Posts

Showing posts from May, 2025

သူဇာပျို့

Image
သူဇာပျို့ ၁၄၃။   သို့လျှောက်ပြီးမှ ၊ အစ်မခြောက်ဘော်၊ မယ်တော်တို့ကို၊ လွန်ရိုသေစွာ၊ ရှက်ရွံ့ရှာ၍၊ နရိန္ဓဒေဝီ၊ မဟေသီက၊ သိင်္ဂီထွန်းပြောင်၊ ဝိရိတောင်သို့၊ ရည်ဆောင်ရှေ့ရှူ၊ သွားတော့ဟူလျက်၊ အယူဆို့မျို၊ စစ်သို့ရှေ့ရည်၊ လိုက်သည်ကိုသာ၊ ချန်ညှာခဲ့၍၊ စေ့စေ့စဉ်လျား၊ မူဆိုးသားလည်း၊ ယူသွားသည်က၊ စ၍ရွှေပြည်၊ ရောက်သည်ရှိလျင်၊ အိမ်ရှေ့ရှင်နှင့်၊ တူပင်ထိမ်းမြား၊ သည်းကြားမြင်ဟန်၊ ဆိုးလွန်သွမ်းပျက်၊ ပုဏ္ဏားဖျက်၍၊ ဘယက်ဆင်ကာ၊ ဟေမာတုံ့ခေါက်၊ ပြန်ရောက်သည်တိုင်၊ ကံဆိုင်ကြမ္မာ၊ ဖြစ်ခြင်းရာကို၊ စေ့ရှာမကြွင်း၊ ပြန်လေလျှင်းသော်၊ ဝင်းသည်ရောင်တောက်၊ မင်းခြောက်ယောက်လည်း၊ ဝမ်းမြောက်လျဘွယ်၊ ယိုသွယ်ပြိုက်ရွှဲ၊ ဝမ်းကွဲတချက်၊ စိုက်စက်လည်းခေါ်၊ ဪဪတို့မယ်၊ သည့်နှယ်ပင်လား၊ တို့သက်ထားဟု၊ သားဖြားရိပ်မြုံ၊ တစုံမက်မက်၊ ပိုက်ဘက်ယုယ၊ ဖျော်ဖြားကြသော်၊ ရွှေနန်းခေါင်ချာ၊ စိုးမည့်လျာကို၊ ဝမ်းမှာခဲအိုင်၊ ဂလိုင်သည်းထိ၊ လွမ်းတည့်မိ၍၊ မချိပြင်းပြ၊ ငိုချင်လှသော်၊ အစ်မ − မယ်တော်၊ မျိုးဘော်တို့အား၊ ခံ့ညားရွံ့ရှာ၊ လွန်အားနာ၍၊ ကြံရာမရ၊ ကြီးဒုက္ခဖြင့်၊ ဝမ်းကလှိုက်ဆူ၊ မီးရှိန်ပူသည်။ ။   မဉ္ဇူကဲ့သို့ − မြန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြ...

