Posts

Showing posts from August, 2024

သူဇာပျို့

Image
သူဇာပျို့ ၁၀၄။   သို့လျှင်ဆရာ ၊ ကွယ်ကာဆည်းဆို့၊ အသို့ဘွေနှယ်၊ ကြံပါမည်ဟု၊ မိန့်သည်ရှိသော်၊ တွေဖော်ကျမ်းလာ၊ ယတြာကြီးအင်၊ ယဇ်စီရင်မည်၊ နတ်ရှင်ဘုန်းခြည်၊ ဘုရားသည်ကား၊ မြိုင်စည်ရိပ်ကျော်၊ ဥယျာဉ်တော်မှာ၊ ယတြာမည်မှန်း၊ တဲနန်းဆောက်၍၊ ခုနှစနေ့တွင်၊ မမြင်လူသူ၊ ဆံမြူမနှောင့်၊ ဥပုသ်စောင့်လျက်၊ ငြိမ်သက်ကုပ်သေ၊ နေတော်မူပါ၊ ရေးရာမြော်မြင်၊ ပုဏ္ဏားတော်ကို၊ မှာသော်မူကား၊ ထင်ရှားကျူးကျော်၊ ယဇ်ပူဇော်မည်၊ ဘုန်းတော်စည်ဖြီး၊ ကြီးသည်ဘုရား၊ ရက်လည်ငြားမှ၊ နှုန်းထားပုံထု၊ ရာဟုလက်က၊ လွတ်သည့်လသို့၊ ထကြွခဲ့၍၊ ဘုန်းဟေ့ဧကရာဇ်၊ မင်းသစ်ဘွဲ့မည်၊ ခံသင့်သည်ဟု၊ ယုံကြည်ဘွယ်လောက်၊ လျှောက်လတ်သောခါ၊ ဆရာသင့်ပြီ၊ ခန့်စီရင်ပါ၊ လျင်မကြာဟု၊ ထွေသာအလျင်၊ နတ်ရှင်ဘုန်းဟေ့၊ ယနေ့နေ့ပင်၊ စုံစေ့ရုံးပေါင်း၊ ပြီးစေကောင်း၏၊ ပွင့်လောင်းဘုန်းကျော်၊ ဥယျာဉ်တော်မှာ၊ နေသော်ခါလည်း၊ လုံစွာတံခါး၊ စောင့်ရှောက်ထားလော့၊ ပုဏ္ဏားတို့ဝယ်၊ ပူဇော်ဘွယ်ကား၊ ကြီငယ်ဝတ္ထု၊ ရုံးစုစေ့င၊ များမြောင်လှ၏၊ ခုကဘုရား၊ မိန့်စေသားဟု၊ စီးပွားလိုယောင်၊ လှည့်ပတ်ဆောင်၍၊ ယုံအောင်ချိုသာ၊ နှုတ်ပျူဟာနှင့်၊ လိုရာချောင်းချောင်း၊ စကားတောင်းသည်။ ။   ပျော့ပျောင်းကွယ်ဝိုက်ကျေပွန်တည်း ။

သူဇာပျို့

Image
သူဇာပျို့ ၁၀၃။   ထိုမြို့ကခွာ ၊ အကွာစခန်း၊ ချမှန်းတထောက်၊ ရောက်သည့်နေ့ဝယ်၊ ဘုန်းငွေ့တောက်ရှိန်၊ ထိန်ပြင်းထိန်သည်၊ ရာဇိန္ဒရာဇာ၊ မည်သာတွင်ခေါ်၊ ခမည်းတော်လျှင်၊ စက်ပျော်သာယာ၊ မိုးသောက်ခါနှိုက်၊ မင်္ဂလာမည်မှည့်၊ ထွန်းစည့်ရောင်ညီး၊ ရထားစီး၍၊ ကြွချီးစံတည်၊ ထက်နတ်ပြည်သို့၊ တက်သသည်ကိုထင်၊ အိပ်မက်မြင်သော်၊ နိုးလျှင်စိတ်က၊ ရွံထိတ်လှလျက်၊ နံနက်စောလှ၊ ထ တော်မူ၍၊ တံပူကိစ္စ၊ ပြီးပြီးမှလျှင်၊ ရာဇိန္ဒရာဇဂုရု၊ နုသည့်အမတ်၊ ကြမ်းသည်စိတ်လက်၊ ပုဏ္ဏားပျက်ကို၊ အိပ်မက်မြင်ဟန်၊ ခေါ်တွင်ပြန်၏၊ အလွန်ကြောင်ဆင်၊ မင်းရိပ်ထင်သော်၊ သည်တွင်လွယ်ကူ၊ ငါ့ရန်သူကို၊ ကလူနှိပ်စက်၊ နိုင်ထက်ထားသည်၊ အောင်တော့မည်ဟု၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာကို၊ မြဲစွာကျိတ်ကျိတ်၊ မှတ်ရင်းစိတ်နှင့်၊ ထိတ်လန့်ပြန်ကြောင်း၊ လောင်းကာဆင့်လျက်၊ သည်အိပ်မက်ကို၊ ဘတ်မြွတ်တံ့တံ့၊ မလျှောက်ဝံ့ဟု၊ ပျေ့ညံ့ဖြည်းသာ၊ လျှောက်သော့ခါဝယ်၊ ထွတ်ချာရွှေမှောက်၊ လွန်ပြန်ကြောက်၍၊ တင်လျှောက်ဆရာ၊ ဘတ်ပါတော့ဟူ၊ မိန့်တော်မူက၊ ဘုန်းတူဘုရား၊ များမကြာခင်၊ သည်လတွင်ပင်၊ အရှင်မင်းသည်၊ အစတည်၍၊ ရွှေပြည်ရပ်ကြီး၊ ပျက်စီးမည်ဆင်၊ ဥပဒ်မြင်ဟု၊ ကြောက်ငြင် ဘွယ်လောက်၊ လုပ်ကြံလျှောက်သည်။ ။   အ

