Posts

Showing posts from June, 2015

ကျွန်တော်နှင့် သူရဲကောင်း

Image
                           ကျွန်တော်နှင့် သူရဲကောင်း           ကျွန်တော်သည် သူရဲကောင်းဆိုသူကို ချစ်ခင်မြတ်နိုး အားကျသူဖြစ်သည်။ သူရဲကောင်းအမျိုးအစား (၁၃)မျိုးရှိသည်ဟုလည်း စာအုပ် တစ်အုပ်ထဲတွင် ဖတ်မှတ်ခဲ့ဖူးသည်။ သူရဲကောင်းဆိုသည် က ပြုပြင်ပြောင်းလဲရန်လိုအပ်နေသည့်အခြေအနေ၊ အချိန်အခါမျိုးတွင် အများကောင်းကျိုး အတွက် ကိုယ်ကျိုးမဖက်ဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ပေးသူများ ကို ခေါ်ဆိုကြောင်း စာမျက်နှာ တချို့တွင် အဓိပ္ပယ်ဖွင့်ထားသည်ကို ဖတ်ခဲ့ရဖူးသည်။

စိတ်သံတိုင်

Image
                                                         စိတ်သံတိုင်                                                 ခုဟာက                                                 မင်းစိတ်နဲ့ ကိုယ့်ကိုယ် မဟုတ်ဘူး        ...

လောကကို ပြောင်းလဲစေသည့် နီတိများ(၁)

Image
လောကကိုပြောင်းလဲစေသည့်နီိတိများ(၁) ပျင်းသောသူ အတတ်ပညာမရနိုင် အတတ်ပညာမရှိသောသူ ဥစ္စာမရနိုင် ဥစ္စာမရှိသောသူ မိတ်ဆွေမရနိုင် မိတ်ဆွေမရှိသောသူ ချမ်းသာမရနိုင် ချမ်းသာမရှိသောသူ ကောင်းမှုမပြုနိုင် ကောင်းမှုမရှိသောသူ နိဗ္ဗာန်မရနိုင်။        ။             နိဗ္ဗာန်သည် လောကုတ္တရာတွင် အမြင့်ဆုံးပန်းတိုင်ဖြစ်သည်။ ပျင်းသောသူအတွက် နိဗ္ဗာန်ကိုမဆိုထားဘိ လူ့ဘဝဇာတ်ခုံပေါ်မှာပင် လူအဖြစ်ကို ပီပီပြင်ပြင်မရနိုင်ပေ။ လူတန်းမဝင်၊ လူရာမစေ့၊ လူစဉ်မမှီဘဝဖြင့် က-ပြ အသုံးတော်ခံနေကြသည့် လူပျင်းများစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် သတိထားကြည့်မည်ဆိုပါက ဝမ်းနည်းဖွယ်ရာ တွေရလိမ့်မည်ဖြစ်သည်။

ဝဿ န်ကြိုသူများ

Image
ဝဿ    န်ကြိုသူများ      ယခုအချိန်တွင် အပြင်ဘက်လမ်းမဘက်သို့ ကြည့်လိုက်မည်ဆိုပါက တံလျှပ်ခိုးတွေ တရှိန်းရှိန်းဟပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လေပူများ၊ ဖုန်ငွေ့များ၊ ရိုးတံထိုးထိုးထောင်ထောင်နှင့် ကျန်ရှိ နေသေးသည့် ရွက်ကျန်များအပေါ် တင်နေသည့် ထုတက်နေသည့်ဖုန်မှုန့်များ၊ ရွက်ကြွေများဖြင့် ဝန်းကျင်သည် ကန္တာရဆန်လှသည်။           ထိုအခြေအနေကို လစ်လျူရှုပြီး လူငယ်များကြား၊ သို့မဟုတ် လူအများကြား ဖက်ရှင်ကျသည့် စကားလုံးတစ်ခုရှိသည်။

ကျွန်တော်နှင့် ချစ်သောသင်တန်းတစ်ခု

Image
ကျွန်တော်နှင့် ချစ်သောသင်တန်းတစ်ခု              ကျွန်တော်သည် ဇေယျာပဒေသာဖောင်ဒေးရှင်း ပညာ့အလင်းခေတ်မှီစာကြည့်တိုက်မှ ကြီးမှူး ကျင်းပသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု   စွမ်းရည်မြှင့်သုံးလသင်တန်း အမှတ်စဉ်(၂)တွင် တက်ရောက် သင်ကြားနေ သည့် သင်တန်းသားတစ်ဦးဖြစ်ပါသည်။              ထိုသင်တန်းကြီးက သင်ကြားသည့် ဘာသာရပ်(၅)မျိုးရှိသည်။ ဘာသာရပ်(၅)မျိုးတွင် အင်္ဂလိပ်စာ ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း ထားသည်မှာ