သူဇာပျို့
၁၃၀။ သဘောဖြောင့်သား၊ တရားကိုသာ၊ ဒါယိကာမ၊ နေကျမှတ်သား၊ နှလုံးထားလော့၊ တပါးတပို၊ ကွဲပြိုတတ်သော၊ သဘောမည်သည်၊ အတည်မမြဲ၊ ပြိုကွဲသည်သာ၊ ဖြစ်တတ်စွာ၏၊ ထွေလာဘောက်ယွင်း၊ ကွေကွဲခြင်းလည်း၊ ကွေကွင်းတတ်စွ၊ မြဲနေကြသည်၊ ဒုက္ခအဘို့၊ ဤသို့မလွဲ၊ ပြိုကွဲကွေကွင်း၊ ကွာရှဲခြင်းကား၊ စင်းလျင်းမှန်လှ၊ တကာမချည်း၊ တယောက်တည်းမှာ၊ မဟုတ်ပါသည်၊ သင်္ချာမဟဲ့၊ တိုင်းမဲ့များစွာ၊ စက္ကဝါနှိုက်၊ ရောရာမရ၊ တည်ကုန်ကြသည်၊ များလှသတ္တဝါ၊ ခပ်သိမ်းမှာပင်၊ ကွေကွာပြိုကွဲ၊ ကြရမြဲတည့်၊ နက်နဲပညာ၊ ဒါယိကာတော်မ၊ သတိရလော့၊ သဗ္ဗသတ္တာ၊ သတ္တဝါတို့၊ ဝေါဟာတွင်မည်၊ ဤသို့သည်ကား၊ မကြည်ချစ်ရာ၊ ရွံဘွယ်သာတည့်၊ ကေသာဆံ၊ အမွေးစသည်၊ ဒေါသပြဲ့ပြဲ့၊ သုံးဆယ့်နှစ်ပါး၊ ခြင်းရအားဖြင့်၊ ဖြစ်သားယုတ်မာ၊ တည်ရာသာတိ၊ ရွံရှာတလ္လ၊ ကိုးဒွါရမှ၊ ကျသည်သွယ်သွယ်၊ စက်ဆုပ်ဘွယ်သည်။ ။ ပုပ်ကြွယ်နံ့လှောင်းထွက်ယိုတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment