သူဇာပျို့

သူဇာပျို့

၁၃၃။ သို့မှမကြာ၊ ဟေမာမည်မှန်း၊ ဝိရိနန်းသို့၊ ဖြောင့်တန်းရည်ရော်၊ စူးစူးမြှော်၍၊ တိမ်ပေါမိုးဝ၊ ပျံလေကြွသော်၊ ရူတဆိုမြည်၊ ငိုချင်းသည်ကား၊ ဖြီးစည်ပြောထူ၊ ဆင်ရဲလူကို၊ ကြည်ဖြူသနား၊ စောင့်ပါငြာလည်း၊ သိကြား, ဗြဟ္မာ၊ နတ်တကာကို၊ တ ဆို စေ့ရေ၊ အူသည်းကြွေမျှ၊ မသေ − မရှင်၊ ပူပင်သည်သား၊ မယ့်ဖြစ်လားကို၊ ထိပ်ထားရှိရာ၊ လျှောက်ချေပါလော့၊ ဗျာပါခွေရစ်၊ ကျွန်မဖြစ်ကို၊ ဧကရာဇ်အလျာ၊ မယ့်ထိပ်ချာသည်၊ ဝမ်းမှာပြတ်ပြတ်၊ မသိတတ်၍၊ လှည့်ပတ်မာယာ၊ စစ်မြေတာသို့၊ လိုက်လှာယောင်နှင့်၊ ထွတ်မြင့်ဟေမာ၊ ဂိရိချာသို့၊ လွယ်ကာရှေ့ရည်၊ သွာလေသည်ဟု၊ မှတ်တည်စိတ်ထဲ၊ ယူတော်စွဲ၍၊ ကျော်သဲကြေညာ၊ မယ့်ထိပ်ချာသည်၊ မယ့်မျာမကြည်၊ မုန်းခဲ့မည်ကို၊ ကြံစည်ကျွန်မ၊ စိုးရိမ်လှ၏၊ တက်စနေ့နှယ်၊ ဘုန်းညွန့်သွယ်သည်၊ တကယ်မယ့်မှာ၊ အမုန်းပါ၍၊ အောင်ချာမည်ဟူ၊ ကျွန်းဇမ္ဗူတွင်၊ ရိပ်ဖြူထီးဆောင်း၊ အပေါင်းများစွာ၊ မင်းတကာတို့၊ သည်းချာရင်တွင်း၊ လှရောင်ဆင်းနှင့်၊ မကင်းသာရွှင်၊ သဘင်ညီလာ၊ ခံ၍သာလျှင်၊ မယ့်မှာချစ်နံ့၊ မပျံ့ပန်းနှယ်၊ ပြယ်လိမ့်မည်သား၊ ပျံ့ရှားနံ့သာ၊ နတ်မာလာလည်း၊ နှိုင်းရာမမျှ၊ ဘက် မရသည်၊ မွှေးပျံ့ကြိုင်ဆုံး၊ မယ့်ပန်းကုံးကို၊ ပင်ရုံးဆံဖျား၊ ထိပ်ခေါင်ထား၍၊ သူများပျံ့ကြည်၊ ပန်လိမ့်မည်ကို၊ ကြံစည်စိတ်က၊ စိုးရိမ်လှသည်။ ။ ကျွန်မကိုယ်တွင်း − ပူလောင်ပြင်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

ရသစာတမ်း