သူဇာပျို့

သူဇာပျို့

၇၁။ အိမ်ရှေ့ဦးကိုင်၊ ယဉ်မျိုးပိုင်သည်၊ နိုင်သည်ထိပ်ချာ၊ ကိုပလေ။ ။ ရှေးကဆရာ၊ ထားခဲ့မှာသည်၊ သိုက်စာတကယ်မှန်လှလေ။ ။ ဂိရိရွှေတောင်၊ အုပ်စိုးဆောင်သည်၊ ဘုန်းခေါင်မဟာ၊ ဥပရာဟု၊ သိုက်စာမမှား၊ မှန်သောအားဖြင့်၊ တင်ထားထိပ်ပေါ်၊ ခမည်းတော်နှင့်၊ လှကျော်ရောင်ဆင်း၊ မယ်တော်မင်းလျှင်၊ ဘုန်းချင်းဆုံင်၊ စံကြချင်၍၊ သခင်သလေး၊ နုကွေးလွေးကို၊ မွှေးသည့်ပန်းသွင်၊ မျက်နှာမြင်သည်။ ။ ဥကင်တည့်စိုး၊ ညွန့်ပြူစကာ၊ ဆိတ်စာတည့်ကွေးလွေး၊ မင်းသလေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း