သူဇာပျို့
သူဇာပျို့ ၁၁၇။ မြင့်ဖြူးအာကာ ၊ မိုးကသာလျှင်၊ ဗျာပါခိုးမျှ၊ ယမ်းယော်ဆ၍၊ ကျွန်မလိုက်လှာ၊ ခု ရှာပါသည်၊ သည်မှာတည့်တည့်၊ မောင်ရှိ၏ဟု၊ ဖျော်ဖြည့်သံချို၊ မင်းပျိုပျိုငယ်၊ ဆီးကြိုအသင့်၊ မခေါ်နှင့်ပါ၊ ကျွန်မသာလျှင်၊ အူချာပြတ်မျှ၊ ရာ့ခုနှစ်ကွက်၊ စက်လက္ခဏာ၊ အစုံပါသည်၊ အင်္ဂါထင်ရှား၊ ဘဝါးတော်က၊ ရေတွက်ဆ၍၊ ယဉ်လှတင့်ဆုံး၊ သားလုံးပုဆစ်၊ ပြေပြစ်တင်ရင်၊ နောင်ပြင်ရှေ့မှာ၊ မျက်နှာလှကျော်၊ ဗောင်းတော်ညွန့်ရှည်၊ ရစ်လည်ခွေခေါက်၊ ထက်ဖျားရောက်အောင်၊ ထက်အောက်ဘွေရှာ၊ ကြည့်လေရာပင်၊ မြူလွှာဆံလောက်၊ ရိုင်းမျိုးပျောက်၍၊ မိုးမောက်အထု၊ ယဉ်မျိုးစုသည်၊ အနုစေသား၊ ပြိုင်ဘော်ရှား၏၊ သူများဗောင်းတတ်၊ သေသတ်ကျူးကျော်၊ ဗောင်းထုပ်တော်လည်း၊ အတော်မလွဲ၊ အမြဲကျမှ၊ ယဉ်ကျေးကြ၏၊ ကျွန်မထိပ်ဗွေ၊ ဘုန်းညွန့်ဝေမှာ၊ သေသေသတ်သတ်၊ တတ်လည်းတတ်၏၊ အမှတ်မဲ့သာ၊ လွယ်ကာပင်လိုက်၊ ဖြစ်ကြိုက်ဖြစ်စေ၊ အနေမတော်၊ ရွဲ့စောင်းသော်လည်း၊ ခေါင်းတော်ဗောင်းနှင့်၊ တင့်သည်ကျူးကျော်၊ မျက်နှာတော်မှာ၊ ပြိုင်ဘော်ရှိဘူး၊ ယဉ်မျိုးကြူး၏၊ ဘုန်းထူးသည့်ရှင်၊ မယ့်ထိပ်တင်ကို၊ ဖူးချင်ပြင်းစွာ၊ လိုက်ရှာပါရှင့်၊ အခါဆည်းဆာ၊ နေဖန်ဝါသည်။ ။ ဝင်ပါနှင့်ဦး − ရောင်ဖြာမြူး ။ စာဆို...