သူဇာပျို့

Image
သူဇာပျို့ ၁၀၂။   ယဉ်မျိုးထိပ်ဗွေ ၊ မိုးနိမ့်နေသည်၊ သပြေစိုးရန့်၊ ရဲတမ်းခွန်ကား၊ လွမ်းဝှန်အူသည်း၊ ဖိမ့်ဖိမ့်ကြည်း၍၊ ဟိန်းဟည်းဖန်များ၊ ချသည့်သားနှင့်၊ ရပ်ခြားသူ့မြေ၊ တိုင်ရောက်လေသော်၊ ငံ့နေမတင်း၊ ဆင်ခင်းမြင်းရာ၊ မညှာမဆ၊ ဗျူဟာ့သုံးပါး၊ မှတ်သားမပြု၊ လျင်မှုခဏ၊ ထပ်မျှမတည်၊ ငံ့ဆည်မမြော်၊ တိုက်စည်ဆော်၍၊ ဗြာကြော်ထိန့်ဆူ၊ သောင်းသောင်းအူမျှ၊ သူ့သူစစ်ဆိုင်၊ ပြိုင်ပြိုင်သမျှ၊ ကြွင်းရမထင်၊ အစဉ်သတ်လိုက်၊ ချွံချွံတိုက်၍၊ ရောက်ဆိုက်ရိုင်ရိုင်၊ မြို့ရင်းတိုင်သော်၊ ကြံ့ခိုင်လူကျော်၊ မြို့ပေါ်ခုန်လွှား၊ တံခါးကိုဆင်၊ ဖျက်ဘောက်ဝင်၍၊ မြင်းလျင်ဗိုလ်ခြေ၊ တွက်ရေမရှိ၊ နောက်ထပ်ဖိသော်၊ ဟိတ္ထိပူရ၊ မင်းကစသည်၊ ပြည်မအလုံး၊ ပတ်ကုံးမကြွင်း၊ တပွဲချင်းနှင့်၊ လျင်ပြင်းခဏ၊ အကုန်ရ၍၊ ပူရဟတ္ထိ၊ တွင်ရှိမည်မှည့်၊ မြို့၏အပါ၊ ကြေညာတလွှား၊ မြို့ပြများက၊ သားနှင့်သမီး၊ ဆင်ကြီးမြင်းကျော်၊ ပူဇော်ရှိလက်၊ ညွတ်လှာဆက်သော်၊ နှောင့်ရှက်မထင်၊ ရန်မျိုးစင်၏၊ သို့လျှင်မကြာ၊ နောင်လာဆီးဆို့၊ မြို့အစီရင်၊ သိမြင်စစစ်ကဲ၊ ယှဉ်တွဲနာခံ၊ စီမံသီးသီး၊ ခန့်ထားပြီးလျှင်၊ သူ့ရှင်မင်းသား၊ မိဖုရားနှင့်၊ မြေး, သားမကြွင်း၊ ယူခဲ့လျှင်း၍၊ ရပ်တင်းမညှာ၊ ပြန်ခဲ့လာသည်

သူဇာပျို့

Image
သူဇာပျို့ ၁၀၁။   ဆဲ့နှစ်ခေါဘိဏီ ၊ ပည်းသီစစ်ခြေ၊ တွက်ရေဖြင်ညီး၊ မြေကြီးနန့်နန့်၊ မြေမုန့်ကောင်းကင်၊ လောက်မျှ၍ပင်တည့်၊ စုံအင်လေးထွေ၊ ချီလေအံ့လောက်၊ ကွန်းသုံးထောက်ကို၊ အရောက်လျင်လှ၊ နေ့ချင်းချ၍၊ နေကြထုံ့ပိုင်း၊ စခန်းတိုင်းလည်း၊ မနှိုင်းယှည်သာ၊ လွမ်းခြင်းရာကို၊ မိန့်မှာစေ့ရေ၊ စာရွှေပေနှင့်၊ ပြစ်ပြေလိမ္မာ၊ နှုတ်လျှာရွရွ၊ ကျေပွန်လှသည်၊ ဇေယျမင်းရဲ၊ မည်သာကဲသည်။ မင်ရဲဇေယျ၊ စသည်ပျိငယ်၊ အရွယ်နုထွား၊ မင်းသားတို့အား၊ စေစေားနေကြ၊ လျှောက်စေရ၏ ညွတ်ခဆက်လှာ၊ ထိုရွှေစာကို၊ သိင်္ဂါလျှံတောက်၊ အိမ်တော်ရောက်သော်၊ ငံ့ထောက်မဲ့ဘူး၊ အိမ်ဆောင်မှူးနှင့်၊ ရာထူးတသီး၊ အကြီးတို့က၊ ဆင့်ဆက်ရ၏၊ အူရွရွှန်းရွှင်၊ မင်းရှင်ကလည်း၊ အူသည်းပြတ်မျှ၊ လွမ်းလှသည်ဖြစ်၊ ဘွေလှစ်လျှောက်မှာ၊ ရွှေပေစာကို၊ ရေးရာသိလှ၊ ဇေယျယဉ်နု၊ လူမှုကုံတွင်၊ နားဝင်ရှင်မှု၊ ယဉ်နုဇေယျ၊ စသည်မည်ဆို၊ မတ်ပျိုတို့အား၊ အကြီးများက၊ မှတ်သားမြဲနေ၊ သင့်အပစေ၍၊ ရိုသေညွတ်ခ၊ ဆက်စေရ၏၊ ယဉ်လှသည့်ရှင်၊ ထိပ်တင်ကစေ၊ ဖြူရွေဝင်းရွ၊ မင်းလှကခန့်၊ ရည်သန့်မင်းသား၊ မှူးမတ်များက၊ လာသွားတုံ့ဖယ်၊ ယက်ကန်းရှယ်သို့၊ အံဘွယ်ထွေလာ၊ မြင်းခွာရာဘိ၊ ထပ်ကာဆင့်လောင်း၊ တောလမ်းကြောင်းလည်း၊ ထောင်းထောင်

သူဇာပျို့

Image
သူဇာပျို့ ၁၀၀။   ယင်းသို့သံချို ၊ မင်းဖျားဆိုသော်၊ ကြည်ညိုရိုညွတ်၊ မိန့်တော်မြတ်ကို၊ ထွတ်ထိပ်ဦးဆီ၊ တင်ပါပြီဟု၊ လက်ချီစုံမြှောက်၊ ဝန်ခံလျှောက်မူ၊ ချိန်ရောက်သင့်လျော်၊ ခါတော်မျို့ကောင်း၊ ပြည့်စုံကြောင်းကို၊ သံညောင်းမွှေးပျ၊ တွင်းဝန်ကလည်း၊ ဇေယျဒူတ၊ သိပ္ပသရေ၊ မည်ထွေသာထူး၊ မိန်းမမှူးတို့၊ သာကြူးလွတ်ကျွန်း၊ နန်းမတော်ရောက်၊ ဆက်လှာလျှောက်သော်၊ ရွှေမှောက်ဘုန်းခေါင်၊ မောက်ကြွတော့ဟူ၊ မိန့်တော်မူ၍၊ ဇမ္ဗူကျွန်းစည်၊ စိုးလျှောက်တည်သည်၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာလည်း၊ သိင်္ဂါဘုံကျော်၊ ဗြဲတိုက်တော်က၊ သက်ကြွခဲ့သော်၊ ဘုန်းတော်ကြီးလှ၊ ဘုရာ့းတွင်းဝန်၊ မကျန်မှူးမတ်၊ ဝန်းပတ်ရံကာ၊ စဉ်တိုင်းလာ၍၊ ရတနာမြတ်လှ၊ မြောင်နာဂထက်၊ ထွန်းပရောင်ညီး၊ စံပယ်ပြီးလျက်၊ ထပ်ဖြီးစဉ်လျား၊ လမ်းနားညိတ်ညိတ်၊ နှစ်ဖက်ပိတ်မျှ၊ ကြည့်ကြသသူ၊ ဆင်ဖြူလွလွ၊ သုမိတ္တနှင့်၊ မာဃနတ်ရှင်၊ စစ်မြေပြင်သို့၊ ရန်နှင်လွှင့်ဖြို၊ ထွက်သည်ဆိုလည်း၊ သည်ကိုထင်ရည်၊ မှီမည်ထားဦး၊ မတူဘူးဟု၊ ရူမူးစည်လျဉ်၊ အံ့ချီးစဉ်ဝယ်၊ ရဲယဉ်တင့်လှ၊ ချီလေကြသည်။ ။   ထိန်မျှသောင်းသဲသံဝှန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်