သူဇာပျို့

သူဇာပျို့

၁၂၉။ သည်ကတဖန်၊ ကြွသွားပြန်လျှင်၊ ဝေးဟန်ဓွန့်တာ၊ ယူဇနာခြောက်ဆယ်၊ ရှေ့နယ်တမျှ၊ ရောက်လေကလျှင်၊ ဝေတ္တဝန၊ မည်ရထင်ရှား၊ ဆူးစေသားသား၊ ဓားမျှ မက၊ ထက်လှထူပြော၊ ကြိမ်ပိုက်တောသည်၊ ကြောက်မောချင်ဘွယ်၊ မျက်နွယ်ထပ်ပြီး၊ လမ်းကိုဆီးချည့်၊ ပျစ်ကြီးထူထပ်၊ ထိုတောရပ်သို့၊ ချဉ်းကပ်အလျင်၊ မရောက်ခင်ဝယ်၊ များဖြင်ကြာမျိုး၊ လှိုင်ဖြိုးတင့်ဆုံး၊ ရေပေါ်ဖုံးလျက်၊ ပတ်ကုံးဝန်းရံ၊ ငှက်ပျောကြံဘိ၊ ကုံထံများဘိ၊ တိုင်းမသိသည်၊ မည်ရှိစူဠ၊ ဆဒ္ဒန္တဟု၊ သာလှပျော်ဘွယ်၊ ထိုအိုင်လယ်နှိုက်၊ တောင်နှယ်ကြီးတောင်း၊ အလောင်းအလျာ၊ မြဲစွာကျင့်မှန်၊ ဆဒ္ဒန်မျိုးစစ်၊ ဖြစ်သည့်ဆင်မင်း၊ တစီးချင်းသာ၊ မကင်းမကွေ၊ ပျော်ပါးနေ၏၊ ရဲထွေတုလွတ်၊ ဆိုဆင်မြတ်ကို၊ တောင်ထွတ်ဟေမာ၊ ဂိရိချာသို့၊ ပို့ပါဆိုလျှင်၊ ကျောက်ထက်တင်၍၊ သာရွှင်နှစ်လို့၊ ပို့ပါလိမ့်မည်၊ ယင်းသည်ကသာ၊ ထိပ်ချာနွဲ့ပျို၊ မယ့်ကိုဖူးခွင့်၊ မမြင့်မရှည်၊ လွယ်တော့မည်ဟု၊ နားလည်သာလှ၊ အချက်ကျအောင်၊ သီလသခင်၊ လျှောက်ပါရှင်ဟု၊ ဦးတင်ပန်ထွာ၊ မှာထားရှာသော်၊ အရိယာဘုန်းဟေ့၊ ရှင်ရသေ့သည်၊ ချမ်းမြေ့မေတ္တာ၊ စေတနာနှင့်၊ တကာတော်မ၊ မကြောင့်ကြနှင့်၊ တကာမ ကြင်ဘော်၊ မောင်တော်ဒါယကာ၊ လာရောက်ပါလျှင်၊ ဝါဝါညီးညီး၊ ပုတီးနှင့်ဆေး၊ ကိုလည်းပေး၍၊ ငြိမ့်လေးရောင်မြေ့၊ မှာသရွေ့ကို။ ။ စေ့စေ့ပြောမည် သံချိုတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

ရသစာတမ်း