သူဇာပျို့

သူဇာပျို့

၁၂၇။ ကျွန်မသစ္စာ၊ မှန်ကန်ပါလျက်၊ မကွာတူကွ၊ ထိပ်တင်လှနှင့်၊ ဖူးရစေသား၊ စိတ်ထားဝမ်းတွင်း၊ မယ့်ဖြစ်ခြင်းကို၊ ထိပ်နင်းသည့်ရှင်၊ သခင်စေ့ရ၊ မသိလေ၍၊ မိမြေ − ဘရွာ၊ ရည်ကာရည်ကာ၊ ဝမ်းသာနှစ်သက်၊ သွားလေရက်ဟု၊ မှတ်မြွက်တွေးဆို၊ လိမ့်မည်ကိုလျှင်၊ သမ်းငြိုကြောင့်ကြ၊ စိုးရိမ်လှ၏၊ ကျွန်မထိပ်တင်၊ စစ်ရပ်ခွင်က၊ ဖူးချင်ပြင်းစွာ၊ ပြန်ခဲ့လှာ၍၊ အိမ်မှာရောက်က၊ ကျွန်မမရှိ၊ ကြောင်းကိုသိလျှင်၊ မငြိမကွက်၊ ကိုယ်နှင့်သက်ကို၊ ရေတွက်မညှာ၊ မယ့်ကိုသာလျှင်၊ လိုက်လှာမည်ပင်၊ ကျွန်မထင်၍၊ လိုက်လျှင်ကြောင်းလမ်း၊ စုံစမ်းနားထောက်၊ ကျောင်းသို့ရောက်သော်၊ ခွေခေါက်နွမ်းရစ်၊ ကျွန်မဖြစ်ကို၊ ရှစ်ချစ်စေ့ရှာ၊ လျှောက်ပါဘိရှင်၊ သို့ပြီးလျှင်မူ၊ ရွှေစင်ဝင်းပြောင်၊ ဂိရိတောင်မှာ၊ ကြာအောင်နေဘူး၊ မကျူးရက်လ၊ ပြန်လာမည်ပ၊ တကာ့ကြင်ရာ၊ လျှောက်ခဲ့မှာ၏၊ ဟေမာတောထဲ၊ ခရီးခဲဝယ်၊ သားရဲယက္ခ၊ များလှဘေးရန်၊ ရှောင်ကျွန်မစိုး၊ အရဲကိုး၍၊ အားကြိုးပြင်းထွေ၊ မလိုက်လေနှင့်၊ နေတော့မင်းပျို၊ သင့်ဘူးဆို၍၊ သံချိုသာဖြူး၊ တားနှင့်ဦးလော့၊ ငုံဖူးနန်းလျာ၊ မယ့်ထိပ်ချာကို၊ တားပါလျက်ပင်၊ မနိုင်လျှင်ကား၊ ရောင်ထင်ဝင်းဝါ၊ ထိန်လင်းဖြာသည်၊ စိန္တာမဏိ၊ အတိဝစရာ၊ မည်သာကျော်ချီး၊ သည်ပုတီးကို၊ ခင်ကြီးရှင်ပင်၊ အပ်စေချင်သည်။ ။ ကြည်လင်ကြည်ညွတ် ကြည်ညိုတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

ရသစာတမ်း