Posts

သူဇာပျို့

Image
သူဇာပျို့ ၁၃၄။   ထွန်းဝင်းလျှံပြောင် ၊ ဉာဏ်တန်ဆောင်ကို၊ သုံးဘောင်ရပ်ခန်း၊ လင်းအောင်ထွန်းမည်၊ လုံးပန်းရည်ချူ၊ ဆုကြီးယူသည်၊ ဘုန်းဘူသည့်ရှင်၊ မယ့်သခင်ကို၊ မကြင်ထဲပိုက်၊ မကြိုက်၍မျှ၊ မနေရအောင်၊ လုံ့လထွေထွေ၊ ရှာဘွေကောက်ကျစ်၊ မျက်ချစ်ဆေးဝါး၊ ပြုလှည့်ငြားလည်း၊ စီးပွားမထင်၊ ပန်းပင်ရိရှား၊ ထိုသူများကို၊ ထိပ်ထားပွင့်လျာ၊ မယ့်ထိပ်ချာသည်၊ မေတ္တာဝေးလွန်၊ မုန်းသာဝှန်၍၊ မုန်းပြန်ပါစေ၊ ထိပ်ဗွေထားတင်၊ မယ့်သခင်ဟု၊ မြဲပင်ဆောက်တည်၊ မှတ်ပါသည်ကို၊ ထွေလည်ယွင်းခွ၊ ဆိုးကြမ္မကြောင့်၊ သူမျာ့းသခင်၊ သူ့အရှင်စစ်၊ ဖြစ်ခဲ့နိုး၍၊ သမ်းညှိုးလွန်ကဲ၊ မယ့် ဝမ်းထဲမှာ၊ ဝဲသို့လှိုက်ပွက်၊ ပူလေချက်မှာ၊ လက်လက်ပြောင်ညီး၊ ဝီစိမီးမျှ၊ ကမည်ထင်ဘူး၊ ပူမျိုးကျူးခဲ့၊ ငုံဖူးသစ္စာ၊ ပွင့်မည့်လျာရှင့်၊ မယ့်မှာလွန်ကဲ၊ ချစ်စမြဲဖြင့်၊ စိတ်ကွဲမကြံ၊ မြဲမြံသေချာ၊ ထပ်ကာကာလျှင်၊ မေတ္တာမြင်းမိုရ်၊ မယ့်ချည်းကိုသာ၊ ကြည်ညိုခွေရစ်၊ ရွှေချည်ကျစ်သို့၊ အချစ်အပေါင်း၊ စုမည့်ကြောင်းကို၊ တောကောင်းမြိုင်သာ၊ ဟိမဝါတွင်၊ တေဇာအမိုး၊ နုဘော်ဖြိုးသည်၊ တန်းခိုးထင်ရှား၊ ရှင်နတ်များတို့၊ သွား၍သာဖျော်၊ နှလုံးတော်မှာ၊ မကွာဝင်နေ၊ စောင့်ပါချေတော့၊ မမေပြမြဲချက်၊ ခဲစိတ်လက်...

