သူဇာပျို့

သူဇာပျို့

၁၄၀။ အတုလ ဒေဝဓီတာ၊ မိမြတ်စွာလည်း၊ မေတ္တာဖြီးစည်၊ မျက်ရည်ရွှမ်းစို၊ ငိုလည်းငို၍၊ တိုင်းဆိုမသိ၊ ဇောပီတိနှင့်၊ မ − ကြီးသခင်၊ နှောင်းမြရှင်မ၊ အထွေးလှကို၊ ယုယရင်ခွင်၊ ထားတင်ပိုက်မ၊ မနမ်းရသည်၊ ကြာလှပြီရှင့်၊ နှစ်မြင့်ကျူး၍၊ မနေ့မှသာ၊ နမ်းရပါ၏၊ ငါသာနမ်းမည်၊ ငါ့သွေးရည်ကို၊ ချစ်ကြည်ထပ်မွမ်း၊ အုံ၍နမ်းသော်၊ ညှိုးနွမ်းပျံ့ကြည်၊ ပြယ်တော့မည်ဟု၊ ဆိုမြည်ဆီးကန့်၊ ဝေးကဟန့်လျက်၊ စုံမက်ကြိမ်ဖန်၊ နမ်းပြန်လေလေ၊ ဘက်၍နေ၏၊ နှိုင်းထွေဆိုရာ၊ ဥပမာမူ၊ မဟာသမုဒ္ဒ၊ မြစ်မဤရေ၊ ကုန်ချေတော့မည်၊ ငံ့ဆည်မြှော်ခေါ်၊ တော်လျော်ရုံမျှ၊ သောက်ကုန်ကြဟု၊ မြစ်မထက်ဖျား၊ ဖြတ်လျက်သွားသည်၊ ထူးပြားမိုက်ချက်၊ တင်ကျီးငှက်နှင့်၊ နှိုင်းဘက်ပုံယူ၊ သဘောတူ၏၊ အမူမှားစွာ၊ သည်အရာသည်၊ မေတ္တာစိတ်က၊ အားကြီးလှ၍၊ မောဟတွေဝေ၊ ဖြစ်လေသတတ်၊ မျက်မြတ်ဇောတ၊ အနဂ္ဃကျုံး၊ ငါ့ပန်းကုံးကို၊ တင့်ဆုံးထိပ်ဆီ၊ ဆင်ရပြီဟု၊ ရွှင်အီစိတ်စော၊ ရယ်ပြောရယ်ဆို၊ လက်ကိုဖြန့်ကာ၊ လက်ရှစ်ပါမျှ၊ မြူးရွှင်ပြသည်။ ။ အားရထွေထူး − ဆန်း၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

ရသစာတမ်း