သူဇာပျို့
၁၃၇။ ပုံခင်းတူနေ၊ လူမိုက်မြေတွင်၊ ရှာဘွေတမျှ၊ ဘက်မရအောင်၊
ဆယ်ဆ −ဆယ်တက်၊ ချစ်ပေလျက်ကို၊ ပေါ့ပျက်လွယ်ကာ၊ ဘယ်ကြောင်ခြာဖြင့်၊ ဘယ်မှာဖြေပိုင်၊
တရားတိုင်၍၊ ဖြေနိုင်ပါမည်၊ ယဉ်သည်အထု၊ နုသည်လွန်ကဲ၊ ရဲသည်ဇာနည်၊
ရပ်သည်စောင့်စောင့်၊ ဖြောင့်သည်သစ္စာ၊ မယ့်ထိပ်ချာသည်၊ သီတာပတ်ဝန်း၊
ဇမ္ဗူကျွန်းတွင်၊ ဘုန်းတန်အာဏာ၊ ပညာမြတ်ဆုံး၊ လက်ရုံးအရည်၊ တူမျှမည်ဟု၊ မှတ်တည်
မှောက်မှား၊ နှလုံးထားနှင့်၊ ဝံ့စားပြိုင်လှာ၊ မင်းတကာတို့၊ မည်သာတွင်ရှိ၊
ပါဠိဘာသာ၊ မင်္ဂလာသိခရ၊ မြန်မာ့အလို၊ ဆိုလျှင်သာယာ၊ မင်္ဂလာထွတ်ခေါင်၊
မိုးအောင်မောက်မို၊ ခေါ်မည်ဆိုသည်၊ မုန်ယိုအာစွတ်၊ ဆင်တော်မြတ်နှင့်၊
ရွတ်ရွတ်စီးချင်း၊ သတ်ခဲ့ခွင်းမှ၊ လျင်ပြင်းမကြာ၊ မယ်သို့လာ၍၊ စကြာတဝါး၊
မယ့်ထိပ်ဖျားမှာ၊ တင်ထားနင်းတည့်၊ ချပါလှည့်လော့၊ ပျောင်းချည့်ပူဆာ၊ မယ့်ဗျာပါကို၊
ဖြေခွာပြီးတိုင်၊ ဖျောက်တတ်နိုင်၍၊ ဦးကိုင်စိုးလျာ၊ မယ့်ထိပ်ချာလျှင်၊
မယ့်မှာမဖူး၊ ရှည်ကျူးရက်, လ၊ ကြာချေကမူ၊ ကျွန်မကိုယ်သည်၊ အတည်မကျ၊ အနိစ္စသို့၊
ရောက်ရမည်လျှင်၊ ဧကန်ထင်သည်။ ။ ခဲအင်လွန်မင်း − မယ့်ကြံခင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment