Posts

အမှတ်တရ ငယ်ဘဝ

Image
အမှတ်တရ ငယ်ဘဝ ပြင်ဦးလွင် အနီးစခန်းက ခြံမှာပါ။ မမရယ်၊ ညီလေးနောင့်ရယ်၊ ကျွန်တော်ရယ်၊ ကိုကိုကြီးရယ်။ အခုတော့ မောင်နှမတွေ တစ်စုတစ်စည်းထဲ မဆုံနိုင်တာ ကြာပြီ။ နေရာအသီးသီး၊ ဒေသအသီးသီးမှာ ဘဝကိုယ်စီနဲ့...။

ငါတို့

Image
ငါတို့ ဖြောင့်နေတဲ့ လမ်းတွေပေါ် တည့်တည့်မလျှောက်နိုင်တဲ့ငါ ကောက်နေတဲ့ လမ်းရောက်မှ အတည့်လျှောက်ဖို့ ကြိုးစားချင်ခဲ့။ လမ်းမဟုတ်တဲ့ လမ်းကိုလျှောက်တော့ လမ်းမပျောက်ဘဲ လမ်းဆိုတဲ့ လမ်းကိုလျှောက်မှ လမ်းပျောက်ခဲ့ပြီ။ သိပ်မှန်တာပဲ လုံးနေတဲ့ ကမ္ဘာမှာ အတည့်လျှောက်ဖို့ ခက်သတဲ့။ တကယ်လို့ တကယ်လို့များ ကမ္ဘာကြီး ပြားသွားရင်ရော ငါတို့ အတည့်လျှောက်နိုင်ပါ့မလား ငါတို့ အတည့်လျှောက်တတ်ကြပါ့မလား … ။ ရှဥ့်ညိုလေး (၂၆.၅.၂၀၁၈ နံနက် ၁၀း၃၃ မိနစ်)

ကျွန်တော့်ရဲ့ ကော်ဖီ

Image
ကျွန်တော့်ရဲ့ ကော်ဖီ သူပြုံးနေတော့ ကျွန်တော် ပျော်ခဲ့တယ်... ကျွန်တော် ပျော်နေတော့ သူ မပြုံးတော့ဘူး... ခုတော့ သူပြုံးနေပြီ ဒါပေမယ့် ကျွန်တော်မပျော်ဘူး သူ့အပြုံးထဲမှာ သူ့မျက်လုံးထဲမှာ နာကျင်ခြင်း သုံးစိပ်နဲ့ ဟန်ဆောင်ခြင်း တစ်စိပ် ရောမွှေထားတယ် ကဲ... ခု ကျွန်တော်ဘယ်လိုသောက်ရမလဲ...။ ရှဥ့်ညိုလေး (၁၇.၅.၂၀၁၆)  

ကဗျာ

Image
ကဗျာ ကဗျာပါ ဒါဟာ ကဗျာပါ ရွတ်ကြည့်ပါ ဆိုကြည့်ပါ ခင်ဗျားဘယ်လိုရွတ်ရွတ် ကဗျာဟာ ကဗျာပဲ ကဗျာလို့ပဲအသံထွက်မယ့် ကဗျာတစ်ပုဒ်ပါ ကဲ ရွတ်ကြည့်လိုက်ပါ ကိုယ့်ဆရာ ဆိုကြည့်လိုက်ပါ ကိုယ့်ကဗျာ... ရှဥ့်ညိုလေး   (၁၆.၅.၂၀၁၆)


Image
မြန်မာကဗျာ ကာရန်ယူနည်းများ မြန်မာကဗျာများတွင် ရွှေနှင့်ယိုးမှား ပန်းစံကားကဲ့သို့သော မြန်မာ့စာပေသမိုင်းတွင် ရှေးအကျဆုံးသော ကဗျာများမှ စ၍ ခေတ်စမ်းကဗျာများအလယ် ယနေ့ခေတ်ရေပန်းစားနေသော ဟစ်ဟော့ပ်ဂီတ သံစဉ်များ အဆုံး ကာရန် ယူ၍ ရေးဖွဲ့လေ့ ရှိကြသည်။ ပို့စ်မော်ဒန် ကဗျာများတွင်မူ ဘာသာစကား၏ ထိန်းချုပ်မှုကို ဆန့်ကျင်သည့် အနေနှင့် ကာရန်ကို ရှောင်လွဲ၍ ရေးဖွဲ့တတ်ကြသည်။ ကာရန် ဆိုသည်မှာ ပထမ စကားလုံးတွဲ၏ နောက်ဆုံးစာလုံးကို ဒုတိယစာလုံး တခါတရံတွင် တတိယစာလုံး အထိ အသံကိုက်ညီအောင် ရေးဖွဲ့ခြင်း ဖြစ်သည်။ ကာရန်နှင့် ပတ်သက်၍ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေသော မြန်မာအဘိဓာန်တွင် ၁။ အက္ခရာ၏ အဆုံးဖြစ်သော သရသံ။ ၂။ ကဗျာလင်္ကာတွင် စည်းမျဉ်းအရစပ်ထားသော စကားလုံးတို့၏ ညီညွတ်သော အသံ။ ဟူ၍ နာမ်အနက် ၂ မျိုးပေးထားသည်ကိုတွေ့ရသည်။ ပါဠိဝေါဟာရ ကာရန္တ မှ မွေးစားယူထားသော စကားလုံးဖြစ်ကြောင်းလည်းဖော်ပြထားသည်။ ဥပမာအားဖြင့် က အက္ခရာတွင်စွဲသော အ သရသံ၊ ကာ အက္ခရာတွင်စွဲသော အာ သရသံကိုပင် ကာရန်ဟုဆိုလိုရင်းဖြစ်သည်။ ကဗျာလင်္ကာဖွဲ့ဆိုရာတွင် အသံတူသရသံများကို ကဗျာအဖွဲ့ပုံစံအလိုက် နေရာအထားအသိုစနစ်တစ်ရပ်ရပ်ကိုလိုက်နာ၍ ရေးဖွဲ့စပ်ဆို...

