်၊ ပိတ်သားရွှေချည်၊ ထိုးသည်သေသတ်၊ လက်ခတ်အမိုး၊ သန္တာရိုးကို၊ မြတ်နိုးကြည်လင်၊ ထိပ်မှာတင်၍၊ ရင်မှာချပ်လျက်၊ ပြိုက်စက်သွယ်ရွှမ်း၊ ခုခုနမ်းသည်၊ အလွမ်းထပ်ကာ၊ မပြေရှာသော်၊ ဝေဆာမူးမှောင်၊ ပြူယောင်ပြုမှား၊ ဘိုးများနဂ္ဃ၊ ပုကန်မြတွင်၊ ကြိုင်ပျဖြိုးပြည့်၊ နှင်းရည်ထည့်၍၊ ယင်းသည့်ထိပ်ထွတ်၊ တီးမြဲမှတ်သည်၊ လက်ခတ်သစ်ပေါ့၊ ပန်းရည့်ဖြော့ကို၊ ပျောင်းပျော့ပူဆာ၊ ထိပ်မှာလည်းတင်၊ ရင်မှာလည်းချပ်၊ ပါးမှာကပ်၍၊ ပွတ်သပ်ဖန်များ၊ နမ်းသည်လားနှင့်၊ လွမ်းအားကြီးအင်၊ နေစဉ်တွင်နှိုက်၊ ပည်းဖြင်တအုပ်၊ ကိုယ်လုပ်မောင်းမ၊ အကြီးစသည်၊ ငိုကြလန့်ကြ၊ ဘုရားဘုရား၊ တို့ထိပ်ထားကို၊ ပုဏ္ဏားလူကျော်၊ ယဇ်ပူဇော်ရာ၊ ယဇ်စာထည့်မည်၊ ယူလာသည်ရှင့်၊ ခုပင်ထိပ်နင်း၊ ရွှေနန်းတွင်းသို့၊ အပြင်းရှေးရှူ၊ ဝင်တော်မူမှ၊ ခေါ်ယူတဲမ၊ ဝန်းရံကြလျက်၊ နဝရတနာ၊ စီမြွာကိုးမျက်၊ ရွှေယာဉ်ထက်သို့၊ ရွှေလက်ဆွဲငင်၊ အသော့တင်မှ၊ ဆောလျင်ပြင်းပြ၊ သွားလေကြ၍၊ နန်းမစိုးစံ၊ ဘုရားထံသို့၊ ရည်သံထုတ်ချောက်၊ ဝင်လေရောက်သော်၊ ရွှေမှောက်ထိပ်ဗွေ၊ အေ − အေ မယ်မှ၊ ဘယ်ကိစ္စဟု၊ ထိတ်လှလ

သူဇာပျို့

Image
သူဇာပျို့ ၁၀၆။   အိမ်ရှေ့မိဖုရား ၊ ထွတ်ထားစရာ၊ မိသူဇာကို၊ ယစ်စာပို့ယူ၊ အပ်မည်ဟူ၍၊ လူသူများစွာ၊ ပုဏ္ဏားလာဟု၊ ရှိန်ဝါပြောင်ပြောင်၊ ရှားမီးလောင်သို့၊ ထိန်အောင်ထိတ်လှ၊ လန့်ဖျပ်ကြသော်၊ ပြင်ကအတွင်း၊ ချက်ချင်းခဏ၊ ကြားသိကြ၍၊ ခြောက်ပါးနှောင်းမြင်၊ မင်းရှင်လှမှာ၊ မရွှင်ညွတ်ခွေ့၊ ယင်းသည့်နေ့တွင်၊ ဝိုက်ဝှေ့ဝမ်းမှာ၊ အခါခါထက်၊ ထပ်ကာလောင်းဆင့်၊ အလွမ်းမြင့်၍၊ သခင့်ခြေရာ၊ ထိပ်ချာဗွေထက်၊ မျက်နှာကြက်ကို၊ ရှိလက်စုံကာ၊ ကြိမ်ခါများလှ၊ ဦးသာချ၍၊ ထိပ်စတင်တင်၊ သခင်ညစ်ခံ၊ ညိုလျှံလဲ့ရှိမ်း၊ အစိမ်းဆယ်မည်၊ ရွှေခြည်ကပ်ကွက်၊ လက်ချိပ်ရက်သည်၊ ချောညက်ကျူကျော်၊ ဝတ်လဲတော်ကို၊ ထိပ်ပေါ်တင်ကာ၊ မျက်နှာအုပ်လွွှမ်း၊ ကြိမ်ကြိမ်နမ်း၍၊ အလွမ်းမပြေ၊ သည်းလေလေဖြင့်၊ ဘွေဘွေရှာရှာ၊ စက်မွေ့ရာကို၊ နမ်းပါသော်လည်း၊ လွမ်းပြန်သည်း၍၊ တင့်ရည်းသာရွှင်၊ ထိပ်တင်မင်းလှ၊ တီးနေကြသည်၊ စိမ်းမြချယ်စီ၊ သိင်္ဂီမြူမဲ့၊ ရွှေညှို့ဘွဲ့လျက်၊ နှိုင်းရှဲ့မရ၊ ကရဝိက၊ ဃောသမည်မှတ်၊ စောင်းတုလွတ်ကို၊ လေးမြတ်စုံမက်၊ ပိုက်ခါဘက်၍၊ ရွှေလက်ထိရာ၊ သည်ဆီမှာတု၊ ဘွေရှာယောင်ယမ်း၊ ကြံကာနမ်းသည်၊ အလွမ်းထပ်ကျယ်၊ သနားဘွယ်။ ။   ပြိုက်သွယ်မျက်ရည်နှင့်သာတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေ

