သူဇာပျို့
၁၄၂။ ရွှေခဲရတနာ၊ မင်းသူဇာနှင့်၊ ကင်းကွာကြရ၊ ထိုနေ့ကသည်။
နေ့ကပည်းလှိုင်၊ ခုတိုင်တော့သည်။ ဘယ်မည်နေ့ရက်၊ နံနက်နေဝင်၊ ဘယ်သည်တွင်မျှ၊
ပျော်ရွှင်သမှု၊ အစုတို့များ၊ မေ့မည်ထား၍၊ ထပ်ပွားလေလေ၊ ထူးထွေထွေသာ၊
ပူဆာညှိုးသမ်း၊ လွမ်းတော့သည်ရှင်၊ ကြာတင်နှစ်လ၊ ယခုမှပင်၊ စိမ်းမြညိုပြာ၊
တို့ထိပ်ချာမှာ၊ အာကာသဖြစ်၊ ညွန့်လာထစ်သို့၊ စင်စစ်ချမ်းမြ၊ ငြိမ်းပေရဟု၊
ယုယမြတ်လေး၊ လျှောက်ကြမေးသော်၊ ဖြူမွှေးနုဝါ၊ မင်းသူဇာကား၊ ပေါ်လှာရူပ၊ ဆောင်ရွက်မ၍၊
ဝမ်းကလှိုက်နှည်၊ ဝဲနှယ်လည်လျက်၊ လျှောက်သည်မှာကား၊ ထိပ်တင်များကို၊
ကံအားလျော်စွာ၊ လူရပ်ရွာသို့၊ ကွေကွာမိဘ၊ လွင့်ရောက်ရသည်၊ နိမ့်ကျပူဆာ၊
ဘယ်သည်ငှာမျှ၊ ပြစ်ဆာစွန်းငြိ၊ ရှိပေဘူးရှင်၊ ဘ − ရှင်ပင်နှင့်၊ မ − ရှင်ကစ၊
မင်းလှခြောက်ပါး၊ ထိပ်ချာများကို၊ ထိပ်ပွားလှိုက်ပွက်၊ လွမ်းသည်ချက်သာ၊
တပြက်လျှပ်ရွေ့၊ မလျှောက်မေ့၍၊ ဖြီးလွေ့ခွေရစ်၊ ဆင်းရဲဖြစ်၏၊ စင်စစ်သည့်ပြင်၊
ပူပင်ဒုက္ခ၊ ဘယ်မှာညစ်ညူး၊ ရှိပေဘူးဟု၊ ညံ့နူးဩဇာ၊ ဖြီးညံ့စွာသည်။ ။ ထွေလာကြိင်ပျံ့ − မွန်း၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment