ဘဝသင်ခန်းစာ(၅၈)
ဘဝသင်ခန်းစာ(၅၈)
တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ်အတက်မှာသူ၏ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက် သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာသူပြန်ကောက်ရန် မဖြစ်နိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာကျန်နေသေးသည့် ဖိနပ်နောက်တစ်ဖက်ကို ချွတ်ကာ စောစောကဖိနပ်ကျွတ်ကျခဲ့သည့် နေရာဘက်သို့ လှမ်းပစ်ပေးလိုက်သည်။

“ဟာ...ဘာလုပ်လိုက်တာလဲ”
ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးကပြုံးပြီး
“စောစောကတစ်ဖက်တည်း ကောက်ရမယ့်သူ အခုဆိုရင် တစ်ရံရသွားမှာပေါ့ဗျာ။ အဲဒါဆို သူစီးလို့ရပြီပေါ့”
မူလရေးသားသူအား Credit:
(PS:ဒီစာစုလေးကို ကျွန်တော်တို့ တော်တော်များများ ဖတ်ဖူးပြီးသား သူများချည်းပါ။ ဒါပေမယ့် အဲလိုအခြေအနေမျိုး ကြုံခဲ့ရင်၊ ခပ်ဆင်ဆင် အဖြစ်အပျက်မျိုး ဖြစ်ခဲ့ရင် ကျွန်တော်တို့ နှစ်သက်ဖူးတဲ့ ဒီစာထဲကအတိုင်း လုပ်ခဲ့ဖူးပါရဲ့လား။ လုပ်ခဲ့ဖူးမယ်ဆိုရင် Comment လေး ရေးပေးခဲ့ပါ။ ကျေးဇူးပြု၍...)

Comments
Post a Comment