သူဇာပျို့

Image
သူဇာပျို့ ၁၀၅။   အနုပိယဘာဏီ ၊ ခေါ်ညီစင်စစ်၊ ခင်ပွန်းဖြစ်သည်၊ ကျင့်ညစ်ပုဏ္ဏား၊ ဆိုစကားကို၊ ယုံမှာချေ၍၊ စုံစေ့များစွာ၊ လိုရာရာကို၊ ဘွေရှာစိတ်အား၊ လျောက်လျားယူလေ၊ ရွှေမြေတိုင်းကျော်၊ နိုင်ငံတော်တွင်၊ မပေါ်မရှိ၊ မသိသည်သာ၊ ဆရာမယူ၊ လွတ်လေဟူ၍၊ လွယ်ကူသံချို၊ စုန်းကိုသားကင်၊ ထည့်မှားကျင်သို့၊ နတ်ရှင်ဘုန်းထွတ်၊ မိန့်တော်လွှတ်၍၊ ချမ်းမြတ်ရိပ်ဝှဲ၊ ဥယျာဉ်ထဲသို့၊ ဘော်ရှဲရှောင်နေ၊ ကြွဝင်လေ၏၊ ပေအောင်ငယ်က၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ သညီငယ်မည်၊ တွင်သည်ကြားကျော်၊ ကြီးရင့်သော်ကား၊ မလျော်လေဘဲ၊ ကျူးကဲမိုးလှ၊ ရာဇိန္ဒရာဇဂုရု၊ နုသည်နာမ၊ ဘွဲ့မည်ရသည်၊ လောဘရမ္မက်၊ ပုဏ္ဏားပျက်ကား၊ သားငှက်ပုံယင်၊ မြင်းဆင်ကစ၊ များလှတိရစ္ဆာန်၊ သေဒဏ်မှတ်သား၊ နှောင်ထားသည့်လူ၊ ယူ၍ဖြင်ညီး၊ စုထားပြီးသော်၊ အံ့ချီးလူ့မြေ၊ ကိန္နရေကို၊ ရစေမင်းများ၊ ခုလျင်လျားဟု၊ ဆိုငြားသောခါ၊ ကိန္နရာကို၊ ဘယ်မှာတို့သည်၊ ရနိုင်မည်ဟု၊ မကြည်မချို၊ မတ်များဆိုသော်၊ နဂိုရ်ရွှေပြည်၊ ပျက်စီးမည်ကို၊ တားဆည်ဆီးဆ၊ တယောက်မျှလျှင်၊ တီတွမဲ့ထွေ၊ မသေကောင်းလော၊ လျင်ဆောခုသာ၊ မိသူဇာကို၊ ငါပင်ရှေ့တည်၊ သွားယူမည်ဟု၊ အရည်စိမ်းစို၊ မြင်းမိုရ်ရွှေကြပ်၊ လျှပ်လျှပ်ပြောင်ပြောင်၊ နောက်ကဆောင်လျ