သူဇာပျို့

Image
သူဇာပျို့ ၁၃၃။   သို့မှမကြာ ၊ ဟေမာမည်မှန်း၊ ဝိရိနန်းသို့၊ ဖြောင့်တန်းရည်ရော်၊ စူးစူးမြှော်၍၊ တိမ်ပေါမိုးဝ၊ ပျံလေကြွသော်၊ ရူတဆိုမြည်၊ ငိုချင်းသည်ကား၊ ဖြီးစည်ပြောထူ၊ ဆင်ရဲလူကို၊ ကြည်ဖြူသနား၊ စောင့်ပါငြာလည်း၊ သိကြား, ဗြဟ္မာ၊ နတ်တကာကို၊ တ ဆို စေ့ရေ၊ အူသည်းကြွေမျှ၊ မသေ − မရှင်၊ ပူပင်သည်သား၊ မယ့်ဖြစ်လားကို၊ ထိပ်ထားရှိရာ၊ လျှောက်ချေပါလော့၊ ဗျာပါခွေရစ်၊ ကျွန်မဖြစ်ကို၊ ဧကရာဇ်အလျာ၊ မယ့်ထိပ်ချာသည်၊ ဝမ်းမှာပြတ်ပြတ်၊ မသိတတ်၍၊ လှည့်ပတ်မာယာ၊ စစ်မြေတာသို့၊ လိုက်လှာယောင်နှင့်၊ ထွတ်မြင့်ဟေမာ၊ ဂိရိချာသို့၊ လွယ်ကာရှေ့ရည်၊ သွာလေသည်ဟု၊ မှတ်တည်စိတ်ထဲ၊ ယူတော်စွဲ၍၊ ကျော်သဲကြေညာ၊ မယ့်ထိပ်ချာသည်၊ မယ့်မျာမကြည်၊ မုန်းခဲ့မည်ကို၊ ကြံစည်ကျွန်မ၊ စိုးရိမ်လှ၏၊ တက်စနေ့နှယ်၊ ဘုန်းညွန့်သွယ်သည်၊ တကယ်မယ့်မှာ၊ အမုန်းပါ၍၊ အောင်ချာမည်ဟူ၊ ကျွန်းဇမ္ဗူတွင်၊ ရိပ်ဖြူထီးဆောင်း၊ အပေါင်းများစွာ၊ မင်းတကာတို့၊ သည်းချာရင်တွင်း၊ လှရောင်ဆင်းနှင့်၊ မကင်းသာရွှင်၊ သဘင်ညီလာ၊ ခံ၍သာလျှင်၊ မယ့်မှာချစ်နံ့၊ မပျံ့ပန်းနှယ်၊ ပြယ်လိမ့်မည်သား၊ ပျံ့ရှားနံ့သာ၊ နတ်မာလာလည်း၊ နှိုင်းရာမမျှ၊ ဘက် မရသည်၊ မွှေးပျံ့ကြိုင်ဆုံး၊ မယ့်ပန်းကုံးကို၊ ပင်ရုံးဆံဖျား၊ ထ...

သူဇာပျို့

Image
သူဇာပျို့ ၁၃၂။   ဤသို့ဘုန်းဟေ့ ၊ ရသေ့သူတော်၊ ဟောပါသော်လည်း၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာမှာ၊ အူချာလှိုက်လဲ၊ လွမ်းဆွတ်မြဲဖြင့်၊ ငိုရွဲမျက်ရည်၊ လျောက်သည်မှာကား၊ ရှင်ဘုရား။ ။ ဟောကြားမြွက်ဖော်၊ တရားတော်ကို၊ ထင်ပေါ်သိသာ၊ နားဝင်ပါ၏၊ ခြင်းရာထွေငေါ်၊ သို့သိသော်လည်း၊ ကျွန်တော်မမှာ၊ လွမ်းစရာသည်၊ ထိပ်ချာထားတင်၊ သခင် − တကဘက်၊ အသက်ပမာ၊ သားမှာ − တသွယ်၊ ဝမ်းဝယ်ရစ်ခွေ၊ ခဲတွေအပြည့်၊ ရှိခဲ့သည်ကြောင့်၊ ဖြေဖြည့်ဖျော်ပြိုင်၊ မတတ်နိုင်ပါ၊ စေ့ရှာခြင်းတ၊ မှာသမျှကို၊ ကျွန်မသခင်၊ လာရောက်လျှင်သာ၊ မြတ်စွာဘုန်းဟေ့၊ မမေ့မလျော့၊ လျှောက်ပါတော့ဟု၊ ပျောင်းပျော့သာချို၊ မှာခဲ့ဆို၍၊ ရှိုက်ငိုယိုလျက်၊ ကျောင်းကထွက်၍၊ ချမ်းမြေ့ကြည်မော၊ သီတောဒက၊ ရေကန်စသို့၊ ကြွတော်မူပြီး၊ ရောင်ညီးထွန်းပေါ်၊ သိုရင်းတော်ဝယ်။ သင့်လျော်ဆန်းကြယ်၊ ကပ်ချယ်လှယ်သည်၊ ရောင်သွယ်ကျူးကျော်၊ ဝေရော်စန၊ မည်ရ − ရတနာ၊ ရောင်ပြားလွှာကို၊ ခွာတော်မူမှ၊ ကျွန်မလျှောက်သည်၊ ဘုန်းစည်ထိပ်ချာ၊ ကြွလိုက်လှာလျှင်၊ ကျောင်းမှာဝင်၍၊ စေ့စေ့ရှာရှာ၊ မယ့်ခြင်းရာကို၊ မေးပါမင်းငယ်၊ ထိပ်ပန်းနှယ်ဟု၊ နှိုင်းဆွယ်မမှီ၊ ဝဇီရသာရ၊ နာမထင်ပေါ်၊ လက်စွပ်ကျော်နှင့်၊ လက်တော်နုအူ၊ ရေးတော်မူ၍၊ မဉ္ဇ...

