သူဇာပျို့

သူဇာပျို့ ၁၃၀။ သဘောဖြောင့်သား ၊ တရားကိုသာ၊ ဒါယိကာမ၊ နေကျမှတ်သား၊ နှလုံးထားလော့၊ တပါးတပို၊ ကွဲပြိုတတ်သော၊ သဘောမည်သည်၊ အတည်မမြဲ၊ ပြိုကွဲသည်သာ၊ ဖြစ်တတ်စွာ၏၊ ထွေလာဘောက်ယွင်း၊ ကွေကွဲခြင်းလည်း၊ ကွေကွင်းတတ်စွ၊ မြဲနေကြသည်၊ ဒုက္ခအဘို့၊ ဤသို့မလွဲ၊ ပြိုကွဲကွေကွင်း၊ ကွာရှဲခြင်းကား၊ စင်းလျင်းမှန်လှ၊ တကာမချည်း၊ တယောက်တည်းမှာ၊ မဟုတ်ပါသည်၊ သင်္ချာမဟဲ့၊ တိုင်းမဲ့များစွာ၊ စက္ကဝါနှိုက်၊ ရောရာမရ၊ တည်ကုန်ကြသည်၊ များလှသတ္တဝါ၊ ခပ်သိမ်းမှာပင်၊ ကွေကွာပြိုကွဲ၊ ကြရမြဲတည့်၊ နက်နဲပညာ၊ ဒါယိကာတော်မ၊ သတိရလော့၊ သဗ္ဗသတ္တာ၊ သတ္တဝါတို့၊ ဝေါဟာတွင်မည်၊ ဤသို့သည်ကား၊ မကြည်ချစ်ရာ၊ ရွံဘွယ်သာတည့်၊ ကေသာဆံ၊ အမွေးစသည်၊ ဒေါသပြဲ့ပြဲ့၊ သုံးဆယ့်နှစ်ပါး၊ ခြင်းရအားဖြင့်၊ ဖြစ်သားယုတ်မာ၊ တည်ရာသာတိ၊ ရွံရှာတလ္လ၊ ကိုးဒွါရမှ၊ ကျသည်သွယ်သွယ်၊ စက်ဆုပ်ဘွယ်သည်။ ။ ပုပ်ကြွယ်နံ့လှောင်းထွက်ယိုတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်