သူဇာပျို့

သူဇာပျို့

၇၂။ တကျူးကျော်ကျော်၊ စက်မွေ့ပျော်အောင်၊ ဖျော်ပါလျက်ကို၊ ဘယ်ဘက်ပြုလေ။ ။ စက်လိုဘဲသာ၊ ကြာတောင်းကြာသည်၊ ထိပ်ချာပုလီပုလုလေ။ ။ နီနီတွေးတွေး၊ ခြေသလေးကို၊ ကွေးချေဆန့်ချေ၊ မနေမနား၊ ကန်သည်အားနှင့်၊ ညံ့ထွားပန်းနှယ်၊ လက်နုနယ်ကို၊ ဘယ်မှာဓန၊ လှုပ်တော့စေသာ၊ ထိပ်ချာပုလု၊ သည့်နှယ်ပြုလျှင်၊ သွေးစုနီတွေး၊ ပါးသလေးကို၊ စုဝေးစေ့င၊ နမ်းရချည့်ကို၊ ငိုနှင့်သို့လျှင်၊ တကယ်ပင်သည်။ ။ ဥကင် နောင်ဆက်စိုးမည့်သူ၊ ဘုန်းလူတည့်လှိုင်းဧ၊ ပျံ့ပျံ့မွှေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း