Posts

ဘကြီးဖြိုးပြောသော ပုံပြင်များ

Image
ဘကြီးဖြိုးပြောသော ပုံပြင်များ         ယနေ့ ဥပုသ်နေ့ဖြစ်သည်။ ဒီတစ်ပတ် ဥပုသ်တော့ အမယ်ကြီးစံ မလိုက်နိုင်တော့တာ သေချာသည်။ ဒူးနာနေသောကြောင့် ဖြစ်သည်။ တူမ၏သမီးဖြစ်သူ မသက်ကို ကျောင်းလိုက်ပို့ခိုင်း၍ ဖြစ်သော်လည်း ကြာကြာမထိုင်နိုင်သောကြောင့် အိမ်မှာပင် နေခဲ့ရန် ပြောထားရသည်။ ဥပုသ်ယူနေကြ ကျောင်းမှ ဦးဇင်းလေးက သီလပေးပြီးသည်နှင့် တရားတိုလေးများကို ဟောကြားတတ်သေးသည် မဟုတ်လား။ ဝါတွင်းသုံးလအတွင်း ဥပုသ်စောင့် မပျက်လိုသော အမယ်ကြီးစံအတွက် အိမ်မှာပင် သီလယူကာစောင့်ရန် ဖျောင်းဖျထားရသည်။ တကယ်တမ်းပြောရလျှင် အမယ်ကြီးစံ မပါတော့ ဥပုသ် ကျောင်းသွားရမည်ကို ခပ်ပျင်းပျင်းဖြစ်နေသယောင် ဘကြီးဖြိုးတစ်ယောက် ခံစားမိသည်။           “ အဖိုးကြီး ရေမချိုးသေးဘူးလား … သီလယူသွားဖို့ ပြင်တော့လေ”

စာလုံးမပေါင်းတတ်တဲ့ ကဗျာ

Image
စာလုံးမပေါင်းတတ်တဲ့ ကဗျာ ချစ်တာထက် ပိုချစ်တဲ့အကြောင်း ဘယ်လိုစာလုံးပေါင်းမလဲ မဖြူစင်ခဲ့သူက ဖြူစင်ချင်တဲ့အခါ ရိုးသားစွာနဲ့ မရိုးသားတော့တဲ့အကြောင်း...။ မုသားရဲ့အခဟာ တန်ဖိုးကြီးလွန်းသလို အမှန်တရားရဲ့ရသကလည်း ပြင်းရှလွန်းခဲ့ အဲဒီအတွက် ငါရလိုက်တာက......။ (ပထမစာနှစ်ကြောင်းက မောင်လှမျိုးရဲ့ ကဗျာထဲကပါ)

ဇီးကွက်တစ်ကောင်အကြောင်း

Image
  ဇီးကွက်တစ်ကောင်အကြောင်း                 ကျွန်တော်က ဇီးကွက်တစ်ကောင်ပါ။ အရိုးရှင်းဆုံးပြောရရင် ခပ်ပိန်းပိန်း ဇီးကွက်တစ်ကောင်ပေါ့။ ရင်းနှီးတဲ့ သူငယ်ချင်း ဇီးကွက်တွေက ကျွန်တော့်ကို ရှေ့မှာတင် မျက်ပြူးး အူကြောင်လို့ခေါ်တယ်။ တတ်နိုင်မလားဗျာ ဇီးကွက်ပဲ မျက်လုံးပြူးမှာပေါ့။ အူကြောင်ဆိုတာကတော့ မွေးရာပါ ဟုတ်ပါဘူး။ ဒီလောကထဲ ရောက်မှပါ။ ဒီလိုနဲ့ ကလေးဘ၀ လွန်မြောက်လို့ ဇီးကွက်လားမြောက်လာတော့ ရင်တွေဘာတွေ ခုန်တတ်ရောဗျာ။ သဘောကျတဲ့ ဇီးကွက်မလေး စာလိုက်ပေး အဲလေ အဲဒီတုန်းက လိုက်ပြောတာပေါ့။ ကျွန်တော်က စာရေးမကျွမ်းပေမယ့် စာရွေးတော့ ကျွမ်းတယ်ခင်ဗျ။

