ဖန်မီးအိမ်

ဖန်မီးအိမ်

ဖန်မီးအိမ်သည်

ကြောင်လိမ့်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ

ထွန်းတင့်နိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်

တိမ်လွှာကိုစား၊ လရထားဖြင့်

ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်

သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်

ညှိထွန်းနိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်

မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်

လမ်းပျက်တူရူ၊ လျှောက်လာသူကို

အားကူမျှသာ ထွန်းမည်တည်း။

သူ့အဆင်းသည်

နေမင်းပမာ၊ သော်တာအလား

မဝင်းငြားလည်း၊ သူ့အား သူ့မာန်

သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ

ဤလောကကို

အလှဆင်လိုဟန်တကား။                  

တင်မိုး

(ကဗျာပေါင်းချုပ် ၁၊ စာမျက်နှာ ၅)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း