သူဇာပျို့

Image
သူဇာပျို့ ၁၄၂။   ရွှေခဲရတနာ ၊ မင်းသူဇာနှင့်၊ ကင်းကွာကြရ၊ ထိုနေ့ကသည်။ နေ့ကပည်းလှိုင်၊ ခုတိုင်တော့သည်။ ဘယ်မည်နေ့ရက်၊ နံနက်နေဝင်၊ ဘယ်သည်တွင်မျှ၊ ပျော်ရွှင်သမှု၊ အစုတို့များ၊ မေ့မည်ထား၍၊ ထပ်ပွားလေလေ၊ ထူးထွေထွေသာ၊ ပူဆာညှိုးသမ်း၊ လွမ်းတော့သည်ရှင်၊ ကြာတင်နှစ်လ၊ ယခုမှပင်၊ စိမ်းမြညိုပြာ၊ တို့ထိပ်ချာမှာ၊ အာကာသဖြစ်၊ ညွန့်လာထစ်သို့၊ စင်စစ်ချမ်းမြ၊ ငြိမ်းပေရဟု၊ ယုယမြတ်လေး၊ လျှောက်ကြမေးသော်၊ ဖြူမွှေးနုဝါ၊ မင်းသူဇာကား၊ ပေါ်လှာရူပ၊ ဆောင်ရွက်မ၍၊ ဝမ်းကလှိုက်နှည်၊ ဝဲနှယ်လည်လျက်၊ လျှောက်သည်မှာကား၊ ထိပ်တင်များကို၊ ကံအားလျော်စွာ၊ လူရပ်ရွာသို့၊ ကွေကွာမိဘ၊ လွင့်ရောက်ရသည်၊ နိမ့်ကျပူဆာ၊ ဘယ်သည်ငှာမျှ၊ ပြစ်ဆာစွန်းငြိ၊ ရှိပေဘူးရှင်၊ ဘ − ရှင်ပင်နှင့်၊ မ − ရှင်ကစ၊ မင်းလှခြောက်ပါး၊ ထိပ်ချာများကို၊ ထိပ်ပွားလှိုက်ပွက်၊ လွမ်းသည်ချက်သာ၊ တပြက်လျှပ်ရွေ့၊ မလျှောက်မေ့၍၊ ဖြီးလွေ့ခွေရစ်၊ ဆင်းရဲဖြစ်၏၊ စင်စစ်သည့်ပြင်၊ ပူပင်ဒုက္ခ၊ ဘယ်မှာညစ်ညူး၊ ရှိပေဘူးဟု၊ ညံ့နူးဩဇာ၊ ဖြီးညံ့စွာသည်။ ။   ထွေလာကြိင်ပျံ့ − မွန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၄၁။   အစ်မတော်များ ၊ မင်းခြောက်ပါးလည်း၊ ရွှေသားယဉ်နု၊ မင်းရွှေဥသည်၊ ယခုပျောက်ကွယ်၊ ပြေးမည့်နှယ်ပင်၊ လည်ဝယ်အလျင်၊ ရစ်ဆွဲဆင်၍၊ နမ်းခင်နမ်းက၊ ရှိလကလျင်၊ တိုးကြလုယက်၊ စီစီကျက်ပင်၊ ဖြူညက်ရွရွ၊ လက်ဖျားမျှကို၊ ခဏခဏ၊ ဆွဲကိုင်ကြ၏၊ သို့မှမကြာ၊ မင်းသူဇာကို၊ ညောင်းညာပျံ့ပျူး၊ ဖြေပါဦးဟု၊ ညံ့နူးမွေ့ရာ၊ ထုနှစ်ထွက်ထက်၊ ဘယ်ညာယုယ၊ ချီမဖျော်ဖြေ၊ စက်လျောင်းစေ၍၊ ကွမ်းရေလက်ဘက်၊ ဆက်ကြတသွယ်၊ ခြေနယ်လက်သပ်၊ ရွှေယပ်ခံကြ၊ ဖြားယုယလျက်၊ အစ်မခြောက်ပါး၊ မေးကြငြား၏၊ ရွှေသားညီမ၊ မင်းရှင်လှကို၊ မူလညစ်ခေ၊ မူဆိုးလေသည်၊ ရှာဘွေဆန်းကြယ်၊ သားငှက်နှယ်ပင်၊ ရောင်းဝယ်မည်လား၊ ယူလေသွားသော်၊ ဆွေဝါးမနီး၊ ကိုယ်ထီးတော်ကွဲ၊ မျက်ရည်ရွဲနှင့်၊ ဆင်းရဲပူဆာ၊ ရှိရှာတော့မည်၊ လူတို့ပြည်ဝယ်၊ မတည်ညှိုးငယ်၊ ဘယ့်နှယ်မင်းပု၊ ရွှေဥကြက်သရေ၊ ဖြစ်လေသည်ရှင်၊ မရွှင်နိုင်လျှင်း၊ တို့လွမ်းခြင်းကား၊ ကိုယ်တွင်းမီးဟု၊ ပူ၍ချိချိ၊ ငြိတော့ကိုရှင်၊ များဖြင်နှစ်လ၊ ကြာတင်မှကို၊ လုံ့လသမှု၊ ဘယ်နှယ်ပြု၍၊ ရွှေဥရတနာ၊ ယူ့လက်မှာက၊ လွတ်ပါခဲ့သည်၊ မျက်ရည်မကင်း၊ ရှိရခြင်းကား၊ မိဘကင်းကွာ၊ ဆင်းရဲရာက၊ ငဲ့ညှာ၍ကို၊ လွတ်ပါလှရှင်၊ ပူပင်ရှိရှား၊ ဖြစ်ကြောင်းလျားကို၊ ကြားလ...

သူဇာပျို့

Image
သူဇာပျို့ ၁၄၀။   အတုလ ဒေဝဓီတာ ၊ မိမြတ်စွာလည်း၊ မေတ္တာဖြီးစည်၊ မျက်ရည်ရွှမ်းစို၊ ငိုလည်းငို၍၊ တိုင်းဆိုမသိ၊ ဇောပီတိနှင့်၊ မ − ကြီးသခင်၊ နှောင်းမြရှင်မ၊ အထွေးလှကို၊ ယုယရင်ခွင်၊ ထားတင်ပိုက်မ၊ မနမ်းရသည်၊ ကြာလှပြီရှင့်၊ နှစ်မြင့်ကျူး၍၊ မနေ့မှသာ၊ နမ်းရပါ၏၊ ငါသာနမ်းမည်၊ ငါ့သွေးရည်ကို၊ ချစ်ကြည်ထပ်မွမ်း၊ အုံ၍နမ်းသော်၊ ညှိုးနွမ်းပျံ့ကြည်၊ ပြယ်တော့မည်ဟု၊ ဆိုမြည်ဆီးကန့်၊ ဝေးကဟန့်လျက်၊ စုံမက်ကြိမ်ဖန်၊ နမ်းပြန်လေလေ၊ ဘက်၍နေ၏၊ နှိုင်းထွေဆိုရာ၊ ဥပမာမူ၊ မဟာသမုဒ္ဒ၊ မြစ်မဤရေ၊ ကုန်ချေတော့မည်၊ ငံ့ဆည်မြှော်ခေါ်၊ တော်လျော်ရုံမျှ၊ သောက်ကုန်ကြဟု၊ မြစ်မထက်ဖျား၊ ဖြတ်လျက်သွားသည်၊ ထူးပြားမိုက်ချက်၊ တင်ကျီးငှက်နှင့်၊ နှိုင်းဘက်ပုံယူ၊ သဘောတူ၏၊ အမူမှားစွာ၊ သည်အရာသည်၊ မေတ္တာစိတ်က၊ အားကြီးလှ၍၊ မောဟတွေဝေ၊ ဖြစ်လေသတတ်၊ မျက်မြတ်ဇောတ၊ အနဂ္ဃကျုံး၊ ငါ့ပန်းကုံးကို၊ တင့်ဆုံးထိပ်ဆီ၊ ဆင်ရပြီဟု၊ ရွှင်အီစိတ်စော၊ ရယ်ပြောရယ်ဆို၊ လက်ကိုဖြန့်ကာ၊ လက်ရှစ်ပါမျှ၊ မြူးရွှင်ပြသည်။ ။   အားရထွေထူး − ဆန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၃၉။   သို့စသည်ဖြင့် ၊ ရှိုက်ရင့်သံချို၊ ဘွဲ့နွဲ့ငိုလျက်၊ စီးယိုမျက်ရည်၊ မဆည်နိုင်ရှာ၊ ဝမ်းမှာပူအိုက်၊ တလှိုက်လှိုက်နှင့်၊ တိမ်တိုက်မိုးခြေ၊ ပျံ့သွားလေ၍၊ ရွှေမြေဂိရိ၊ တိုင်သည်ရှိသော်၊ မဏိရောင်ထွန်း၊ နန်းမတော်နောက်၊ ပျော်လောက်ထူးပြား၊ တန်းလျားရှေ့တွင်၊ နန်းကြမ်းပြင်ထက်၊ အသာသက်တော်၊ ကြွက်ကြွက်ဆူသည်၊ ခမည်း − မယ်တော်၊ ခြောက်ဘော်အမ၊ များလှပည်းထူ၊ နန်းသူအလုံး၊ ရွှင်ပြုံးကြည်ဖြူ၊ အိပ်ပျော်သူလည်း၊ ဟောက်ရှူရာက၊ ထကြွအပြင်း၊ ထမင်းစားခွက်၊ ပက်လက်ပစ်ခဲ့၊ ယဲ့ယဲ့နာကို၊ လူဆွံအိုလည်း၊ အလိုပြီးတိုင်၊ ထလာနိုင်၏၊ ရိုင်ရိုင်စုကြ၊ ဝေးကတချို့၊ နှစ်လို့စုံမက်၊ ရှိလက်စုံမိုး၊ ခိုးကြမြတ်လေး၊ မေးကြဆင့်ဆင့်၊ ချစ်ပွင့်လန်းကြ၊ မစားရဘဲ၊ ဝသည်ဝမ်းဝယ်၊ ပီတိကြွယ်၍၊ ရယ်ကြရွှင်ကြည်၊ တချို့သည်လည်း၊ မျက်ရည်ရွှမ်းကျ၊ ကြေကွဲကြ၏၊ ဒေဝိန္ဒရာဇာ၊ ရွှေတောင်ချာလည်း၊ ကြင်နာလွန်ကဲ၊ ဆံကိုခွဲ၍၊ ယိုရွှဲပြိုက်သွယ်၊ ထိပ်လယ်ပျံ့ကြူ၊ နမ်းတော်မူသည်။ ။   ကြည်ဖြူပီတိ − လန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်