ကျွန်တော်နှင့် အင်တာနက်

Image
ကျွန်တော်နှင့် အင်တာနက် ရသစာတမ်း ဒီနေ့ ကျွန်တော့် ဒေးအော့ဖ်ရက်ဖြစ်၍ မရောက်တာ ကြာပြီဖြစ်သည့် မုံရွာတောင်ရှိ ကိုစိုး လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ကေသွယ် နေမကောင်း၍ ထမင်းပင် မစားနိုင်ဆိုသော ဖေ့ဘွတ်ခ်ရှိ ကေသွယ့် စတေးတပ် တစ်ခုကြောင့် သတင်းမေးရင်း ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်ဖြစ်သည့်တိုင် ကိုယ်တိုင်မုန့်ကြော်နေသော ချွေးတလုံးလုံးနှင့် ကိုစိုးကို တွေ့လိုက်ရသည်။ နဖူးတွင် ယောင်၍ဖုနေသည့် ဘုကြီးသည် မြန်မာဆေးအစွမ်းဖြင့် ဝါထိန်နေသည်။ သူ့ရှေ့ရှိ ဆိုင်ရာဗန်းတိုင်းတွင် အီကြာကွေး၊ ပလာတာ၊ ထပ်တရာနှင့် စမူဆာများက ပုံနေသည်။ လွတ်နေသည့် စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်စဉ် ကျွန်တော့်အကြိုက် ပေါ့ဆိမ့်တစ်ခွက်နှင့်အတူ ကိုစိုးရောက်လာသည်။ ထို့နောက် အီကြာကွေးတစ်ပွဲပါ ထပ်ချသည်။ “ ဝေဖြိုး ပျောက်လှချည်လား …”

ဟာသညာဏ်ဝင် စိတ်ပျော်ရွှင်

Image
ဟာသညာဏ်ဝင် စိတ်ပျော်ရွှင်  ကမ္ဘာ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။ “ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs, Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။ “စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင် လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့ ဘ၀က သက်သာလှမယ် ...မထင်ပါဘူး။ ငရုတ်သီး ကိုသာ ထောင်းပြီး၊ စိတ်ကို မထု မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။

ဆုတောင်းလေးတွေ ပြည့်ချင်တယ်

Image
ဆုတောင်းလေးတွေ ပြည့်ချင်တယ်                 သူငယ်ချင်းရေ မင်းရော၊ ငါရောGolden Land ခေါ်တဲ့ မြန်မာပြည်မှာ နေတာနော်။ ရင်းနှီးဖော်ရွေသော၊ အပြုံးတို့များစွာ သီးပွင့်သော၊ ဘာသာတရားကိုင်းရှိုင်းသော ၀ိသေသများစွာနဲ့   နိုင်ငံတစ်ခုပေါ့။ ထူးခြားတာကတော့ လူတစ်ယောက်သေသွားရင် ၀မ်းသာတတ်တာ၊ မသေသေးတဲ့ လူတစ်ယောက်ကို သေစေဖို့ ဆုတောင်းပေးတာ။ သူငယ်ချင်းရေ မင်းဆဲနေတာကို အဆဲခံရသူ မသိပေမယ့် အနားကလူတွေကတော့ မင်းဆဲနေတာ ကို သိတယ်ဟ။ ကိုယ့်ကို ဆရာကြီးက ဆုံးမဖူးတယ်။ အပြစ်ကျူးလွန်သူထက် အပြစ်ကို မုန်းပါတဲ့။ ခုတော့

ဒဏ်ရာ

Image
ဒဏ်ရာ လုပ်ချင်တာနဲ့ လုပ်သင့်တာ ဆန္ဒနဲ့သိက္ခာ ဘယ်အရာကိုရွေးမလဲ... အများသုံးဘာသာစကားကို ဖီဆန်ခဲ့သူငါက ဆူးကိုလည်း မကြောက်ခဲ့ဘူး ခူးလို့လည်း မပန်ချင်ခဲ့ ငေးကြည့်ရုံသက်သက်နဲ့ ရောင့်ရဲဖို့ ကြိုးစားနေသူပါ။ လူထဲကလူပဲ ဆန္ဒကိုဦးစားပေးမိတော့