သူဇာပျို့
၁၃၆။ မကင်း − မကွေ၊ နေလည်းတူပင်၊ စက်လျှင် − မခြား၊ စားလည်း −
လိုရာ၊ မယ့်ကိုသာလျှင်၊ မေတ္တာဆပွား၊ ချီးမြှောက်စား၏၊ ရွှေသား ရောင်လက်၊
အိမ်တော်ထက်ဝယ်၊ ယှဉ်လျက်ပင်လျဉ်၊ ဥယျာဉ်သာလွန်၊ ပန်းမန်ထူးပြား၊ ငါးပါးတူရိယာ၊
ပတ်သာ, စောင်းငြင်း၊ သီချင်းအန်အဲ၊ ပျေားနွဲရတု၊ ယဉ်နုသဘင်၊ သည့်ပြင်မှာသော်၊
ရေကန်တော်ဝယ်၊ ရွှေလှော်ရောင်မောင်း၊ ရွှေလောင်းဆန်းကြယ်၊ ရွှေဘောင်ငယ်နှင့်၊
တင့်တယ်စီစဉ်၊ ယဉ်သည်မူထား၊ ပျိုငယ်များကို၊ ဆန်းပြားသံညင်း၊ လှေဟစ်ချင်းနှင့်၊ ညခင်း
− လသာ၊ သာယာရွှင်ပျ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကြီးအင်၊ ပျော်ရွှင်စေမှု၊
အကြောင်ပြုရှင့်၊ ရုံးစုများဖြင်၊ အင်းပြင်မြစ်မှာ၊ ဧရာကြီးတောင်း၊
ရွှေလောင်းရွှေဘောင်၊ သောင်းထောင်မက၊ ဆင်ဘမ်းစသည်၊ များလှပျော်ရာ၊ ကြည်းမှာတထူး၊
မင်းမှူး − မင်းမတ်၊ ဝန်းပတ်ပည်းသီ၊ မင်းညီမင်းသား၊ မယားကတော်၊ ရေသော်မပြီး၊
ထံနီးရွှေအုပ်၊ ကိုယ်လုပ်မဿံ၊ ခရံဝန်းရုံ၊ သဘင်စုံနှင့်၊ မျက်ပုံရောင်လွှမ်း၊
စီချယ်မွမ်းသည်၊ မင်းခမ်းမင်းဆောင်၊ ပြောင်ပြောင်ကျင်းပ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊
မေတ္တာကျူးကျော်၊ ရွှင်ပျော်စိမ့်သား၊ နှလုံးထားရှင့်၊ လက်ဝါးပေါ်တွင်၊
ထားတင်မတတ်၊ အသက်ပြတ်မျှ၊ မြတ်မြတ်လေးလေး၊ ပိုးကိုမွေးသို့၊ ပွင့်မွှေးမဉ္ဇူ၊
ပန်းအတူလျှင်၊ ကြည်ဖြူရိုသေ၊ ကြမ်းဝယ်ခြေမျှ၊ ကျစေချင်ဘဲ၊ ချစ်မရဲသည်။ ။ လွန်ကဲချစ်ချင်း − ပြိုင်ဘက်ကင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment