သူဇာပျို့

သူဇာပျို့

၁၂၈။ ဒိဗ္ဗောသဓ၊ မည်ရတွင်ဆို၊ သည်ဆေးကိုလည်း၊ ကြည်ညိုသာပျော်၊ အပ်တော်မူပါ၊ ခရီမှာကား၊ သီတာဇလ၊ သည်ကဖြောင့်သား၊ မြောက်သို့သွားသော်၊ ရှည်လျားယူဇနာ၊ ခြောက်ဆယ်မှာနှိုက်၊ တေဇာပြင်းထန်၊ ဝေဿဝဏ်ဟု၊ ကျော်ဝှန်နီးဝေး၊ နတ်မင်းပေးသည်၊ ကြိုင်မွှေးပျပျ၊ သာလပဏ္ဏိ၊ မည်ရှိတွင်ခြင်း၊ အင်ကြင်းပင်စည်၊ ရှည်သည်အလယ်၊ အံဘွယ်များစွား၊ အဉ္ဇနာဂိရိ၊ မည်ရှိညိုရောင်၊ မျက်စဉ်းတောင်ကို၊ သိမ်းဆောင်ပိုင်သ၊ အစိုးရသည်၊ လက္ခလယက္ခ၊ မည်ရစိတ်သွမ်း၊ ဘီလူးကြမ်းသည်၊ လမ်းကိုဖြတ်နေ၊ ဆီးနှင့်ချေ၏၊ ဘုန်းဝေသည့်ရှင်၊ သင့်ကိုမြင်လျှင်၊ ပျံ့ရွှင်လှိုင်ဧ၊ သည်နတ်ဆေားကို၊ ချိပ်သွေားနှိုင်းလျော်၊ ခြေတော်နုထွား၊ လက်တော်ဖျားမှာ၊ ကြိုင်ရှားပျံ့ငြိမ်း၊ ဆိတ်စာလိမ်းလျက်၊ ချောက်ခြိမ်းထန်ပြင်း၊ သင့်ကိုခွင်း၍၊ ဖြောင့်စင်းမြောက်ဆီ၊ ကြွခဲ့ချီဟု၊ ပီပီသသ၊ ပွက်ဟလျှောက်ပါ၊ သည်ကခွာ၍၊ ယူဇနာဝေးကျယ်၊ ခြောက်ဆယ်များပင်၊ ရောက်ပြန်လျှင်လည်း၊ ဆူးရှင်နီမောင်း၊ ကြေးရေချောင်းမှာ၊ မိကျောင်းပြိတ္တာ၊ သင့်ကြမ္မာဖြင့်၊ ပူဇာရှိန်ငွေ့၊ တနေ့တခါ၊ ပေါ်လှာမကင်း၊ တန်တားခင်းသို့၊ စင်းစင်လျားရှည်၊ ခံရသည်ကို၊ ဘုန်းစည်ညွန့်လန်း၊ ဝေဆာရွှန်းသည်၊ ရွှေနန်းပွင့်လျာ၊ တွေ့သောခါဝယ်၊ ခြေမှာကြိုင်မြူး၊ နတ်ဆေးလူး၍၊ ကူးတော့လျှောက်ပါ၊ သို့မှာသည်ချက်၊ မယ့်နုတ်ထွက်ကို၊ ကျင့်ခက်သိမ်မွေ့၊ ရှင်ရသေ့သည်။ ။ မမေ့ပါနှင့်မြဲသို့တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

ရသစာတမ်း