Posts

ငါ စိတ်တိုတယ်

Image
               မဒီစံ ရိုက်ပြီး သူနဲ့လိုက်သွားရမလား။ မဖြစ်သေးပါဘူး မဒီစံက ကိုယ့်ရိုက်နေကျကို။ အစဉ်အလာတွေ ပျက်သွားလိမ့်မယ်။ သူ့ရိုက်ပြီး မဒီစံနဲ့ ဇာတ်ပေါင်းထုတ်တာ ကောင်းမယ်ထင်တယ်။ အဲ အဖြစ်က ဒီလိုပါ။

ကျေးဇူးပြု၍ ဤမေးခွန်းကို ဖြေပါ

Image
  ကျေးဇူးပြု၍ ဤမေးခွန်းကို ဖြေပါ တစ်နေ့က ကျွန်တော့်အိမ်သို့ ကိုထိန်ရောက်လာသည်။ “ စာရေးဆရာ၊ ဘယ်လိုလဲ အပြင်မထွက်ပါလား ” ကျွန်တော်က လေသံတိုးတိုးဖြင့် “ အေးကွ၊ အပြင်မထွက်ဖြစ်တာ ကြာပြီ ” “ မင်း လေသံက တစ်မျိုးပါလား၊ အသံဝင်နေတာလား၊ နေမကောင်းတာလား ”

Mask တပ်ပါ

Image
Mask တပ်ပါ တစ်နေ့က အပြင်သွားမလိုပြင်တော့ ကျွန်တော့်သားပြောနေတာကို တစ်စွန်းတစ ကြားလိုက်ရတယ်။ "ဟေ့ရောင် ပြည်စိုး၊ ကိုဗစ်ဖြစ်တဲ့သူတွေက ကိုဗစ်ကြောင့် သေတာ မဟုတ်ဘူးကွ " " ဟမ်၊ ဒါဖြင့် ဘာ့ကြောင့်သေတာလဲကွ "

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

Image
    လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ စကားပြောတဲ့အခါမှာပဲဖြစ်ပစေ၊ စာချရေးတဲ့အခါမှာပဲဖြစ်ပစေ လိပ်ပတ်လည်အောင် ပြောတတ် ရေးတတ်သူဟာ သူပြောတဲ့ရေးတဲ့စာကို အစ၊ အလယ်၊ အဆုံး ပြည့်စုံအောင် ပြောပြတတ် ရေးပြတတ်သူဖြစ်ပါတယ်။  တချို့က သူ ဘာပြောချင်တယ်ဆိုတာ သူကိုယ်တိုင်က ဂဃနဏ မသိထား မစဉ်ထားလို့ နားထောင်ရတဲ့သူ ဖတ်ရှုရသူဟာ အဓိပ္ပါယ်ရှင်းလင်း ပြည့်စုံအောင် မသိနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အသိရှုပ်ရင် အပြောလည်း ရှုပ်တော့တာပါပဲ။

သူငယ်ချင်းတစ်ယောက်အကြောင်း

Image
သူငယ်ချင်းတစ်ယောက်အကြောင်း   ဖူးစာမဆုံတဲ့အခါ တချို့တွေက အပျိုကြီး၊ လူပျိုကြီးအဖြစ် တစ်သက်လုံး နေသွားကြတယ်။ တချို့တချို့တွေကတော့...။ ကျွန်တော့်မှာ ကိုထက်ဆိုတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်။ အကြောင်းကြောင်းကြောင့် ငယ်ရည်းစားနဲ့လွဲပီး အောင်သွယ်နဲ့ ညားခဲ့ရတယ်။

ပညာရှိ

ပညာရှိ     လူတွေက ပညာရှိကြီးတစ်ယောက်ဆီကို မကြာခဏလာပြီး  ၎င်းတို့၏တူညီတဲ့ပြဿနာတွေကို အချိန်တိုင်း မေးတတ်ကြသည်။ တစ်နေ့တွင် သူက ရယ်စရာအကြောင်းအရာတစ်ခုကို သူတို့အားပြောပြသည်။ လူတိုင်း ကျယ်လောင်စွာ ရယ်မောကြသည်။     နောက်နှစ်မိနစ်လောက်ကြာပြီးနောက် သူက ထိုရယ်စရာအကြောင်းအရာကိုပင် ထပ်ပြောသည်။ သူတို့ထဲမှ တချို့သာ ပြုံးကြတော့သည်။     သူ တတိယအကြိမ်အဖြစ် ထိုရယ်စရာအကြောင်းအရာကို ထပ်ပြောပြသည့်အခါမှာတော့ မည်သူမျှ မရယ်ကြတော့ချေ။     ထိုအခါတွင်မှ ပညာရှိကြီးက ပြုံး၍ပြောသည်မှာ " သင်တို့တတွေ ရယ်စရာတစ်ခုကို ထပ်ခါထပ်ခါ ပြောနေရင် မရယ်ချင်ကြတော့ဘူးနော်။ ဒါဆို ဘာ့ကြောင့်များ ပြဿနာတူတူတွေကို တွေ့တိုင်း အမြဲတမ်း ငိုကြွေးနေကြတာပါလိမ့် ..." (မှတ်ချက်။ စိုးရိမ်ပူပန်စိတ်သည် ပြဿနာကို မဖြေရှင်းနိုင်ချေ။ ၎င်းသည် သင်တို့၏ အချိန်နှင့် စွမ်းအားကို ဖြုန်းတီးရုံသက်သက်သာဖြစ်တော့သည်။) ရှဥ့်ညိုလေး (၈.၂.၂၀၂၁ နေ့လည် ၁း၂၈ မိနစ်) The Wise Man People have been coming to the wise man, complaining about the same problems every time. One day he told them a joke and everyone roa...

ဝမ်းနည်းနေတဲ့ ညနေ

Image
  ဝမ်းနည်းနေတဲ့ ညနေ နှစ်တိုင်း ဆွမ်းကုသိုလ် လုပ်ဖြစ်တဲ့၊ လပြည့်တိုင်း ဆွမ်းချိုင့်လှူနေကျဖြစ်တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ဘုရား ဒီနေ့ ပျံလွန်တော်မူတယ်။ ဆေးရုံတက်ရတဲ့သတင်း ကြားရကတည်းက စိတ်ထဲ မကောင်းဘူး။ နောက်ပြီး ဆရာ ကျော်ကျည်ခိုင်(ဒီပဲယင်း)ဆုံးကြောင်း ဒီနေ့ညနေမှ သိရတယ်။ ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်းမိတ်ဆက်ပွဲတိုင်း တက်ပေးတတ်တဲ့ဆရာ အမှတ်(၁၆)မှာ မတက်ပေးနိုင်တော့ဘူးပေါ့။ ဆရာ၊ ဆရာမများအားလုံး၊ လေးစားချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြပါစေ။ ကျွန်တော့်ပေ့ခ်ျမှာ တင်သမျှ ဖတ်ပေးနေကြတဲ့ စာဖတ်သူအားလုံး ကျန်းမာချမ်းသာပြီး ဘေးကင်းပျော်ရွှင်ကြပါစေ...။   ရှဥ့်ညိုလေး (26.1.2021 6:22pm)