သူဇာပျို့

Image
သူဇာပျို့ ၁၃၁။   ထို့ကြောင့်မှန်စွာ ၊ ဒါယိကာမ၊ လှရောင်မြိုက်၏၊ ကိုယ်နှိုက်လည်းကောင်း၊ နန်းလောင်းပွင့်လျာ၊ ဒါယကာ၏၊ ခန္ဓာအမှိုက်၊ ကိုယ်နှိုက်လည်းကောင်း၊ နှစ်ထောင်းသာယာ၊ မတပ်ရာတည့်၊ ကြောင်းခြာဟုတ်လှ၊ အနိစ္စသာ၊ မှတ်ရှုရာ၏၊ မြဲစွာနေကြ၊ နိစ္စကိုကား၊ မမှတ်သားလင့်၊ မမှန်းမှန်လှ၊ အနတ္တာသာ၊ မှတ်ရှုရာ၏၊ မြဲစွာနေကြ၊ အတ္တကိုကား၊ မမှတ်သားလင့်၊ တရားဟုတ်ကြ၊ အသုဘသာ၊ မှတ်အပ်ရာ၏၊ ကောင်းစွာယူဆ၊ သုဘဟူ၍၊ မအောက်မေ့လင့်၊ ချမ်းမြေ့သာကြည်၊ ကြာရှည်မြင့်ကျူး၊ မစွန့်ဘူးဟု၊ စူးစူးသေချာ၊ မှတ်ရှုရာ၏၊ မြဲစွာခိုင်ကျည်၊ အရှည်စွမ်းမည်၊ မမှတ်တည်လင့်၊ သွေးပြည်ရွံဘွယ်၊ ကိုယ်တွင်းဝယ်နှိုက်၊ အူသွယ် − အူမ၊ စသည်တို့လျှင်၊ အပပြင်နှိုက်၊ အထင်အရှား၊ ဖြစ်ဘိငြားအံ့၊ ချီစားအံ့ငှာ၊ လာသည်သောင်းသဲ၊ စွန်ရဲကစ၊ ကျီး, လင်းတကို၊ ဆီးဆချောက်လင့်၊ လှံကန်ဖြင့်လည်း၊ ပြေးလွင့်စိမ့်ခွါ၊ မနိုင်ရာတိ၊ မှန်စွာစင်စစ်၊ ထိုသို့ဖြစ်၍၊ မနှစ်သက်ရာ၊ ကိုယ်ခန္ဓာကို၊ ရွံရှာထိတ်လှ၊ သံဝေရလော့၊ ဘဝများစွာ၊ အခါရှည်လျား၊ ကျိုးစီးပွားကို။ ။   မှတ်သားဝမ်းဝယ် ပိုက်မျိုတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၃၀။   သဘောဖြောင့်သား ၊ တရားကိုသာ၊ ဒါယိကာမ၊ နေကျမှတ်သား၊ နှလုံးထားလော့၊ တပါးတပို၊ ကွဲပြိုတတ်သော၊ သဘောမည်သည်၊ အတည်မမြဲ၊ ပြိုကွဲသည်သာ၊ ဖြစ်တတ်စွာ၏၊ ထွေလာဘောက်ယွင်း၊ ကွေကွဲခြင်းလည်း၊ ကွေကွင်းတတ်စွ၊ မြဲနေကြသည်၊ ဒုက္ခအဘို့၊ ဤသို့မလွဲ၊ ပြိုကွဲကွေကွင်း၊ ကွာရှဲခြင်းကား၊ စင်းလျင်းမှန်လှ၊ တကာမချည်း၊ တယောက်တည်းမှာ၊ မဟုတ်ပါသည်၊ သင်္ချာမဟဲ့၊ တိုင်းမဲ့များစွာ၊ စက္ကဝါနှိုက်၊ ရောရာမရ၊ တည်ကုန်ကြသည်၊ များလှသတ္တဝါ၊ ခပ်သိမ်းမှာပင်၊ ကွေကွာပြိုကွဲ၊ ကြရမြဲတည့်၊ နက်နဲပညာ၊ ဒါယိကာတော်မ၊ သတိရလော့၊ သဗ္ဗသတ္တာ၊ သတ္တဝါတို့၊ ဝေါဟာတွင်မည်၊ ဤသို့သည်ကား၊ မကြည်ချစ်ရာ၊ ရွံဘွယ်သာတည့်၊ ကေသာဆံ၊ အမွေးစသည်၊ ဒေါသပြဲ့ပြဲ့၊ သုံးဆယ့်နှစ်ပါး၊ ခြင်းရအားဖြင့်၊ ဖြစ်သားယုတ်မာ၊ တည်ရာသာတိ၊ ရွံရှာတလ္လ၊ ကိုးဒွါရမှ၊ ကျသည်သွယ်သွယ်၊ စက်ဆုပ်ဘွယ်သည်။ ။   ပုပ်ကြွယ်နံ့လှောင်းထွက်ယိုတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၂၉။   သည်ကတဖန် ၊ ကြွသွားပြန်လျှင်၊ ဝေးဟန်ဓွန့်တာ၊ ယူဇနာခြောက်ဆယ်၊ ရှေ့နယ်တမျှ၊ ရောက်လေကလျှင်၊ ဝေတ္တဝန၊ မည်ရထင်ရှား၊ ဆူးစေသားသား၊ ဓားမျှ မက၊ ထက်လှထူပြော၊ ကြိမ်ပိုက်တောသည်၊ ကြောက်မောချင်ဘွယ်၊ မျက်နွယ်ထပ်ပြီး၊ လမ်းကိုဆီးချည့်၊ ပျစ်ကြီးထူထပ်၊ ထိုတောရပ်သို့၊ ချဉ်းကပ်အလျင်၊ မရောက်ခင်ဝယ်၊ များဖြင်ကြာမျိုး၊ လှိုင်ဖြိုးတင့်ဆုံး၊ ရေပေါ်ဖုံးလျက်၊ ပတ်ကုံးဝန်းရံ၊ ငှက်ပျောကြံဘိ၊ ကုံထံများဘိ၊ တိုင်းမသိသည်၊ မည်ရှိစူဠ၊ ဆဒ္ဒန္တဟု၊ သာလှပျော်ဘွယ်၊ ထိုအိုင်လယ်နှိုက်၊ တောင်နှယ်ကြီးတောင်း၊ အလောင်းအလျာ၊ မြဲစွာကျင့်မှန်၊ ဆဒ္ဒန်မျိုးစစ်၊ ဖြစ်သည့်ဆင်မင်း၊ တစီးချင်းသာ၊ မကင်းမကွေ၊ ပျော်ပါးနေ၏၊ ရဲထွေတုလွတ်၊ ဆိုဆင်မြတ်ကို၊ တောင်ထွတ်ဟေမာ၊ ဂိရိချာသို့၊ ပို့ပါဆိုလျှင်၊ ကျောက်ထက်တင်၍၊ သာရွှင်နှစ်လို့၊ ပို့ပါလိမ့်မည်၊ ယင်းသည်ကသာ၊ ထိပ်ချာနွဲ့ပျို၊ မယ့်ကိုဖူးခွင့်၊ မမြင့်မရှည်၊ လွယ်တော့မည်ဟု၊ နားလည်သာလှ၊ အချက်ကျအောင်၊ သီလသခင်၊ လျှောက်ပါရှင်ဟု၊ ဦးတင်ပန်ထွာ၊ မှာထားရှာသော်၊ အရိယာဘုန်းဟေ့၊ ရှင်ရသေ့သည်၊ ချမ်းမြေ့မေတ္တာ၊ စေတနာနှင့်၊ တကာတော်မ၊ မကြောင့်ကြနှင့်၊ တကာမ ကြင်ဘော်၊ မောင်တော်ဒါယကာ၊ လာရောက်ပါလျှင်၊ ဝါဝါညီးည...

