သူဇာပျို့

သူဇာပျို့ ၁၃၆။ မကင်း − မကွေ ၊ နေလည်းတူပင်၊ စက်လျှင် − မခြား၊ စားလည်း − လိုရာ၊ မယ့်ကိုသာလျှင်၊ မေတ္တာဆပွား၊ ချီးမြှောက်စား၏၊ ရွှေသား ရောင်လက်၊ အိမ်တော်ထက်ဝယ်၊ ယှဉ်လျက်ပင်လျဉ်၊ ဥယျာဉ်သာလွန်၊ ပန်းမန်ထူးပြား၊ ငါးပါးတူရိယာ၊ ပတ်သာ, စောင်းငြင်း၊ သီချင်းအန်အဲ၊ ပျေားနွဲရတု၊ ယဉ်နုသဘင်၊ သည့်ပြင်မှာသော်၊ ရေကန်တော်ဝယ်၊ ရွှေလှော်ရောင်မောင်း၊ ရွှေလောင်းဆန်းကြယ်၊ ရွှေဘောင်ငယ်နှင့်၊ တင့်တယ်စီစဉ်၊ ယဉ်သည်မူထား၊ ပျိုငယ်များကို၊ ဆန်းပြားသံညင်း၊ လှေဟစ်ချင်းနှင့်၊ ညခင်း − လသာ၊ သာယာရွှင်ပျ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကြီးအင်၊ ပျော်ရွှင်စေမှု၊ အကြောင်ပြုရှင့်၊ ရုံးစုများဖြင်၊ အင်းပြင်မြစ်မှာ၊ ဧရာကြီးတောင်း၊ ရွှေလောင်းရွှေဘောင်၊ သောင်းထောင်မက၊ ဆင်ဘမ်းစသည်၊ များလှပျော်ရာ၊ ကြည်းမှာတထူး၊ မင်းမှူး − မင်းမတ်၊ ဝန်းပတ်ပည်းသီ၊ မင်းညီမင်းသား၊ မယားကတော်၊ ရေသော်မပြီး၊ ထံနီးရွှေအုပ်၊ ကိုယ်လုပ်မဿံ၊ ခရံဝန်းရုံ၊ သဘင်စုံနှင့်၊ မျက်ပုံရောင်လွှမ်း၊ စီချယ်မွမ်းသည်၊ မင်းခမ်းမင်းဆောင်၊ ပြောင်ပြောင်ကျင်းပ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကျူးကျော်၊ ရွှင်ပျော်စိမ့်သား၊ နှလုံးထားရှင့်၊ လက်ဝါးပေါ်တွင်၊ ထားတင်မတတ်၊ အသက်ပြတ်မျှ၊...