ငါမကြိုက်တဲ့သီချင်း

Image
ငါမကြိုက်တဲ့သီချင်း အရေထူလာတဲ့ ပြဇာတ်တွေ များလာခဲ့ ဖြစ်ရပ်က နူရာဝဲစွဲလည်း ဖြုတ်ကိုက်သလောက်တောင် မနာတော့ဘူးလေ အချစ်ဆိုတာဟာလည်း အသည်းကွဲဖို့၊ ကဗျာရေးဖို့ ပျင်းရင် တံခါးကိုဖွင့်ကြည့်မယ် ဘ၀က ခါးနေမှတော့ ပျားရည်လေး ချိုမလား မစမ်းသပ်ရဲဘူး ဘ၀ဆိုတာ စကားလုံးနဲ့သာ ကြားဖူးသူတွေ ခင်ဗျာတို့ အရေခွံတွေခွာကြည့်ပါ ကျွန်ုပ်ထံမှာ မှတ်ချက်လာယူပါ ဖယောင်းတိုင်ကုန်တော့မယ် ရင်မခုန်တော့တဲ့ စာမျက်နှာတွေ ကျော်ဖတ်မယ် မတူတရူ သွေးရူးသွေးတမ်းညထဲ ခွေးအူသံတွေ ပိုကျယ်လာခဲ့ ငါ့မျက်လုံးတွေ ပိုကျယ်လာခဲ့ ညက ပိုကျဆုံးခဲ့ လမင်းရေ … မထီတရီ ငုံ့ကြည့်နေမယ့်အစား ငါ့ရဲ့ လက်ရှိဘ၀ကိုပဲ လှိမ့်ပိန့် ကန်ကျောက်ပစ်လိုက်ပါတော့ နာကျင်နေတာ ဘယ်သူ ပိုသိဖို့လိုမှာလဲ။                                                        ...

ဖြေတတ်ဖို့လိုတယ်

Image
ဖြေတတ်ဖို့လိုတယ် သူမနဲ့ ကျွန်တော်နဲ့ အိမ်ထောင်သက်(၁၆)နှစ်။ သူမအသက် (၃၉)၊ ကျွန်တော့်အသက် (၃၉)။ တစ်နေ့ သူမက ကျွန်တော့်ကို မေးတယ်။ " အခုနေ ကျွန်တော့်(သူမ) အချစ်ရေး အခြေအနေကို ဗေဒင်မေးကြည့်ရင် ဟာသ နေမှာပေါ့နော် ... " ကျွန်တော် ပြန်ပြောလိုက်တယ်။ " တကယ်မေးရမှာက (အိမ်ရှင်မ)ရာထူးတိုး၊ မတိုးနဲ့ ရာထူးတိုးနဲ့ နယ်ပြောင်း ရှိမရှိ မေးသင့်တာကွ" အဲဒီနေ့က စလို့... အဲဒီနေ့က စလို့ ကျွန်တော် ရာထူးတိုးသွားတယ်။ အဲဒီနေ့က စလို့ ကျွန်တော် နယ်ပြောင်း(နေရာပြောင်း) သွားတယ်။ အဲဒီနေ့က စလို့ ကျွန်တော် အိမ်ရှေ့ကွပ်ပျစ်မှာ အိပ်ခဲ့ရတာ ဒီနေ့ထိပါ...။ (PS:ပုံကတော့ ကျွန်တော်တို့ တည့်တည့်ရဲ့ရဲ့ ရှိတုန်းကပုံပေါ့...) ရှဥ့်ညိုလေး (၁၄.၅.၂၀၂၀ ည ၇း၀၀ နာရီ)