သူဇာပျို့

Image
သူဇာပျို့ ၁၂၈။   ဒိဗ္ဗောသဓ၊ မည်ရတွင်ဆို ၊ သည်ဆေးကိုလည်း၊ ကြည်ညိုသာပျော်၊ အပ်တော်မူပါ၊ ခရီမှာကား၊ သီတာဇလ၊ သည်ကဖြောင့်သား၊ မြောက်သို့သွားသော်၊ ရှည်လျားယူဇနာ၊ ခြောက်ဆယ်မှာနှိုက်၊ တေဇာပြင်းထန်၊ ဝေဿဝဏ်ဟု၊ ကျော်ဝှန်နီးဝေး၊ နတ်မင်းပေးသည်၊ ကြိုင်မွှေးပျပျ၊ သာလပဏ္ဏိ၊ မည်ရှိတွင်ခြင်း၊ အင်ကြင်းပင်စည်၊ ရှည်သည်အလယ်၊ အံဘွယ်များစွား၊ အဉ္ဇနာဂိရိ၊ မည်ရှိညိုရောင်၊ မျက်စဉ်းတောင်ကို၊ သိမ်းဆောင်ပိုင်သ၊ အစိုးရသည်၊ လက္ခလယက္ခ၊ မည်ရစိတ်သွမ်း၊ ဘီလူးကြမ်းသည်၊ လမ်းကိုဖြတ်နေ၊ ဆီးနှင့်ချေ၏၊ ဘုန်းဝေသည့်ရှင်၊ သင့်ကိုမြင်လျှင်၊ ပျံ့ရွှင်လှိုင်ဧ၊ သည်နတ်ဆေားကို၊ ချိပ်သွေားနှိုင်းလျော်၊ ခြေတော်နုထွား၊ လက်တော်ဖျားမှာ၊ ကြိုင်ရှားပျံ့ငြိမ်း၊ ဆိတ်စာလိမ်းလျက်၊ ချောက်ခြိမ်းထန်ပြင်း၊ သင့်ကိုခွင်း၍၊ ဖြောင့်စင်းမြောက်ဆီ၊ ကြွခဲ့ချီဟု၊ ပီပီသသ၊ ပွက်ဟလျှောက်ပါ၊ သည်ကခွာ၍၊ ယူဇနာဝေးကျယ်၊ ခြောက်ဆယ်များပင်၊ ရောက်ပြန်လျှင်လည်း၊ ဆူးရှင်နီမောင်း၊ ကြေးရေချောင်းမှာ၊ မိကျောင်းပြိတ္တာ၊ သင့်ကြမ္မာဖြင့်၊ ပူဇာရှိန်ငွေ့၊ တနေ့တခါ၊ ပေါ်လှာမကင်း၊ တန်တားခင်းသို့၊ စင်းစင်လျားရှည်၊ ခံရသည်ကို၊ ဘုန်းစည်ညွန့်လန်း၊ ဝေဆာရွှန်းသည်၊ ရွှေနန်းပွင့်လျာ၊ တွေ့သော...