သူဇာပျို့


သူဇာပျို့

၇၀။ ဘွားတော်ရင်သွေး၊ ဆင့်ကာမွေးသည်၊ ဖြူမွှေးခုနှစ်ဦးတည့်လေ၊ ယဉ်မျိုးလောက်ဖြင့်၊ ရွှန်းမြိုက်ရွှင်သည်၊ လသွင်ထွန်းရောင်၊ မြူတည့်လေ။ ။ ကျူးသည်စတေ၊ ထိပ်ဗွေတင်ထား၊ ခုနှစ်ပါးတွင်၊ နှောင်းဘွားမြင်မြော်၊ ရှင့်မယ်တော်ကား၊ အဟော်ဝတ၊ အလှပေါင်းစု၊ ယဉ်နုရာမှာ၊ ကျူးကာမက၊ ကျော်ပြန်လှလျက်၊ မိုးမှမြင့်မောက်၊ အထွတ်ရောက်၍၊ ထက်အောက်မိုးမြေ၊ ဘုံနေနတ်လူ၊ မြင်ဘူးသူသည်။ ။ လဟူတည့်ထွန်းပ မျက်နှာတော်၊ မြင်မြော်တည့်ရေးရေး၊ ရှည်မြင့်ဝေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း