ဘဝသင်ခန်းစာ(၅၄)
ဘဝသင်ခန်းစာ(၅၄)
ဆရာဝန်ဆီ လာတွေ့ ရင်း လူနာအမျိုးသမီး တစ်ယောက် ရုတ်တရက် ချုံးပွဲချ ငိုသည် ။
" ကျွန်မလောက် ကံဆိုးတဲ့ မိန်းမ ဒီလောကမှာ မရှိတော့ပါဘူးရှင်...ကျွန်မယောက်ျားကို ကျွန်မ ကလေး (၁၂) ယောက်မွေးပေးခဲ့တယ်..၊ အခု သူ...ကျွန်မကို မချစ်တော့ဘူးလို့  ပြောတယ်..၊ ရက်စက်လိုက်တာ ဆရာရယ်...."

" စိတ်မကောင်းမဖြစ်ပါနဲ့ ဗျာ....၊ သူ ဒီလိုပြောတာ ခင်ဗျားအတွက် ပိုတောင်
ကောင်းသေးတယ်လို့မှတ်...ခင်ဗျားပဲ စဉ်းစားကြည့်..၊ သူသာ ခင်ဗျားကို
ဆက်ချစ်နေဦးမယ်ဆိုရင် ခင်ဗျား ဘာဖြစ်မယ် ထင်လဲ.."
မူလရေးသားသူအား Credit:
(PS: တစ်ခါတစ်ခါ ကိုယ်ကံကောင်းလာတယ်ဆိုတာကို မသိလိုက်ကြတဲ့သူတွေ များတယ်။)
https://shintnyolay.weebly.com

Comments
Post a Comment