Posts

ကြယ်မြည်သံ

Image
ကြယ်မြည်သံ           ဇာတ်လမ်းကို အဆုံးသတ်သင့်ပြီ မဟုတ်လား။ ရှေ့ဆက်မရတော့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သူရပ်တန့်ခဲ့တာ ကြာပြီပဲလေ။           ပိတ်လှောင်နေတဲ့အခန်းထဲကနေ အပြင်ကို ချောင်းကြည့်ဖို့ ပြတင်းပေါက်ကြီးကြီး မလိုပါဘူး။ လှောင်ပိတ်နေတဲ့ ခံစားချက်ကနေ လွတ်မြောက်ဖို့ဆိုရင်တော့ ဒီအခန်းထဲက ခေတ္တခဏထွက်သွားဖို့ လိုတယ် မဟုတ်လား။ အတွေးနှင့်အတူ ညနေစောင်းတုန်းက နေစူး၍ စေ့ထားသည့် ပြတင်းပေါက်ကို တွန်းဖွင့် လိုက်သည်။ သုတ်ခနဲဝင်လာသည့် လေအေးနှင့်အတူ ပြတင်းတစ်ချပ်က ပြန်ပိတ်လာသဖြင့် လက်နှင့်တွန်းထုတ်လိုက်ရသည်။ ပြန်ပွင့်သွားသည့် ပြတင်းတံခါးနှင့်အတူ အပြင်မှာ မြည်နေသည့် ပိုးကောင်မွှားကောင်တို့၏ အသံကို သတိပြုမိတော့သည်။ ခပ်လှမ်းလှမ်းမှ ကျစ်…ကျစ်…ကျစ်…ကျစ် နှင့် မြည်နေသော အသံကို ဟိုးကလေးဘဝတုန်းက ကြယ်မြည်သံဟု မည်သူမျှ မပြောဘဲနှင့် ထင်မြင်ခဲ့ဖူးသည်။

ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား

Image
ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား ရသစာတမ်း           မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတစ်ချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။ ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ မျက်လုံးများစွာကို စူးစမ်းပြီးသည့်နောက်မှာတော့ သိလာသော အရာတစ်ခုရှိသည်။ အလှတရား   ဖြစ်သည်။ မျက်လုံးသည် စိတ်၏ပြူတင်းပေါက် ဆိုသော်ငြား ပြူတင်းပေါက်မှ မြင်ရသည့်စိတ်ကို ဝိုးတဝါး မြင်မိယုံမှအပ ကောင်းစွာအကဲမခတ်တတ်ခဲ့ သည်မှာ သေချာသည်။ ရိုးသားစွာဝန်ခံရလျှင် လူကဲခတ်သည့် နေရာတွင်ကျွန်တော် အတော်လေးကို ညံ့ပါသည်။ သူငယ်ချင်းတစ်ယောက် အစဆွဲထုတ်လာသည်နှင့် မျက်လှည့်ဆရာရှေ့ရောက်နေသည့် ဆယ်နှစ်သားလေးလို အံ့သြဘနန်းနှင့် သူ့နှပ်ကြောင်းအတိုင်း လိုက်ခဲ့မိသည်။ အဆုံးသတ်ရောက်မှ ကိုယ့်နှဖူး တူနှင့်နှက်နေမှန်း သိလိုက်ရသည်။ တစ်ခါတစ်ရံတော့ ဂျိုကိုင်၍ ဝပ်ထရိန်း တိုင်ပေးနေမှန်...

အောင်တော့မယ်...

Image
                                        အောင်တော့မယ်... ဆေးကျောင်းတွင် လူတွေ့ စစ်မေးပွဲ ပြုလုပ်နေသည် ။ " ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာများ " ကိုဖော်ပြရန် ဆရာက ကျောင်းသားတစ်ဦးကို ပြောသည် ။ ဘေးနားက ကျောင်းသားက  " ဆံပင်ကျွတ်တယ်..၊ ခြေထောက်ခွင်တယ်..၊ ဗိုက်ပူတယ် " 

ဗိုလ်ချုပ်အောင်ဆန်း

Image
ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပ န်) မသိ၍ ဆို၊ မလို၍ ပြော။ သူ့စိတ်မှာ အလွန်ယဉ်လို့၊ သူ့ညာဉ်မှာ အလွန်သန့်တယ်၊ ထူးချွန့်သဘော။

ဆောင်းကြာဖြူ

Image
 ဆောင်းကြာဖြူ          သူမများ ဖြစ်နေမလားဆိုသည့် အတွေးကြောင့် သူ့ရင်အစုံသည် တဒိတ်ဒိတ်နှင့် အခုန်မြန်လာသည်။ ညနေခင်းရဲ့ အလင်းရောင်သည် တစ်ချိန်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် လူသားနှစ်ဦးကို မမှတ်မိနိုင်လောက်အောင်တော့ ဖျော့တော့ အားနည်းမနေခဲ့ချေ။ ဟုတ်ပါတယ် သူပါ။ မျက်ဝန်းမှပုံရိပ်တို့ကို တိကျပြတ်သားစွာ မြင်နေရသည့်တိုင် သိစိတ်၏ မယုံမရဲစိတ်ကြောင့် နှုတ်ဖျားမှ တီးတိုးရေရွတ်မိသည်အထိ ဖြစ်ရသည်။ သေချာတယ် ဒါဟာ သူ့ရဲ့တစ်ချိန်က ပန်းချီကားလေးဆိုတာ သိပ်ကိုသေချာတယ်။ ပန်းချီကားလေး၏ နွဲ့နှောင်းသည့် လှုပ်ရှားမှုကောက်ကြောင်းအားလုံးက သူ့နှလုံးအိမ်ထက်မှာ ယနေ့ထက်တိုင် စွဲထင်နေဆဲဖြစ်သည်။ သူ ဘာလုပ်ရမလဲ။ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးကြည့်သည်။ ခပ်ထုံထုံဖြစ်နေသည့် ဦးနှောက်က ခြေဖျားလက်ဖျားများ အေးစက်နေခြင်းကို ဦးစွာ သတင်းပို့သည်။ သူ့ခြေလက်တွေက ဘာ့ကြောင့်အေးစက်နေရတာလဲ။ မြစ်ပြင်ဆီမှ ခပ်ကြမ်းကြမ်း တိုက်ခတ်လာတဲ့လေကြောင့် မဟုတ်ဘူး ထင်ပါရဲ့။ အချိန်တွေကြာခဲ့ပြီပဲ။ သူဘာကြောင့် သူမနဲ့ပတ်သက်ပြီး မတည်ငြိမ်နိုင်သေးတာပါလိမ့်။ ပန်းချီကားလေးက သူ့ဘေးမှပုံရိပ်လေးနှင့် စကားတွတ်...

အတု

Image
အတု တူအောင် တုရင် တူတယ် ဒါပေမယ့် မင်းက အစစ်မဟုတ် ... ။ ရှဥ့်ညိုလေး (၅.၇.၂၁၈ နံနက် ၉း၅ မိနစ်)

ဘာ့ကြောင့် စာဖတ်သလဲ

Image
ဘာ့ကြောင့် စာဖတ်သလဲ           စာသည် လူ၌ အစားထက် အရေးကြီး၏။ ကိုယ်ခန္ဓာအတွက်စားသောအစာကို အစာဟု ခေါ်၏။ စိတ်အတွက်လည်း အစာလိုလေရာ ထိုအစာကို " စာ " ဟူ၍ ခေါ်ရလေသည်။           အဘယ်အတွက် စာကိုဖတ်အပ်ပါသနည်း။ ယခုအခါသည် ရှေးခေတ်နှင့်မတူ ကြီးပွားရေးလုပ်ငန်း ဟူသမျှ အတုအပြိုင်တွေ လွန်စွာများလေရာ ထိုအလုပ်များအကြောင်းနှင့်ဆိုင်သော စာများကို မဖတ်ချေက သိအပ်သလောက် မသိသဖြင့် ကြီးပွားရေးပြိုင်ပွဲမှာ နောက်ကျန်၍ နေတတ်ကြလေသည်။