သူဇာပျို့
၇၃။ ယင်းသို့စသည်၊ ကျူးမြည်သံညင်း၊ ဘွဲ့ဧချင်းနှင့်၊
မတင်းနေကျ၊ မွေးဘဘုန်းရှိ၊ မွေးမိဘုန်းကျော်၊ အိမ်တော်သူလုံး၊ ချစ်ကုံးရစ်သီ၊
ချီလည်းမင၊ နမ်းမဝတည့်၊ ယုယတုံတုံ၊ ချစ်မျိုးပုံ၍၊ ချစ်ကုံပေါင်းစု၊
ကသိုဏ်းပြုလျက်၊ မျက်ရှုကာကာ၊ မြင့်ရှည်ကြာသော်၊ အခါတပါး၊ မင်းဖျားပဝရ၊
ရာဇိန္ဒဝယ်၊ တရားအရာ၊ လိမ္မာနားဝင်၊ ကျွမ်းလှကျင်ဟု၊ စီရင်နေကြ၊ ဆုံးဖြတ်ရသည်၊
ရာဇိန္ဒရာဇဂုရု၊ ယဉ်နုဘွဲ့မည်၊ ပုဏ္ဏားသည်လျှင်၊ ပိတ်ထည်ခါသာ၊ မာတရဘက်၊
ငွေရွက်စားများ၊ တန်ဆိုးစား၍၊ နိုင်သားရှိလျက်၊ နှိပ်စက်ရှုံးစေ၊ ဆင်ခြေမလှ၊
ရှံးရမည်သူ၊ နိုင်စေဟူ၍၊ ကောင်ယူကတ်လတ်၊ ဓမ္မသတ်ကျမ်း၊ မိန့်တော်တမ်းလျက်၊
စဉ်လှမ်းစွဲသုံး၊ စီရင်ထုံးကို၊ နှလုံးမထား၊ လောဘအားဖြင့်၊ မှောက်မှားစီရင်၊
အလွဲဆင်သော်၊ တိုင်းခွင်ဝန်းလျား၊ ပြည်သူများဘို့၊ မင်းနားရောက်တိုင်၊ မပေါက်နိုင်ရှာ၊
ကြံရာခဲအင်၊ ကြွေးတင်ကျွန်ဖြစ်၊ သားနစ်-မြေးမွှန်း၊ ကြေးပန်း-ငွေကုန်၊
ဆူမှုန်ဝမ်းမှာ၊ မသက်သာလျက်၊ မိစ္ဆာနှောင့်ရှက်၊ ပုဏ္ဏားဖျက်၍၊ အောင်ချက်ရွှေပြည်၊
ပျက်တော့မည်ဟု၊ ကမြည်ညည်းညည်း၊ စိုးရိမ်သည်းသည်။ ။ မနည်းကာလ ရှည်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment