စိတ်သံတိုင်
စိတ်သံတိုင်
ခုဟာက
မင်းစိတ်နဲ့ ကိုယ့်ကိုယ် မဟုတ်ဘူး
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်။
ညဥ့်မနက်ပေမယ့်
ဘဝက နက်တယ်။
အပြာရောင် စိတ်ကူးတွေနဲ့
ဆေးခြယ်မိတဲ့ ပန်းချီကား
ရောင်းတန်းမဝင်တာ ဘာအရေးလဲ။
အတိတ်က အတိတ်မှာဆိုပေမယ့်
ကိုယ့်စိတ်ကူးနဲ့ ပိတ်မိခဲ့တဲ့ထောင်
ဘယ်တော့မှ မလွတ်မြောက်ဘူး။
အဝေးက လကိုငေးရင်း
မတွေးနဲ့ ဆိုတဲ့အတွေးနဲ့
ဆွေးနေခဲ့တာက ခုချိန်ထိ။ ။
Comments
Post a Comment